စစ်ရေးအရှိန်မြင့်လာ၍ ခရီးသွားများ သတိပြုရမည့်အချက်များ ရေးပကဖထုတ်ပြန်
Dawei Watch
June 16, 2023မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ရေးအရှိန်မြင့်တက်လာနေသည့်အတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် မဖြစ်မနေခရီးသွားရပါက လိုက်နာရမည့် အချက်များကို ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်သည်။ ရေးပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ကျန်ရစ်က ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးမသွားကြရန်နှင့် မဖြစ်မနေခရီးသွားရပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တားစီးစစ်ဆေးသည့်အခါ ကြည်ဖြူစွာ လက်ခံပေးရန် ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ပြောဆိုထားသည်။ အရေးပေါ်လူနာတင်ယာဥ်များ အနေဖြင့်လည်း ညပိုင်းတွင် အရေးပေါ်မှအပ သွားလာခြင်းမပြုရန်နှင့် မော်လမြိုင်သို့ ဆန်တက်ပြီး ညအချိန်မတော် ပြန်ဆင်းလာခြင်းမျိုးမလုပ်ရန်၊ ၁ နာရီ ၈၀ ကီလိုမိုင်ထက် ပိုမမောင်းရန်လည်း မေတ္တာရပ်ခံထားသည်။ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ (၆) ကလည်း ဇွန်လ ၁၅ ရက်နေ့မှစပြီး မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ […]


