ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်တွင် ကမ်းဝေးငါးဖမ်းလှေပေါ် ရေလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

August 8, 2023

မြိတ်မြို့က ကမ်းဝေး (ဝါးလတ်) ငါးဖမ်းလှေတစ်စီးပေါ်တွင် ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းက ရေလုပ်သားတစ်ဦး ကြိုးဆွဲချသေဆုံးကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ အဆိုပါငါးဖမ်းလှေသည် ပင်လယ်ပြင်သို့ ထွက်ခွာသွားပြီဖြစ်ပြီး ငါးမဖမ်းရသေးမီ အသက် ၁၉ နှစ်ရှိ ရေလုပ်သား တစ်ဦး ကြိုးဆွဲချ‌သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လှေပေါ်လိုက်ပါခဲ့သူတို့ ပြောဆိုချက်ကို အခြေခံကာ နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။ “လှေက စထွက်တဲ့အချိန်ပဲ (ရှိ) သေး။ ပိုက်တွေတောင် မဆွဲရသေးဘူး” ဟု ၎င်းက ဆိုသည်။ လှေပေါ်၏ မည်သည့်နေရာတွင် ကြိုးဆွဲချသေဆုံးသည်ကို မသိရှိရကြောင်း အထက်ပါတာဝန်ခံက ပြောဆိုသည်။ ရေလုပ်သား သေဆုံးခဲ့သဖြင့် ကမ်းဝေးငါးဖမ်းလှေသည် ကမ်းသို့ ပြန်ဝင်လာကြောင်း သိရသည်။ အဆိုပါ ကြိုးဆွဲချသေဆုံးသူ၏ ရုပ်အ‌လောင်းအား သွားရောက်ယူဆောင်ကာ စစ်ဆေးရုံရှိ ရင်ခွဲရုံသို့ […]

ထိုင်းအမြန်လမ်းတွင် တရားမဝင် မြန်မာလုပ်သား ၉ ဦး ဖမ်းဆီးခံရ

Dawei Watch

August 8, 2023

ထိုင်းနိုင်ငံ ချိုင်းနတ်ခရိုင်ရှိ အမြန်လမ်းမတစ်နေရာတွင် တရားမဝင် အလုပ်သမားများ တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ မြန်မာအလုပ်သမား ၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၇ ရက်နေ့က ချိုင်းနတ်ခရိုင် စမ်ဖရားဒေသ ခေါက်ကယ်ဝိုရွာအနီးရှိ အမြန်လမ်းမပေါ်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ကားပေါ်တွင် အသက် ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားသမားနှင့် မြန်မာအလုပ်သမား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများသည် အသက် ၂၀ နှစ်မှ ၂၆ နှစ်အရွယ်များ ဖြစ်ကြပြီး အားလုံးတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများ မတွေ့ရှိရဟုဆိုသည်။ မြန်မာအလုပ်သမားများကို နခွန်စဝမ်ခရိုင်ရှိ တောထဲမှ အယုဒ္ဓယခရိုင် ဘန့်ပအင်းဒေသသို့ […]

ထိုင်းတွင် မြန်မာလုပ်သားများ အလုပ်လျှောက်ခ လိမ်လည်ခံရမှု ဆက်တိုက်ဖြစ်လာ

Dawei Watch

August 7, 2023

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများသည် အလုပ်ရှာဖွေပေးရန် ပွဲစားများကို ငွေကြေးကြိုတင်ပေးချေထား သော်လည်း အလုပ်ရှာမပေးဘဲ ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ရှိနေကြောင်း မြန်မာအလုပ်သမားများနှင့် AAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။ ယင်းသို့ လိမ်လည်ခံထားရသော မြန်မာအလုပ်သမား ၄၀ နီးပါးအထိရှိနေပြီး ငွေကြေအားဖြင့် ဘတ်လေးသိန်းနီးပါးအထိ ရှိနေကြောင်း AACအဖွဲ့၏ ရုံးတာဝန်ခံ ကိုနေလင်းသူက ပြောသည်။ အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်း၊ မြန်မာပွဲစားများက ပွဲစားခ ကြိုတင်ကောက်ခံခဲ့ပြီး ၂လနီးပါး ကြာသည်အထိ အလုပ်သွင်းပေးခြင်း မရှိကြောင်း ၎င်းက ဆိုသည်။ ယင်းအလုပ်သမား ၄ဝနီးပါးအနက် စမွတ်စခွန်ခရိုင် ကော့စမွတ်ဒေသရှိ မြန်မာအလုပ်သမား တစ်ဆယ်ကျော်မှာ အလုပ်လျှောက်ခ ဘတ်ရှစ်သောင်းကျော်ကို ပြန်တောင်းရာမှ တရားစွဲခံထားရကြောင်း ကိုနေလင်းသူက ပြောသည်။ အချိန် ၂လကြာသည်အထိ အလုပ်မရသဖြင့် အလုပ်လျှောက်ခပြန်ပေးရန် ဩဂုတ်လ ၅ ရက်နေ့တွင် […]

