တနင်္သာရီတွင် အသက် ၇နှစ်အရွယ်ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျသေဆုံး
Dawei Watch
August 16, 2023တနင်္သာရီမြို့နယ် ပဝကျေးရွာအုပ်စု သက္ကကျော်ရွာတွင် ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းထဲပြုတ်ကျ သေဆုံးကြောင်း ယင်းရွာနေသူတို့မှ သိရသည်။ အဆိုပါကလေးငယ်သည် ရေတွင်းတစ်ခုတွင် ရေသွားချိုးရာမှ အချိန်အကြာမြင့်သည်အထိ နေအိမ်သို့ ပြန်မရောက် လာသဖြင့် လိုက်ရှာရာမှ ရေတွင်းထဲ ပြုတ်ကျသေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်ကြောင်း ရွာသားအချို့က ပြောသည်။ “ဆပ်ပြာခွက်က ရေတွင်းဘေးမှာ ရှိနေတယ်။ ရေတွေက နောက်နေတော့ မသင်္ကာလို့ ဆင်းငုပ်ကြည့်မှ ကလေးအလောင်းကို တွေ့ရတယ်ဗျ” ဟု သက္ကကျော်ရွာသားတစ်ဦးက ပြောဆိုသည်။ အဆိုပါ ရေတွင်းသည် ကန်ဘောင်မရှိဘဲ မြေပြင်နှင့် တပြေးတည်းရှိနေပြီး အကာအရံများမရှိသဖြင့် ရေတွင်းထဲ ပြုတ်ကျခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ယခင်ကလည်း ယင်းရေတွင်းတွင်ပင် ကလေးငယ်တစ်ဦး […]


