ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြဝတီ-ကော့ကရိတ်လမ်း ပျက်စီးမှုကြောင့် တိုင်းအတွင်း ထိုင်းကုန်ပစ္စည်းအချို့ပြတ်လပ်ပြီး ဈေးတက်

Dawei Watch

August 11, 2023

မြဝတီ-ကော့ကရိတ် အရှလမ်းပြိုကျပျက်စီးမှုကြောင့် ကုန်ကားများ သွားလာ၍ မရသဖြင့် တနင်္သာရီတိုင်းအတွင်းတွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းအချို့ ပြတ်လပ်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် အရေးပါသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရှိ ကရင်ပြည်နယ် တောနော်ရေတံခွန်အနီး တောင်ပတ်လမ်းပိုင်းမှာ ဩဂုတ်လ ၇ ရက်နေ့က လမ်းမြေပြိုကျပျက်စီးခဲ့သည်။ ယင်း လမ်းပိုင်းပျက်စီးမှုကြောင့် ယာဉ်သွားလာမှု ယာယီရပ်ဆိုင်းထားရသဖြင့် ထိုင်းမှ ဝင်ရောက်လာသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းအချို့ ပြတ်လပ်နေရကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။ “ဆိုင်ကယ်အပိုပစ္စည်းက တော်တော်များများ ပစ္စည်းပြတ်နေတုန်းပဲ။ လမ်းပြတ် (တောက်) နေတော့ ပစ္စည်းလာရောင်းတဲ့ ကားတွေက မဆင်းလာကြသေးဘူး” မြိတ်မြို့ရှိ မော်တော်ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ ပြတ်လပ်နေသဖြင့် ပစ္စည်းတစ်ခုလျှင် အမျိုးအစားအပေါ်မူတည်ပြီး […]

မြန်မာစစ်ဘေးဒုက္ခသည်တွေ အတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှုစင်္ကြံဖွင့်လှစ်နိုင်ရေး ထိုင်းလွှတ်တော်ကို တင်ပြ

Dawei Watch

August 11, 2023

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ၊စစ်ရာဇဝတ်ကျူးလွန်မှုတွေကြောင့် ထိုင်း – မြန်မာ နယ်စပ်တလျှောက် လာရောက်ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခ‌သည်တွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးဖို့ ဒီကနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မှာကျင်းပတဲ့ ထိုင်းအောက်လွှတ်တော် အစည်းအဝေးမှာတင်သွင်းခဲ့တယ်လို့ သိရှိရပါတယ်။ မြန်မာ စစ်ဘေးဒုက္ခသည်တွေ အတွက် ထိုင်း‌- မြန်မာ နယ်စပ်မှာလူသားချင်းစာနာထောက်ထားမှုစင်္ကြံဖွင့်လှစ်နိုင်ရေး အောက်လွတ်တော်အမတ် ကန်နာဝီ ဆစ်ဘ်ဆန်( Kanvee Suebsaeng)က တင်သွင်းခဲ့တာဖြစ်ပါတယ်။ ကန်နာဝီ ဆစ်ဘ်ဆန်( Kanvee Suebsaeng) ဟာ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ ညွန့်ပေါင်းအဖြစ်ဖွဲ့စည်းထားတဲ့ ပါတီ ၈ ခု ထဲက တစ်ပါတီ ဖြစ်တဲ့ Fair Party ရဲ့ အထွေထွေ အတွင်းရေးမှူး တစ်ဦးဖြစ်သလို အောက်လွှတ်တော် အမတ်လည်းဖြစ်ပါတယ်။ […]

