ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့က ဆရာဝန်သုံးဦးနှင့် ကျန်းမာရေးအရာရှိ ဖမ်းဆီးခံရ

Dawei Watch

August 10, 2023

ထားဝယ်မြို့အခြေစိုက် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက် လုပ်ဆောင်နေသည့် URC (University Research Co.CLL) အဖွဲ့က ဆရာဝန်သုံးဦးနှင့် ကျန်းမာရေးအရာရှိတစ်ဦး စုစုပေါင်းလေးဦး ဖမ်းဆီးခံရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ၎င်းတို့ လေးဦးကို ဩဂုတ်လ ၇ ရက်ညက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပြန်လွတ်လာခြင်း ရှိ မရှိ သိရှိရန် URC ရုံးချုပ် ဖုန်းနံပတ်အား ယနေ့ ဩဂုတ်လ ၁၀ နေ့လယ်ပိုင်းတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ URC သည် ထားဝယ်ဒေသတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့်လကလည်း ထားဝယ်ဒေသတွင် HIV လူနာများကို ကုသပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ရုံးက ဆရာဝန်တို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ URC ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့က ဆရာဝန်သုံးဦးနှင့် […]

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမည်ကိုစိုးရိမ်ပြီး ကျောက်ဝပ်ပြင် ဒေသခံများတိမ်းရှောင်

Dawei Watch

August 10, 2023

လောင်းလုံးမြို့နယ် ကျောက်နီ‌မော်ကျေးရွာက ပျူစောထီးအဖွဲ့ လွန်ခဲ့သည့်နှစ်ရက်ခန့်က တိုက်ခိုက်ခံရပြီး သေဆုံးမှုများလည်းရှိသဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးမည်ကို ကျောက်ဝပ်ပြင်ဒေသခံများက စိုးရိမ်နေကြသည်။ ကျောက်နီမော်ကျေးရွာ ပျူစောထီးအဖွဲ့မှာ ကျောက်နီမော်ရွာနှင့် ကျောက်ဝပ်ပြင်ကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာတွင် ‌မိုင်းဆွဲတိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကားထဲတွင် ဒေသတွင်းနာမည်ကြီး ပျူစောထီးခေါင်းဆောင် ဦးချစ်စန်းမောင်ပါ ပါဝင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ မိုင်းဆွဲခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ဒေသခံအချို့ကဆိုသည်။ “နှစ်ယောက်သေတယ်။ သုံးလေးယောက်ထိတယ်လို့ပြောတယ်။ သူ(ဦးချစ်စန်းမောင်)ကတော့လွတ်သွားတယ်။ မနေ့က ကျောက်နီမော်ရွာမှာ မီးသင်္ဂြိုဟ်လိုက်တယ်တဲ့။ စစ်သားတွေလည်း အယောက် ၄၀ လောက်( ကျောက်နီမော်ရွာကို) ရောက်နေတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ ပြည်သူ့ကာကွယ်ရေးဘက်ကလည်း တစ်ဦးကျဆုံးကြောင်း သတင်းထွက်နေသော်လည်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးပေ။ ထိုကဲ့သို့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ကျောက်ဝပ်ပြင်ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ် […]

နဘုလယ် ဒေသခံအချို့ကို စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးဟုဆို

Dawei Watch

August 10, 2023

နဘုလယ်ဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် ဝက်ချောင်း၊ ထိန်ကြီး၊ မူးဒူးမှ ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။ ဩဂုတ်လ ၈ ရက်နေ့က မူးဒူးရွာသားတစ်ဦးနှင့် ငါးရှာနေသည့် ထိန်ကြီးရွာသားလေးဦး ဖမ်းဆီးခံခဲ့ရပြီး ဩဂုတ်လ ၉ ရက်တွင် ဝက်ချောင်းရွာက အမျိုးသား၊ အမျိုးသမီးခြောက်ဦးခန့် အဖမ်းခံရသည်ဟု ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး နဘုလယ်ဒေသမှ ထိန်ကြီး၊ မူးဒူး၊ ဧကနိ၊ ရငဲ၊ ခမောင်းချောင်း၊ ဝက်ချောင်း ကျေးရွာများကို စစ်ကြောင်းထိုးနေသဖြင့် ယင်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “မူးဒူးလည်း ပြေးနေရတယ်။ အမျိုးတွေကို ဒီကိုခေါ်ထားရတယ်။ မနက်တုန်းကလည်း လက်နက်ကြီးလေးငါးဆယ်ချက်လောက် ပစ်တယ်ဆိုပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူများအနက် ဝက်ချောင်းရွာမှ နှစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သလို […]

