ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မဲဆောက်တွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူ

Dawei Watch

June 19, 2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဆေးရုံကြီးတွင် မြန်မာနိုင်ငံသားများ စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ကြသည်။ ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၈ နာရီခွဲမှ နေ့လယ် ၁၂ နာရီအထိ ပြုလုပ်ကြကြောင်း ယင်းပွဲစီစဉ်သည့် Overseas Irrawaddy Association (OIA) အဖွဲ့ထံမှ သိရသည်။ သွေးလှူဒါန်းရာတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ အလုပ်သမားအဖွဲ့အစည်းများအပြင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသော ထိုင်းနိုင်ငံသားများလည်း ပါဝင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အခမ်းအနားတွင် လူဦးရေ ၁၀၀ ခန့်မှာ သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည် အသက် ၆၀ နှစ်ပြည့်ချိန်ကပင် အထိမ်းအမှတ်အဖြစ် သွေးလှူဒါန်းခြင်း၊ စကားဝိုင်းဆွေးနွေးခြင်း၊ အသိပညာပေးခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း OIA တာဝန်ရှိသူတစ်ဦးက ပြောသည်။ သို့သော်လည်း […]

မြိတ်တွင် ချိပ်ပိတ်ထားသည့်နေအိမ်ရှေ့၌ ဈေးမရောင်းရန် သတိပေးခံရ

Dawei Watch

June 19, 2023

မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ပါရမီရပ်ကွက် ပေ ၆၀ လမ်းမကြီးပေါ်ရှိ စစ်ကောင်စီက ချိပ်ပိတ်သိမ်းဆည်းထားသည့် နေအိမ်ရှေ့တွင် ဈေးမရောင်းချရန် သတိပေးခံရကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။ အဆိုပါနေအိမ်ရှေ့ မျက်နှာစာတွင် ဒူးရင်းသီးများ လာရောက်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးအား ‌ဈေးမရောင်းချရန် ဇွန်လ ၁၇ ရက်နေ့ ညဦးပိုင်းတွင် စစ်ကောင်စီဘက်က တာဝန်ရှိသူတို့ အရပ်ဝတ်ဖြင့် လာရောက် သတိပေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “ကားနဲ့လာပြီး ဖယ်ခိုင်းသွားတာ။ ဒူးရင်းသီးရှင်က ဒီနားတဝိုက်က မဟုတ်ဘူး။ ရွာဘက်ကနေ လာရောင်းတာ ထင်တယ်။ ဒူးရင်းသီးတွေက အပုံလိုက်ကြီးနဲ့ ရောင်းနေတာ” ဟု ပါရမီရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါနေအိမ်ရှေ့တွင် ဒူးရင်းသီးများ ရောင်း‌ချနေသည်မှာ သုံးရက်ခန့်ရှိပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယင်းနေအိမ်မှာ မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် […]

