ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မွန်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် အမျိုးသမီး ၂ ဦးသေဆုံး

Dawei Watch

June 18, 2023

မွန်ပြည်နယ် ရေးမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်တို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် တစ်ရက်အတွင်း အမျိုးသမီး၂ ဦး သေဆုံးပြီး ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  ဒေသခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဇွန်လ ၁၆ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်အချိန်ခန့်က ခေါဇာအခြေစိုက် စစ်ကောင်စီ ခလရ ၃၁ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ခေါဇာမြို့နယ်ခွဲ ဝင်းတမော့(ကျောက်အိုင်)ကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ နှစ်အရွယ် မိထွေးကြည် ဦးခေါင်းကျည်ထိမှန် သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ “လက်နက်ကြီးက အိမ်ပေါ်ကျပြီး ထိသွားတယ်။ ခေါင်းထိသွားတာ ပွဲချင်းပြီးသေဆုံးသွားတယ်။ မနက်ပိုင်းမှာလည်း ပစ်သေးတယ်။ ရွာအပြင်ဘက်မှာကျတော့ ထိခိုက်မှုတော့ မရှိဘူး” ဟု ခေါဇာဒေသခံတစ်ဦးက ပြောသည်။ […]

တနင်္သာရီတွင် နှစ်ရက်ဆက် တိုက်ပွဲပြင်းထန်နေ

Dawei Watch

June 18, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွါးနေကြောင်း ဒေသခံများ ထံမှသိရသည်။ ဇွန်လ ၁၇ ရက် (မနေ့)နေ့က ပစ်ခတ်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက် ၉ နာရီဝန်းကျင်တွင်လည်း တိုက်ပွဲထပ်မံဖြစ်ပွါးနေသည်ဟု ဒေသခံများကပြောသည်။ ညောင်ပင်ကွင်းရွာအခြေစိုက် အင်အားရှစ်ဆယ်ဝန်းကျင်ရှိ စစ်ကောင်စီတပ်ရင်း ၅၆၁ က ဇွန်လ ၁၇ ရက်နေ့တွင် ဘန်လောရွာနှင့် သမီးလှရွာဘက်သို့ စစ်ကြောင်းထိုး ဝင်လာပြီးနောက် သမီးလှရွာအရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မနေ့ကတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်သည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ကပြောသည်။ “ရဲဘော်တစ်ယောက်က ပါးစပ်မှာထိတယ်။ အရပ်သားက ဗိုက်မှာရှပ်ထိတယ်။ တအားကြီး စိုးရိမ်စရာတော့ မရှိပါဘူး”ဟု ကာကွယ်ရေးတပ်နှင့် နီးစပ်သူကပြောသည်။ သမီးလှအရှေ့ရွာ တိုက်ပွဲမှာ ၆ နာရီခန့်ကြာမြင့်ခဲ့ပြီး […]

ပထမဆုံး နိုင်ငံတော်ခရီးစဉ် အဖြစ် ဂျပန်ဧကရာဇ် နာရူဟီတို အင်ဒိုနီးရှားနိုင်ငံ သို့လည်ပတ်

Dawei Watch

June 18, 2023

ဂျပန်ဧကရာဇ် နာရူဟီတို နှင့် ဧကရီ မာဆာကို တို့သည် ၎င်းတို့၏ ပထမဆုံး နိုင်ငံတော် ခရီးစဉ် အဖြစ် အင်ဒိုနီးရှားနိုင်ငံ သို့ ဇွန်လ ၁၇ ရက်နေ့တွင် သွား‌ရောက်လည်ပတ်ခဲ့သည်။  ဇွန်လ ၂၃ ရက်နေ့အထိ ကြာမြင့်မည့် အဆိုပါ ခရီးစဉ် သည် ဧကရာဇ် နာရူဟီတို ထီးနန်းဆက်ခံခဲ့သည့် ၂၀၁၉ခုနှစ် အပြီး ပထမဆုံးအကြိမ် နိုင်ငံတော်အဆင့် အလည်အပတ် ခရီးစဉ် ဖြစ်သည်။ ယင်းခရီးစဉ်တွင်း ဧကရာဇ် နှင့် ဧကရီ တို့သည် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို နှင့် ဂျကာတာမြို့အနီး နန်းတော်တစ်ခု တွင်း တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်မည့်အပြင် အင်ဒိုနီးရှား နှင့် ဂျပန် စစ်သားများကို အထိမ်းအမှတ်ပြု တည်ဆောက်ထားသည့် စစ်သင်္ချိုင်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 17, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ လ ၂၀ အတွင်း အရပ်သားခြောက်ထောင်ကျော် အသတ်ခံရ မြန်မာန်ိုင်ငံမှာ အာဏာသိမ်းပြီးနောက် လ ၂၀ ကာလအတွင်း အရပ်သားခြောက်ထောင်သုံးရာကျော် သတ်ဖြတ် ခံရတယ်လို့ နော်ဝေနိုင်ငံအခြေစိုက် အော်စလိုငြိမ်းချမ်းရေးသုတေသနအင်စတီကျု (PRIO) က ထုတ်ပြန်ပါတယ်။ စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်ကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၃၀ ရက်အထိ အခြေအနေကို သုတေသနပြုထားတာလို့ ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ စစ်ကောင်စီက အရပ်သားတွေကို အဓိက သတ်ဖြတ်သူဖြစ်ပြီး အာဏာသိမ်းမှုဆန့်ကျင်သူတွေကလည်း အများအပြားသတ်ခဲ့တယ်လို့ […]

ပုလော ပြည်ထောင်စုလမ်းတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီး ယာဉ်မောင်းတစ်ဦးသေဆုံး