စစ်ကောင်စီတပ်ရိက္ခာသယ်ကားကို ပစ်ခတ်မှုတွင် အရပ်သားတစ်ဦးသေဆုံးဟု လောင်းလုံး PDF ထုတ်ပြန်

Dawei Watch

August 7, 2023

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် ရိက္ခာသယ်ကားကို လိုက်လံပစ်ခတ်သည့်ဖြစ်စဉ်တွင် အရပ်သားတစ်ဦး မတော်တဆကျည်ထိမှန်သေဆုံးကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဩဂုတ်လ ၇ရက်နေ့ ယနေ့ ထုတ်ပြန်သည်။ လောင်းလုံးမြို့နယ် မြခါးပတ်ရွာတွင်ရှိသော လားဘိုတောင် လေကြောင်းရန်ကာကွယ်ရေးစခန်းနှင့် စမ်းလှမ်းတောင် ပေါ်ရှိ မိုင်တဲတာဝါတိုင်စခန်းတို့အတွက် ရိက္ခာသယ်ဆောင်လာသည့်ကားအား ဩဂုတ်လ ၆ ရက် နေ့လယ်ပိုင်းက ထားဝယ်-လောင်းလုံး လမ်းပိုင်းတစ်နေရာတွင် သတင်းအရ စောင့်ဆိုင်းခဲ့ကြောင်း ဖော်ပြသည်။ ကားကို စစ်ဆေးရန် လမ်းပိတ်တားဆီးသော်လည်း မရပ်နားဘဲ လမ်းပိတ်ထားသည့် ရဲဘော်များကို တိုက်ပြီး မောင်းပြေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းကားကို လိုက်လံပစ်ခတ်ရာ အင်းဇောက်ရွာ လမ်းဆုံအနီးရှိ ဘိလိယက်ခုံဆိုင်ရှေ့တွင် ကားဘီးပေါက်ကာ ထိုးရပ်၍ ကားပေါ်မှ ဆင်းပြေးကြကြောင်း ဆိုသည်။ ဘိလိယက်ခုံ အနောက်ဘက်သို့ ထွက်ပြေးသွားသည်ကို တွေ့ရှိရသဖြင့် […]

မြိတ်တွင် ပိုင်ရှင်မဲ့အလောင်းထပ်တွေ့

Dawei Watch

August 7, 2023

မြိတ်မြို့တွင် ဩဂုတ်လ ၆ရက်နေ့က ပိုင်ရှင်မဲ့ဖြစ်နေသည့် ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ဩဂုတ်လ ၄ရက်နေ့ကလည်း အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့သဖြင့် သုံးရက်အတွင်း ပိုင်ရှင်မဲ့ဖြစ်နေသည့် ရုပ်အလောင်း နှစ်လောင်းတွေ့ရှိခြင်းဖြစ်သည်။ ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ထူးထူးတိုးကုမ္ပဏီ၏ ဆီသယ်ဘောရှိ ကျောက်ချထားသည့် ကြိုးပေါ်တွင် ရေစီးနှင့်အတူ မျောပါလာပြီး ငြိနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း နာရေးကူညီမှုအသင်း တစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။ “ရေမျောလာတာ။ ဘယ်က မျောလာတာလဲတော့ မသိဘူး။ အသက်တောင် မှန်းမရတော့ဘူး။ မျက်နှာတွေ ပျက်စီးနေပြီ” ဟု ၎င်းက ဆိုသည်။ ဩဂုတ်လ ၄ ရက်နေ့က နောက်လယ်ရပ်ကွက် တံတားတစ်ခုအနီးတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သေးသည်။ အထက်ပါအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့သည် […]

ဟွန်ဆန်၏ မွေးနေ့ပွဲသို့ သက်ဆင်နှင့် ယင်းလပ်တက်ရောက်

Dawei Watch

August 7, 2023

ရာထူးမှ နုတ်ထွက်တော့မည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ မွေးနေ့ပွဲ သို့ ထိုင်းဝန်ကြီးချုပ်ဟောင်းများ ဖြစ်သည့် သက်ဆင် နှင့် ယင်းလပ်ရှင်နာဝပ်ထရာ မောင်နှမ နှစ်ဦး တက်ရောက်ခဲ့ကြောင်း ဩဂုတ် ၆ရက်နေ့မှာ ထွက်ပေါ်လာသည့် ဗီဒီယိုအရ သိရသည်။ နှစ်ပေါင်းများစွာ ပြည်ပထွက်ခွာနေထိုင်ခဲ့သည့် သက်ဆင်သည် ကမ္ဘောဒီးယားနိုင်ငံ ၊ ဖနွမ်းပင်မြို့တွင် ကျင်းပခဲ့သည့် ဟွန်ဆန်၏ မွေးနေ့ပွဲကို တက်ရောက်ခဲ့ကြောင်း ပုံရိပ်ထွက်ပေါ်လာခြင်း ဖြစ်သည်။ သက်ဆင်၏ ကမ္ဘောဒီးယားသို့ ရောက်ရှိနေမှုသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် နိုင်ငံရေးအရ အကဲဆတ်သည့်အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်ပြီး မေလက အထွေထွေရွေးကောက်ပွဲအပြီး သက်ဆင်နှင့် ပတ်သက်သည့် ပါတီများအနက်မှ နောက်ဆုံးပါတီဖြစ်သည့် ဖွေထိုင်းက ဝန်ကြီးချုပ်တင်မြှောက်နိုင်ရန် လွှတ်တော်တွင်း ထောက်ခံမှု လုံလောက်စွာရရှိရေး ကြိုးပမ်းနေချိန်ဖြစ်သည်။ သက်ဆင်သည် ယခင်က Twitter ဟုလူသိများသော […]