ရေကြီးနစ်မြုပ်သဖြင့် ထားဝယ်ခရိုင်ရှိ လယ်များ စပါးမအောင်၊ ပျိုးပင်လည်း ဝယ်မရ

Dawei Watch

August 10, 2023

‌ထားဝယ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတွင်းရှိ စိုက်ပျိုးထားသည့် လယ်အများစု ရေလွှမ်းပျက်စီးသွားကြောင်း လယ်သမားအချို့ကပြောသည်။ ဇူလိုင်လ နောက်ဆုံးအပတ်မှစပြီး ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့သည်။ ရေကြီးရေလျှံချိန်တွင် စိုက်ပျိုးထားသည့် ပျိုးပင်ပေါက်များ ရေကြီးနစ်မြုပ်ခဲ့သဖြင့် ပျိုးမအောင်ဖြစ်ခဲ့ရကြောင်း ထားဝယ်ခရိုင်ရှိလယ်သမားအချို့ကပြောဆိုသည်။ “တော်တော်များများ လယ်သမားတွေ ပျိုးလိုက်ရှာနေကြတယ်။ မိုးကြီးတုန်းကသေသွားတာတွေကို စိုက်ဖို့၊ ဖာဖို့ပေါ့” ဟု ထားဝယ်မြို့ စောမိညိုကွင်းက လယ်သမားတစ်ဦးက ပြောသည်။ ယင်းနည်းတူ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့တွင်လည်း ရေကြီးသဖြင့် စပါးပင်များ ပျက်စီးသေဆုံးမှုများကြောင်း ဒေသခံလယ်သမားတို့က ပြောဆိုကြသည်။ “ပျိုး (ပျိုးပင်ပေါက်) ပင်က ဝယ်ရတအားခက်တယ်။ အခုက လူတိုင်းနီးပါး (စပါး) သေကြတော့ ပျိုးလိုတဲ့သူကများနေတာကိုး” ဟု သရက်ချောင်းမြို့နယ် ကဇိကျေးရွာက လယ်သူမတစ်ဦးက ဆိုသည်။ ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လယ်ဧကမည်မျှရှိသည်ကိုမူ အတိအကျ မသိရသေးပေ။ […]

ဘီးလင်းတွင် ရေဘေးကြောင့် ဒေသခံရှစ်ထောင်ကျော်ကို ကယ်ဆယ်ရေးစခန်းသို့ ရွှေ့ထားရ

Dawei Watch

August 9, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့ရှိ ဘီးလင်းမြစ်ရေမြင့်တက်လာမှုကြောင့် မြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ဒေသခံ ၈၃၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း ဘီးလင်းမြို့နယ် အတွင်းရှိ လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာမှုကြောင့် ဩဂုတ်လဆန်းပိုင်းမှစပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာကာ မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၆ အုပ်စုတို့က ကျေးရွာများတွင် ရေကြီးရေလျှံနေသည်။ ရေကြီးရေလျှံမှုကြောင့် ဩဂုတ်လ ၉ ရက်နေ့အထိ အိမ်ထောင်စု ၁၇၀၀ ကျော်တို့မှ လူဦးရေ ၈၃၀၀ ကျော်ကို ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်း ၂၉ ခုသို့ ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “လောလော ရေက တက်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်တွေ ရွာတွေအကုန်လုံးက ရေမြုပ်ကုန်တာ။ လူတွေကတော့ နီးစပ်ရာ […]

ထိုင်းတွင် ဆောက်လက်စခုံးကျော်တံတားဘောင် ပြုတ်ကျသဖြင့် မြန်မာလုပ်သားတစ်ဦး‌သေဆုံး

Dawei Watch

August 9, 2023

ထိုင်းနိုင်ငံ ချာချင်ဆောင်မြို့ ဘန့်ခဝမ်းဒေသတွင် ဆောက်လက်စ ခုံးကျော်တံတား၏ အင်္ဂတေဘောင် ခေါင်းပေါ်သို့ ပြုတ်ကျသဖြင့် မြန်မာအလုပ်သမား သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် အလေးချိန် ၅၀၀ ကီလိုဂရမ်ကျော်ရှိသော အင်္ဂတေဘောင်ပြားသည် မတော်တဆ အောက်သို့ ပြုတ်ကျစဉ် ဖြတ်သန်းသွားလာနေသော မြန်မာအလုပ်သမား၏ ခေါင်းပေါ် ပြုတ်ကျခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ အသက် ၄၃ နှစ်အရွယ်ရှိ မြန်မာအလုပ်သမားသည် ဦးခေါင်းကွဲဒဏ်ရာများဖြင့် သွေးထွက်လွန်ကာ နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ အလုပ်သမားခေါင်းဆောင်တစ်ဦး၏ ပြောကြားချက်အရ ကရိန်းကားမောင်းနှင်သူသည် ခုံးကျော်တံတားပေါ်တွင် ဘိလပ်မြေဖျော်စက်ကို အပေါ်သို့ လွှဲတင်စဉ် တံတားဘေးဘောင်ကို မတော်တဆ ထိမိသဖြင့် ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကရိန်းကားမောင်းနှင်သူ ကျွမ်းကျင်မှုမရှိဟု ယူဆရပြီး ဩဂုတ်လ […]