Dawei Watch

June 17, 2023

ပုလောမြို့နယ် ပြည်ထောင်စုလမ်းပေါ်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးကျောက်တင်ကား မောင်းသူတစ်ဦး သေဆုံးကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုတို့က ပဝတ်ကုန်းကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးနေကြောင်း ရေးသားထားသည်။ ယင်းသို့စစ်ဆေးနေချိန် ခရီးသည်တင်ကားများနှင့် ရောနှောလိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့များက စတင်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုအတွင်း ကျောက်တင်ကားမောင်းလာသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း ထုတ်ပြန်ထားသည်။ မည်သည့်ဘက်က ပစ်ခတ်သည့်ကျည်ကြောင့် သေဆုံးသည်ကို အတည်မပြုနိုင်သေးသော်လည်း အရပ်သားသေဆုံးမှုအတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းပူဆွေးရကြောင်း ရေးသားထားသည်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုကိုလည်း မသိရသေးကြောင်းလည်း ဆိုသည်။ တော်လှန်ရေးတပ်များက လုံခြုံရေးအရစစ်ဆေးဆောင်ရွက်မှုကို ခရီးသည်ကားများအနေဖြင့် ကြည်ဖြူစွာ စစ်ဆေးခံပြီး ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ […]

ထားဝယ်အရှေ့တောဒေသ ဝကုန်းကျေးရွာအနီး တိုက်ပွဲဖြစ်

Dawei Watch

June 17, 2023

ထားဝယ်အရှေ့တောဒေသ ဝကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယနေ့ နေ့လယ် ၂ နာရီခွဲမှ ၄ နာရီကျော်အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ “အခု ဝကုန်းနဲ့ ဗဲ့မဲ့တတ်ကြားမှာကို ကျွန်တော်တို့ပိတ်ဆို့ထားတယ်။ မနေ့ကတည်းက ဖြစ်နေတာပါ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ညနေ ၄ နာရီခန့်တွင်ပြောဆိုသည်။ ဇွန်လ ၁၅ ရက်ကတည်းက ထားဝယ်မှ အရှေ့တောဒေသကိုဆင်းလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ ပကာရီကျေးရွာမှနေ၍ ရမ္မဇူနှင့် လိပ်ကြယ်ပြောင်ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ဇွန်လ ၁၆ ရက်မှစကာ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ နှစ်ရက်ဆက်တိုက် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကြောင့် ဝကုန်းရွာမှ ဒေသခံများ နေအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရသည်ဟု စစ်ဘေးရှောင်နေသည့် […]

ကယန်းသူ ဗရော်နီကာ နိုင်ပွဲဆက်ယူပြီး ရည်မှန်းရာ One Championship ဆီ ခြေတစ်လှမ်းဆက်တိုးမယ့် စိန်ခေါ်ပွဲ

Dawei Watch

June 17, 2023

မနက်ဖြန် ဇွန်လ ၁၈ ရက် တနင်္ဂနွေနေ့မှာတော့ ကယန်းသူ မွေထိုင်းလက်ဝှေ့မယ် ဗရော်နီကာ က စိန်ခေါ်ပွဲစဉ် ယှဉ်ပြိုင်ထိုးသတ်ဖို့ ရှိနေပါတယ်။ ဒီစိန်ခေါ်ပွဲမှာ ဗရော်နီကာ ရင်ဆိုင်ရမယ့် ပြိုင်ဘက်က ဗီယက်နမ် မွေထိုင်းလက်ဝှေ့မယ် ထရိုင်အူသီ ဖြစ်ပါတယ်။ ထိုးသတ်ခဲ့ပြီးသမျှ မွေထိုင်းလက်ဝှေ့ပွဲတွေမှာ ရလဒ်ကောင်းတွေ ရယူပြီး ပုံစံကောင်းရရှိနေတဲ့ ဗရော်နီကာ ဟာ နောက်ထပ်နိုင်ပွဲတစ်ပွဲ ရယူပြီး သူမရဲ့ရည်မှန်းချက်ဖြစ်တဲ့ One Championship ဝင်ရောက်ထိုးသတ်ခွင့်ရဖို့ ခြေတစ်လှမ်း ဆက်တိုးနိုင်လေမလားဆိုတာ စောင့်ကြည့်ရမယ့်ပွဲစဉ်ပါပဲ။

မြိတ် NLD လွှတ်တော်ကိုယ်စားလှယ်၏အစ်ကို စစ်ကြောရေးတွင် သေဆုံး

Dawei Watch

June 17, 2023

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၊ မြိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ အစ်ကိုဖြစ်သူကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးတွင် သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှသိရသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဇော်တင့်၏အစ်ကို ဦးတင်သန်းဦးကို ရာအိမ်မှူးနှင့်ရဲများက ဇွန်လ ၆ ရက်နေ့ ညနေတွင် အနောက်လယ်ရပ်ကွက်ရှိ နေအိမ်၌ လာရောက်ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် မိသားစုကို အလောင်းယူရန် အကြောင်းကြားခဲ့ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း ကပြောသည်။ “စစ်ရင်းမေးရင်း နှလုံးရောဂါအခံနဲ့ အမောဖောက်ပြီး သေသွားတယ်ဆိုပြီး အလောင်းလာယူဖို့လာပြောတယ်လို့ သိရတယ်” ဟု နီးစပ်သူမြို့ခံ အမျိုးသား ကပြောသည်။ ဦးတင်သန်းဦး အလောင်းကို သွားယူပြီးယင်းနေ့ မွန်းလွဲ ၂ နာရီတွင် သင်္ဂြိုဟ်ခဲ့သည်ဟု ၎င်းကဆိုသည်။ အသက် ၅၂ […]