ကလိန်အောင်တွင် လေဆင်နှာမောင်းကြောင့် နေအိမ်နှစ်လုံးအမိုးလန်ပျက်စီး
Dawei Watch
June 14, 2023ကလိန်အောင်မြို့တွင် ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းက လေဆင်နှာမောင်းကျရောက်သည့်အတွက်ကြောင့် နေအိမ်နှစ်လုံးအမိုးလန်ပျက်စီးကြောင်း ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာနထံမှ သိရသည်။ ကလိန်အောင်မြို့ အမှတ် (၄) ရပ်ကွက်ရှိ ကလိန်အောင်ဆံတော်ရှင်ဘုရားတောင်တက်လမ်းအနီးတွင်ရှိသော ဒေါ်ဇင်မာစိုး နေအိမ်နှင့် ဦးစိုးပြည့်အောင် နေအိမ်တို့ ပျက်စီးခြင်းဖြစ်ကြောင်း ကလိန်အောင်မြို့မီးသတ်ဦးဌာန ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းက ပြောသည်။ “မိုးလည်းမရွာဘူး။ လေလည်းမတိုက်ဘူး။ ရုတ်တရက်ဖြစ်တာ။ လေဆင်နှာမောင်းလို့ ဘာကြောင့်ပြောရလဲဆိုရင် သွပ်ပြားတွေ အိမ်ခေါင်းမိုးတွေ အပေါ်မှာ ဝဲပျံနေတာကို တွေ့တဲ့ အိမ်နီးချင်းတွေက ပြန်ပြောပြတယ်” ဟု ၎င်းက ဆိုသည်။ ဒေါ်ဇင်မာစိုး၏ နေအိမ်တွင် မိုးထားသည့် ၁၂ ပေ သွပ်ပြား ၁၀ ချပ်၊ ၆ ပေ သွပ်ပြား ၁ဝချပ်နှင့် ဦးစိုးပြည့်အောင်၏ နေအိမ်တန်းလျားတွင် ၁၂ ပေ […]