လောင်းလုံးတွင် ပျူစောထီးဆိုသူတစ်ဦး ပစ်သတ်ခံရ

Dawei Watch

August 11, 2023

လောင်းလုံးမြို့နှင့် စမ်းလှမ်းရွာကြားရှိ နောက်ပြင်လမ်းတွင် ဩဂုတ်လ ၁၀ ရက် မွန်းလွဲပိုင်းက အသက် ၃၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးပစ်သတ်ခံရသည်ဟု ဒေသခံခရီးသွားများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ လောင်းလုံးမြို့နယ် စမ်းလှမ်းရွာသား ကိုဂွမ်မိုးဆိုသူဖြစ်ကြောင်းသိရသည်။ လောင်းလုံးနှင့်စမ်းလှမ်းရွာကြား ရှိ လမ်းပိုင်းတစ်နေရာတွင် ဦးခေါင်းပွင့်ပြီး သေဆုံးနေသည်ကို တွေ့ရသည်ဟု ဒေသခံခရီးသွားတစ်ဦးကပြောသည်။ “လူကပက်လက် အနေအထား ဘောင်းဘီတိုနဲ့ သူ့ဘေးမှာလည်း ဆိုင်ကယ် တစ်စီးလဲနေတာတွေ့ရတယ်။ ဒဏ်ရာကတော့ အသေးစိတ်သွားမကြည့်ရဲလို့ မသိရဘူး”ဟု ၎င်းကပြောသည်။ ကိုဂွမ်းမိုးဆိုသူမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး လောင်းလုံး အထက ကျောင်းရှေ့၌ စစ်ကောင်စီတပ်ဖွဲ့နှင့်ပူးပေါင်း၍ ဒေသခံခရီးသွားများကို စစ်ဆေးအပြီး နေအိမ်ပြန်ချိန်တွင် Dawei Defense Team -DDT တပ်ခွဲ(၃) ထားဝယ်ပကဖ နှင့် Guerrilla Dawei – ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း၍ […]

အမည်စာရင်းတင်ထားသော ရွှေ့ပြောင်းလုပ်သားများ နောက်လကုန်အထိ နေထိုင်ခွင့်ပြု

Dawei Watch

August 10, 2023

အမည်စာရင်း (Name List) တင်သွင်းထားသော ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများအပါအဝင် လေးနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများကို လာမည့် စက်တင်ဘာလကုန်အထိ နေထိုင်လုပ်ကိုင်ခွင့်ကို သက်တမ်းတိုးပေးကြောင်း အစိုးရအဖွဲ့က အတည်ပြုကြေညာခဲ့သည်။  သက်တမ်းတိုးအစီအစဉ်ကို အလုပ်သမားဝန်ကြီးဌာနက ကနဦးတင်သွင်းထားခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော အစိုးရအစည်းအဝေးတွင် အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။  ပြီးခဲ့သော ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံမှ တရားမဝင် အလုပ်သမားအုပ်စု သုံးအုပ်စုကို ဇူလိုင်လ ၃၁ ရက်နေ့အထိ ယာယီနေထိုင်လုပ်ကိုင်ခွင့်ရရှိရန် အလုပ်ရှင်ကတစ်ဆင့် အလုပ်သမားစာရင်းကို တင်သွင်းခွင့်ပေးခဲ့သည်။ အုပ်စုသုံးစုတွင် အလုပ်သစ် ရှာမရရှိသေးသူများ သို့မဟုတ် သက်တမ်းတိုးရန် မမှီလိုက်သူများ၊ ဗီဇာသက်တမ်းကျော်လွန်နေသူများ (overstay) နှင့် တရားမဝင် ဝင်ရောက်လာသူများ စသောအလုပ်သမားများ အကျုံးဝင်ခဲ့ပြီး ဇူလိုင်လ ၁၅ […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းထိုး ဖမ်းဆီးနေသဖြင့် ရွာသုံးရွာဒေသခံများတိမ်းရှောင်

Dawei Watch

August 10, 2023

ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ်က ဩဂုတ်လ ၈ ရက်မှစတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာသုံးရွာမှ ထောင်နှင့်ချီသော ဒေသခံများ တိမ်းရှောင်နေကြရ ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီခန့်က ခမောင်းချောင်းရွာထိပ်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ခမောင်းချောင်း၊ ဧကနိ၊ ရငဲ စသောကျေးရွာများက ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းရွာ သုံးရွာပေါင်း အိမ်ခြေထောင်ဂဏန်းရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခုကတော့ သူတို့ (ခမောင်းချောင်းရွာက) စာသင်ကျောင်းမှာ တပ်စွဲထားလိုက်ပြီ။ နေအိမ်တွေ ဆိုင်တွေလည်း ဖျက်ဆီးခံထားရတယ်။ ဆန်ဆီရိက္ခာအကုန်ယူသွားတယ်ဗျာ။ လူတွေလည်း မရှိတော့ဘူး။ ထွက်ပြေးကုန်ကြပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အင်အားတစ်ရာကျော်ရှိသော စစ်ကောင်စီတပ်သည် […]

