ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းတွင်ဟန်ဆောင်ပြန်ပေးဆွဲ၍ ငွေလိမ်တောင်းမှုများ တက္ကသိုလ်ကျောင်းသားများကို ပစ်မှတ်ထားနေ

Dawei Watch

August 17, 2023

ထိုင်းနိုင်ငံတွင် တက္ကသိုလ်ကျောင်းသားများကို ပြန်ပေးဆွဲသည့် ပုံစံဖြင့် ဟန်ဆောင်ဗီဒီယိုရိုက်ခိုင်း၍ အွန်လိုင်းငွေလိမ်တောင်းခံမှုများ ဆက်တိုက်ပေါ်ထွက်လာနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဟန်ဆောင်ရိုက်ခိုင်းထားသော ဗီဒီယိုဖိုင်များကို ကျောင်းသားမိဘများထံသို့ ပို့ဆောင်၍ အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်ငွေညှစ်မှုများ ဖြစ်ပေါ်လာနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ဘန်ကောက်မြို့ လတ်ခဘန်နယ်မြေက တက္ကသိုလ်ကျောင်းသူတစ်ဦး အဆိုပါအဖြစ်အပျက်တစ်ခုတွင် ထောင်ချောက်မိနေခဲ့သဖြင့် ရဲတပ်ဖွဲ့က ထပ်မံသွားရောက်ကယ်ဆယ်ခဲ့ရကြောင်း ဩဂုတ်လ ၁၃ ရက်နေ့တွင် ဆိုက်ဘာရဲတပ်ဖွဲ့၏ ရဲမှူးကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။ ဩဂုတ်လ ၇ ရက်နေ့တွင် ဘန်ခန်းနယ်မြေရှိ တတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦးကို လိမ်လည်သူများက ပစ်မှတ်ထား ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း ရဲမှူးကြီးက ပြောကြားခဲ့သည်။ လိမ်လည်သူများက စာတိုက်ဝန်ထမ်းများအဖြစ် ဟန်ဆောင်ကာ သူမ၏ ဘဏ်စာအုပ်ကို ရှာတွေ့ထားသည်ဟု လိမ်လည်ဆက်သွယ်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ထိုဘဏ်စာအုပ်သည် ငွေကြေးခဝါချမှုများနှင့် ပတ်သက်နေပြီး မြန်မာနိုင်ငံကူးလက်မှတ် ၁၂ အုပ်၊ […]

ဇရပ်ဆိပ်ရွာမှ ပလမြို့သို့ ဈေးလာဝယ်လေ့ရှိသည့် ဈေးသည်အမျိုးသမီးအဖမ်းခံရ

Dawei Watch

August 17, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာမှ ပလမြို့သို့ ဈေးလာဝယ်လေ့ရှိသည့် ဈေးသည်အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူမှာ မမီးကမ်းဆိုသူဖြစ်ပြီး ပလမြို့မှ အသီးအရွက်၊ သားငါးများကို ဆိုင်ကယ်ဖြင့် နံနက်ပိုင်းတွင် သွားဝယ်ပြီး ဇရပ်ဆိပ်ရွာအတွင်း တနိုင်တပိုင်ဈေးရောင်းချနေသူဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။  ယနေ့ ဩဂုတ်လ ၁၇ရက်တွင်မူ မမီးကမ်းကို ပလမြို့လမ်းဆုံ၌ စစ်ကောင်စီတပ်များက ဖမ်းဆီးသွားကြောင်း ပလမြို့ခံတစ်ဦးက ပြောသည်။   “ဒီကနေ့ ကြက်တွန်နပ် (နံနက်) ၄ နာရီလောက်မှာ အဖမ်းခံရတယ်ကြားတယ်။ ဘာကြောင့်ဖမ်းသွားလည်းတော့ မသိရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။  မမီးကမ်း ဈေးဝယ်ရန်စီးလာသည့် ဆိုင်ကယ်ကို ပလမြို့ရဲစခန်းတွင် တွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။  ဩဂုတ်လ ၁၅ ရက်နေ့က ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်နှင့် စစ်ကောင်စီနှင့် […]