လောင်းလုံး အင်းဇောက်ရွာတွင် ကားတစ်စီးပစ်ခတ်ခံရ၊ အနီးအနားခြံဝင်းထဲရှိ အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံး

Dawei Watch

August 6, 2023

လောင်းလုံးမြို့နယ် အင်းဇောက်ရွာတွင် ဩဂုတ်လ ၆ ရက် ယနေ့ မွန်းလွဲပိုင်းက စက်သုံးဆီပီပါများ တင်ဆောင်လာသည့် ကားတစ်စီး ပစ်ခတ်ခံရပြီး ယင်းနေရာအနီးရှိ နေအိမ်ခြံဝင်းထဲတွင်ရှိနေသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။ စက်သုံးဆီပီပါများတင်လာသည့်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက တားဆီးစဉ် ရပ်‌မပေးဘဲ မောင်းပြေးသည့် အတွက် နောက်ကလိုက်လံပစ်ခတ်လာကြောင်း ၎င်းတို့က ဆိုသည်။ ယင်းကားသည် အင်းဇောက်ရွာရှိ လူအချို့ရှိနေသည့် နေအိမ်ခြံဝင်းတစ်ခုရှေ့တွင် ထိုးရပ်ပြီး ကားပေါ်က အမျိုးသားနှစ်ဦး ယင်းနေအိမ်ခြံယင်းထဲသို့ ဆင်းပြေးလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားနှစ်ဦးသည် ခြံဝင်းအနောက်ဖက်ရှိ ရော်ဘာတောဖက်သို့ ထွက်ပြေးကြကြောင်း ၎င်းက ဆိုသည်။ ယင်းအမျိုးသားနှစ်ဦးကို ပစ်ခတ်ရာမှ ခြံထဲတွင်ရှိနေသည့် အသက် ၃၇ နှစ်အရွယ်ရှိ ဦးမျိုးဇော်လတ်ဆိုသူ ကျည်ထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “သေနတ်သံက […]

ရှပ် (ဂုံးချော) ယမန်နှစ်ကထက် နှစ်ဆကျော်ဈေးတက်

Dawei Watch

August 6, 2023

မြိတ်တွင် ရှပ် (ဂုံးချော) ယမန်နှစ်ကထက် နှစ်ဆကျော် ဈေးတက်လာကြောင်း ဝယ်ယူရောင်းချနေသူများထံမှ သိရသည်။ ယမန်နှစ်က ရှပ်အလုံးကြီးတစ်ခြင်းလျှင် ကျပ် တစ်သောင်းခုနှစ်ထောင်သာရှိခဲ့ရာ လက်ရှိတွင် ကျပ် သုံးသောင်းရှစ်ထောင်အထိ ဈေးမြင့်တက်လာကြောင်း ဝယ်ယူရောင်းချနေသူများက ပြောသည်။ ယင်းအပြင် ယမန်နှစ်က ရှပ်အလုံးငယ် တစ်ခြင်း တစ်သောင်းကျပ်ဝန်းကျင်သာရှိခဲ့ရာမှ လက်ရှိတွင် သုံးသောင်းဝန်းကျင်အထိ ဈေးမြင့်တက်လာကြောင်း ၎င်းတို့က ဆိုသည်။   “ဆန်၊ ဆီ အခြောက်အခြမ်း အကုန်လုံးဈေးတက်တော့ သူ (ရှပ်) လည်း ကုန်ဈေးနှုန်းအလိုက် တက်လာတာပေါ့” ဟု ရှပ်ဝယ်ယူရောင်းချသည့် အမျိုးသမီးက ပြောသည်။ ရှပ်ကောက်ယူ ငုပ်ယူရန် စရိတ်စကသည် ယမန်နှစ်ထက် ပိုမိုကုန်ကျလာသဖြင့် ရှပ်ဈေးလည်း လိုက်တက်ခြင်းဖြစ်ကြောင်း ရှပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဆိုသည်။ “အခုလှေတစ်ခါ ထွက်တဲ့စရိတ်က အရင်ကဆို နှစ်ခေါက်သုံးခေါက်စာလောက် […]