ကမ္ဘာ့ရွှေဈေးထိုးကျချိန် ပြည်တွင်းရွှေ တစ်ကျပ်သားကျပ်ရှစ်သောင်း ထပ်တက်

Dawei Watch

August 10, 2023

ကမ္ဘာ့ရွှေဈေးထိုးကျနေချိန် ပြည်တွင်းဈေးကွက်တွင် ရွှေတစ်ကျပ်သားလျှင် ကျပ်ရှစ်သောင်းအထိ ထပ်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လ ၁၀ ရက်နေ့လယ်အချိန် ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ခြောက်သိန်းလေးသောင်းဖြင့် ဈေးဖွင့်ထားသည်။ ယမန်နေ့ကမူ ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ငါးသိန်းခြောက်သောင်းဖြင့် အရောင်းအဝယ် လုပ်နေခြင်းဖြစ်သည်။ ကမ္ဘာ့ရွှေဈေးမှာ စံချိန်တင်ထိုးဆင်းနေပြီး တစ်အောင်စလျှင် ၁၉၁၇ ဒေါ်လာသာ ပေါက်ဈေးရှိနေသော်လည်း ပြည်တွင်းရွှေစျေးက အရှိန်ကောင်းကောင်းဖြင့် ဆက်တက်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့ကမူ တစ်အောင်စလျှင် ၁၉၄၃ ဒေါ်လာဈေးပေါက်ခဲ့သည်။ လက်ရှိပြည်တွင်းရွှေဈေးခုန်တက်သွားခြင်းမှာ ကျပ်ငွေတန်ဖိုးကျပြီး ဒေါ်လာဈေးတက်သွားသည့်အတွက် ရွှေဈေးပါ လိုက်တက်ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ဒေါ်လာဈေးတက်လို့တဲ့ရှင်၊ ရန်ကုန်မှာ ဝယ်လိုအား များတာလည်းပါမယ်”ဟု အဆိုပါ ရွှေဆိုင်ပိုင်ရှင်က ပြောသည်။ အမေရိကန်ဒေါ်လာငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ် ဝန်းကျင်မှ […]

မွန်တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်လာ၊ ယခုနှစ်အတွင်း ကလေးငယ်သုံးဦးသေဆုံး

Dawei Watch

August 10, 2023

မွန်ပြည်နယ်တွင် ဇူလိုင်လအတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှုမြင့်တက်လာပြီး ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြင့် အသက် ၁၀နှစ်အောက် ကလေးငယ် သုံးဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရှိ စာရင်းများအရ သိရသည်။ ယခု ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လကုန်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀၀ ကျော်သာရှိခဲ့ရာမှ ဇူလိုင်လတွင် နှစ်ဆမြင့်တက်ကာ ရောဂါဖြစ်ပွားသူ ၁၁၅၇ ဦးအထိ တိုးလာကြောင်း အဆိုပါစာရင်းများအရ သိရသည်။ ပည်နယ်အတွင်း၌ မော်လမြိုင်မြို့နယ်သည် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအများဆုံး မြို့နယ်ဖြစ်ပြီး ဒုတိယအများဆုံး သည် သံဖြူဇရပ်၊ တတိယအများဆုံးသည် ကျိုက်မရောမြို့နယ်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ “အဓိကက ကလေးတွေကို ခြင်ကိုက်မခံရအောင် သတိပြုကြဖို့ လိုပါတယ်။ ကလေးတွေ ဖျားနာပြီဆိုရင်လည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်မီ ဆေးကုသမှုခံယူဖို့ လိုပါတယ်” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် […]

ထားဝယ်တွင် ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့က ဆရာဝန်သုံးဦးနှင့် ကျန်းမာရေးအရာရှိ ဖမ်းဆီးခံရ

Dawei Watch

August 10, 2023

ထားဝယ်မြို့အခြေစိုက် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက် လုပ်ဆောင်နေသည့် URC (University Research Co.CLL) အဖွဲ့က ဆရာဝန်သုံးဦးနှင့် ကျန်းမာရေးအရာရှိတစ်ဦး စုစုပေါင်းလေးဦး ဖမ်းဆီးခံရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ၎င်းတို့ လေးဦးကို ဩဂုတ်လ ၇ ရက်ညက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ပြန်လွတ်လာခြင်း ရှိ မရှိ သိရှိရန် URC ရုံးချုပ် ဖုန်းနံပတ်အား ယနေ့ ဩဂုတ်လ ၁၀ နေ့လယ်ပိုင်းတွင် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။ URC သည် ထားဝယ်ဒေသတွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေးစီမံချက်ဆောင်ရွက်နေသည့်အဖွဲ့ဖြစ်သည်။ ပြီးခဲ့သည့်လကလည်း ထားဝယ်ဒေသတွင် HIV လူနာများကို ကုသပေးနေသည့် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ရုံးက ဆရာဝန်တို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။ URC ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့က ဆရာဝန်သုံးဦးနှင့် […]