ထိုင်း ကန်ချနဘူရီတွင် ကားတိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

Dawei Watch

August 17, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် အရှေ့ကမောင်းနှင်နေသော ၁၀ ဘီးတပ် သစ်တင်ကားကို ပစ်ကပ်ကားက အနောက်က ဝင်တိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးပြင်းထန်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကန်ချနဘူရီမြို့ ခရိုင်ပို့ဆောင်ရေးရုံးရှေ့ အဝေးပြေးလမ်းမပေါ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းသည်ဟုဆိုသည်။  ၁၀ ဘီးတပ် သစ်တင်ကားကို အရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီးနောက် ပစ်ကပ်ကား၏ အရှေ့ပိုင်း လုံးဝပျက်စီးသွားသည့် အနေအထားဖြင့် ရပ်တန့်သွားကြောင်း ဖော်ပြထားသည်။ ပစ်ကပ်ကား အရှေ့ခန်းတွင် လိုက်ပါလာသော မြန်မာအမျိုးသမီးတစ်ဦးသည် အသက် ၆နှစ်အရွယ် ကလေးငယ်ကို ချီလျက်သေဆုံးနေပြီး ကလေးငယ်မှာလည်း သတိလစ်နေကြောင်း ရေးသားထားသည်။ ကားထဲတွင် ပိတ်မိနေသည့် မြန်မာကားသမားနှင့် ကျန်မြန်မာအလုပ်သမားတို့ကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များက ဖြတ်စက်များအသုံးပြုကာ ကယ်ထုတ်ခဲ့ရကြောင်း ဆိုသည်။ […]

ဖမ်းဆီးခံရသည့် ဝကုန်းရွာသားရှစ်းဦး ပြန်လွတ်

Dawei Watch

August 16, 2023

ထားဝယ်အရှေ့တောဒေသကို စစ်ကြောင်းထိုးဝင်ရောက်နေသည့် စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ဝကုန်းရွာသား ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ဟိန္ဒားရွာဖက်မှ ဝကုန်းရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၅ ရက် နံနက်က ၂၃ မိုင် ရေပူချောင်းအနီးတွင်တွေ့ရှိသည့် ဝကုန်းရွာသား ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါရွာသားများမှာ လက်လုပ်လက်စား သာမန်ပြည်သူများဖြစ်ကြောင်း ၎င်းဆို့က ပြောဆိုသည်။ ယင်းနောက်တစ်ရက်အကြာ ယနေ့ ဩဂုတ်လ ၁၆ရက် နံနက်တွင် အဆိုပါရွာသားခြောက်ဦးစလုံးကို ဝကုန်းရွာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် ဝကုန်းရွာက ဇနီးမောင်နှံနှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ပြီး ဇနီးသည်ကိုမူ ပြန်လွှတ် ပေးခဲ့ကာ ခင်ပွန်းဖြစ်သူကိုမူ အနီးဝန်းကျင်ရွာဖြစ်သည့် သင်္ကန်းတုံးရွာအထိ ဖမ်းခေါ်သွားပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံအမျိုးသားတစ်ဦးက […]

အော်တစ်ဇင် ကလေးအမွှာနှစ်ဦးကို သတ်ခဲ့၍ ဖခင်ကို ထောင် ၁၄ နှစ်ချ

Dawei Watch

August 16, 2023

အော်တစ်ဇင်ရောဂါ ခံစားနေရသော အမွှာကလေးငယ်နှစ်ဦးကို သတ်ခဲ့မှုဖြင့် ဩဂုတ်လ ၁၅ ရက်နေ့တွင် စင်ကာပူတရားရုံးက ဖခင်ဖြစ်သူကို ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့သည်။  Xavier Yap အမည်ရှိသော အသက် ၅၀ အရွယ် ဖခင်ဖြစ်သူက အော်တစ်ဇင်ရောဂါခံစားနေရသော သားနှစ်ဦးကို ပြီးခဲ့သော ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် အဆုံးစီရင်သည့်အနေဖြင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှစ်ဦးမှာ သာမာန်ကလေးငယ်များနှင့်မတူညီဘဲ အာရုံကြောချို့ယွင်းမှု(အော်တစ်ဇင်)ရှိနေသော ကလေးငယ်များဖြစ်ကြသည်။ အမွှာကလေးငယ်နှစ်ဦးနှင့်အတူ ဖခင်ရော မိခင်ပါ အတူတကွ နေထိုင်ကြပြီး ကလေးငယ်များကိုပြုစုစောင့်ရှောက်ရန် အိမ်အကူတစ်ဦးကိုပါ ထပ်မံခေါ်ယူထားခဲ့သည်။ ကလေးငယ်နှစ်ဦး အော်တစ်ဇင်ရောဂါခံစားနေရသည်ကို ၎င်းတို့၏ အသက် ၂ နှစ်အရွယ်တွင် မိဘနှစ်ပါးက စတင် ရိပ်မိလာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကလေးငယ်များကို စစ်ဆေးကြည့်ရာ ၂၀၁၇ ခုနှစ်တွင် […]

