ဟိန္ဒားတွင် ပျူစောထီးတစ်ဦးအသတ်ခံရပြီးနောက် ခဲရှာသူများ အလုပ်မသွားရဲတော့ဟုဆို
Dawei Watch
August 15, 2023နာမည်ကျော် ဟိန္ဒားသတ္တုမိုင်းတည်ရှိသည့် ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာအုပ်စုတွင် ပျူစောထီးတစ်ဦး ပစ်သတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီရန်ကြောက်သဖြင့် အလုပ်မသွားရဲတော့ဟု တစ်နိုင်တစ်ပိုင် ခဲရှာသူများကဆိုသည်။ ဩဂုတ်လ ၁၂ ရက်နေ့က အောက်ဟိန္ဒားရွာနေ အသက် ၅၀ ကျော်အရွယ် ပျူစောထီးအဖွဲ့ဝင် ဦးသိန်းတန်ကို လက်နက်ကိုင်တစ်စုက လာရောက်ဖမ်းဆီးသွားပြီး သြဂုတ်လ ၁၄ ရက်နေ့တွင် အလောင်းလာယူရန် မိသားစုထံ ဖုန်းဆက်အကြောင်းကြားလာကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အလောင်းလာယူဖို့ ပထမဖုန်းဆက်လာတာက ကရင်အသံနဲ့။ သူတို့( ပျူစောထီးမိသားစု) ကနားမလည်တော့ ဖုန်းချပစ်လိုက်တယ်တဲ့။ နောက်တစ်ခါဆက်လာမှ ထားဝယ်စကားနဲ့ပြောတာ။ အလောင်းကို (ဟိန္ဒား) သင်္ချိုင်းမှာလာယူဖို့ ပြောတယ်တဲ့” ဟု ဒေသခံအမျိုးသမီးတစ်ဦးကဆိုသည်။ ဦးသိန်းတန်မှာ လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း ရွာသားများကို ရန်ရှာလေ့မရှိကြောင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာတွင်မူ အခြားပျူစောထီးအဖွဲ့ဝင်တို့နှင့်အတူ လမ်းပြလိုက်ပေးလေ့ရှိကြောင်း ဒေသခံများကဆိုသည်။ ဦးသိန်းတန်ပစ်သတ်ခံရပြီးနောက် ဒေသခံတစ်နိုင်တစ်ပိုင် […]