ရေး အစင်ရွာ လက်ဖက်ရည်ဆိုင်တွင် ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးအပါအဝင်နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

Dawei Watch

August 9, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာ လက်ဖက်ရည်ဆိုင်အတွင်း သေနတ်သမားနှစ်ဦးက ဝင်ရောက် ပစ်ခတ်မှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးပြီး သုံးဦးကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယနေ့ ဩဂုတ်လ ၉ ရက် နံနက် ၈ နာရီခွဲခန့်က အစင်စံပြကျေးရွာထိပ်ရှိ ဦးချစ်ဆွေ လက်ဖက်ရည်ဆိုင်သို့ အမည်မသိ သေနတ်သမားနှစ်ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၁၅ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ လက်ဖက်ရည်ထိုင်သောက်နေသည့် အသက် ၆၈နှစ်အရွယ် ရာအိမ်မှူး ဦးယဉ်ဝေတွင် ဦးခေါင်းနောက်စေ့၊ နောက်ကျော၊ ရင်အုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် ပစ်ခတ်ခံရသည့်နေရာတွင် သေဆုံးကြောင်း ဒေသခံတို့က ဆိုသည်။ ဦးယဉ်ဝေနှင့်အတူ ထိုင်နေသည့် အသက် ၆၂ နှစ်အရွယ် ဦးအောင်သိန်းဆိုသူလည်း ပါးနှင့် လည်ပင်းတွင် ကျည်ထိမှန် သေဆုံးကြောင်း အစင်ကျေးရွာဒေသခံတစ်ဦးက ပြောဆိုသည်။ […]

မြိတ်တွင် နေအိမ်ထဲဝင်ရောက် ဓားထောက်လုယက်ပြီး အိမ်ထဲရှိသူကို ပါးစပ်တိတ်ကပ်ကာ ကြိုးတုပ်ထားခဲ့

Dawei Watch

August 9, 2023

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စုတွင် နေအိမ်ထဲဝင်ရောက်ကာ ဓားထောက်လုယက်သွားပြီး အခန်းထဲရှိသူကို ပါးစပ်တိတ်ကပ်ကာ ကြိုးတုပ်ထားခဲ့ကြောင်း ရပ်ကွက်နေသူအချို့က ပြောသည်။ မြိတ်တောင်ကျေးရွာအုပ်စု အောင်မင်္ဂလာရပ်ကွက်တွင် လမ်းမတန်းပေါ်ရှိ နေအိမ်တစ်ဆောင်၏ ဘေးတွဲအခန်းတွင် နေထိုင်သည့် အမျိုးသမီးကို ဩဂုတ်လ ၈ ရက် ည ၇နာရီခန့်က နှာခေါင်းစည်းတပ်ထားသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ဝင်ရောက်လုယက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဓားဖြင့်ခြိမ်းခြောက်ကာ ရွှေထည်လက်စွပ်တစ်ကွင်းနှင့် ငွေသား၁၅ သိန်း စုစုပေါင်း တန်ဖိုးငွေ သိန်းနှစ်ဆယ်‌ကျော်ခန့်ကို လုယက်သွားကြောင်း ရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “ဖြစ်သွားတဲ့အချိန်က (လျှပ်စစ်) မီးသေနေလို့ ဘယ်သူမှ သတိမထားမိလိုက်ဘူး။ မိန်းလမ်းမကြီးမှာတောင် ဒီလိုလုပ်ရဲတာက ဓာတ်သိတွေပဲ ထင်တယ်” ဟု လုယက်ခံရသည့်နေအိမ်အနီး နေသူတစ်ဦးက ပြောသည်။ လျှပ်စစ်မီးပျက်နေသဖြင့် ဖယောင်းတိုင်ဝယ်ပြီး အိမ်သို့ ပြန်အဝင်တွင် လုယက်သူနှစ်ဦးက […]