ရေဖြူ ဧကနိရွာတွင် ရဟန်းတစ်ပါးနှင့် လူတစ်ဦး ပစ်ခတ်ခံရ

Dawei Watch

August 16, 2023

ရေဖြူမြို့နယ် ဧကနိကျေးရွာတွင် ရဟန်းတစ်ပါးနှင့် လူတစ်ဦး ဩဂုတ်လ ၁၅ရက်က ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဧကနိရွာအရှေ့ဘက် ဘုရားတောင်အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဧကနိအနောက်ကျောင်းတွင် သီတင်းသုံးနေသည့် ရဟန်း ဦးကုသလ အပါအဝင် အသက် ၂၆ နှစ်အရွယ်ရှိ ကိုဇင်မောင်တို့ ကျည်ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “ဘုန်းကြီးရဲ့ လည်ပင်းမှာ တစ်ချက်၊ လက်မောင်းနှစ်ချက်ထိတယ်။ လူမှာက လက်ကတီးဆုံ (ချိုင်း) မှာ နှစ်ချက်နဲ့ နောက်တစ်ချက်က အာစောင် ထုတ်ချင်းပေါက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးကုသလ တစ်ပါးတည်းသာ ဆေးကုသမှုခံယူ‌နေရပြီး ကိုဇင်မောင်မှာ စိတ်ရောဂါဝေဒနာခံစားနေရသဖြင့် ဆေးရုံ၊ ဆေးခန်းသို့ သယ်ဆောင်သွားရန် အခက်အခဲရှိသဖြင့် ဆေးကုသခွင့်မရသေးကြောင်း ဒေသခံတို့ထံမှ […]

ထားဝယ် သင်္ကန်းတုံးရွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်နေ

Dawei Watch

August 16, 2023

ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား တစ်ရာခန့်ပါသည့် စစ်ကောင်စီတပ်သည် အရှေ့တောဒေသသို့ တောလမ်းနှင့် တောင်ကြောလမ်းများကနေ စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးနေကြောင်း ဒေသခံအချို့က ဆိုသည်။ ဟိန္ဒားကျေးရွာဖက်မှ ဝကုန်းရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ဝကုန်းရွာ ၂၃ မိုင် ရေပူချောင်းအနီး‌တွေ့သည့် လက်လုပ်လက်စား ရွာသားခြောက်ဦးကို ဖမ်းခေါ်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ယနေ့ နံနက်တွင် ဖမ်းဆီးထားသူများထဲက လေးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ရွာသားနှစ်ဦးကို စစ်ကြောင်းနှင့်အတူ သင်္ကန်းတုံးရွာအထိ ခေါ်ဆောင်သွားကြောင်း သင်္ကန်းတုံးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းနောက် မွန်းလွဲပိုင်းတွင် သင်္ကန်းတုံးရွာအနီးတွင် နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားနေခြင်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ […]

ပလမြို့ရဲစခန်းအနီး အုပ်ချုပ်ရေးမှူးအိမ်အပါအဝင် နေအိမ်နှစ်လုံး မိုင်းဆွဲမီးရှို့ခံရ

Dawei Watch

August 16, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ် အပါအဝင် နေအိမ်နှစ်လုံး မိုင်းဆွဲမီးရှို့ဖျက်ဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက် နံနက် ၉ နာရီဝန်းကျင်တွင် ပလမြို့ရဲစခန်းအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကျော်သူရ၏ နေအိမ် မီးရှို့ခံရပြီး နောက်ထပ်ဒေသခံတစ်ဦးဖြစ်သည့် ဦးမျိုးမင်းဦး၏ နှစ်ထပ်တိုက်သည်လည်း မိုင်းဆွဲမီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ “မျိုးမင်းဦးအိမ်မှာက လူမနေဘူး။ ကျော်သူရ အိမ်မှာက လူရှိတယ်။ ရေချိုးခန်းထဲ ဝင်ပုန်းနေလို့ ထိခိုက်မှု မရှိဘူးလို့ သိရတယ်” ဟု ပလမြို့ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဦးကျော်သူရသည် ပလမြို့ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်ပြီး ဦးမျိုးမင်းဦးမှာ ယခင်က ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ခဲ့သူဖြစ်ပြီး လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ဆက်နွှယ်ပတ်သက်သည်ဟု သတင်းထွက်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။   “(ဦးမျိုးမင်းဦး) […]