ထားဝယ်သပိတ်ကော်မတီ ဦးဆောင်သူ ကိုမင်းလွင်ဦး၏ဖခင် ရိုက်နှက်ဖမ်းဆီးခံရ

Dawei Watch

June 19, 2023

ထားဝယ်ခရိုင်သပိတ်ကော်မတီ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုမင်းလွင်ဦး၏ဖခင် ဦးအောင်ဖေအား စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၉ ရက် နေ့လယ်ပိုင်းတွင် ရိုက်နှက်ဖမ်းဆီးသွားကြောင်း သပိတ်ကော်မတီက ထုတ်ပြန်သည်။ လောင်းလုံးမြို့နယ် ပြင်ထိန်ကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီတပ်က ကားလေးစီးဖြင့် ရောက်လာပြီး ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “သူတို့ဝင်ဖမ်းတဲ့အချိန်မှာ ဟိုးအရင်က ကျောင်းသားသမဂ္ဂ လက်ပတ်တစ်ခုတွေ့တယ်။ နှင်းဆီရောင် အမျိုးသမီးသဂ္ဂ အင်္ကျီကတစ်ထည်တွေ့တယ်ထင်တယ်။ ဘက်ထရီအိုးနှစ်လုံးဆက်တဲ့နေရာမှာသုံးတဲ့ ကြိုးတစ်ချောင်းလည်း ရှာထုတ်လာပြီးတော့ ဒီကြိုးက အိမ်မှာသုံးလို့ မရဘူးဆိုတာ မသိဘူးလားပြောပြီး ကျွန်တော့်အဖေကို ကန်တယ်လို့ ပြောတယ်။ အဲဒါနဲ့ ဖမ်းသွားတာပေါ့” ဟု ကိုမင်းလွင်ဦးက ပြောသည်။ ကိုမင်းလွင်ဦးသည် အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းမဖက်လူထုလှုပ်ရှားမှုကို အစဉ်တစ်စိုက် ဦးဆောင်လှုပ်ရှားနေသူတစ်ဦးဖြစ်ပြီး စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ထားသူလည်း ဖြစ်သည်။ ကိုမင်းလွင်ဦး၏ ဖခင်မှာ သာမာန်လယ်သမားတစ်ဦးသာဖြစ်ပြီး […]

တနင်္သာရီတွင် သုံးရက်မြောက်တိုက်ပွဲဆက်ဖြစ်

Dawei Watch

June 19, 2023

မြိတ်ခရိုင်တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်‌‌ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ယနေ့ဆိုလျှင် သုံးရက်ရှိပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်၊သမီးလှရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် အင်အား ၈၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား ဇွန်လ ၁၇ ရက်နှင့် ဇွန်လ ၁၈ ရက်တို့တွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယနေ့ဇွန်လ ၁၉ ရက်နေ့တွင်လည်း ထပ်မံဖြစ်ပွါးနေသည်ဟု ဒေသခံများ ထံမှသိရသည်။ “ဒီနေ့လည်း နံနက် ၈ နာရီလောက်မှာ တစ်ကြိမ်ဖြစ်သေးတယ်။ အသေအပျောက်တော့ မကြားရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ ယနေ့နေ့လယ်တွင်လည်း နှစ်ဖက်ထိတွေ့ပစ်ခတ်မှုထပ်မံဖြစ်ပွား​နေပြီး ဗောဓိကမ်းကျေးရွာစစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်ဟုဒေသခံများ ကပြောသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘန်လင်ရွာဒေသခံအမျိုးသမီးကြီးတစ်ဦးလည်း ဦးခေါင်းဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကဆိုသည်။ ဇွန်လ ၁၇ ရက်နေ့ သမီးလှအရှေ့ရွာအနီးတွင် ၆ […]

မဲဆောက်တွင် မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ၁၀ နှစ်ခံကတ်ထုတ်ပေးမှုဖြင့် ထိုင်းဝန်ထမ်း ၃ ဦးကို အရေးယူ

Dawei Watch

June 19, 2023

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ၃ လကျော်ကာလအတွင်း မြန်မာနိုင်ငံသား ၇၀၀ ကျော်ကို ဆယ်နှစ်ခံကတ်လုပ်ပေးခဲ့သော မှတ်ပုံတင်ဌာနက ဝန်ထမ်း ၃ ဦးကို နေရာပြောင်းရွှေ့ အရေးယူလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသားများအား တောင်ပေါ်သားကတ် ဟုခေါ်သည့် ဆယ်နှစ်ခံကတ်ကို ပြုလုပ်ပေးခဲ့သော အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဝန်ထမ်း ၃ ဦးကို နေရာပြောင်းရွှေ့ရန် အမိန့်ထုတ်လိုက်ကြောင်း ဇွန်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်ကို ထိုင်းသတင်းဌာနများက ဖော်ပြထားသည်။ တောင်ပေါ်သားကတ် ခေါ် ဆယ်နှစ်ခံကတ်သည် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် တောင်ပေါ်ဒေသတွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာရောက် အခြေချနေထိုင်သူများ အချိန်ကြာမြင့်လာပါက နှစ်ရှည်နေထိုင်ခွင့်အတွက် ထုတ်ပေးထားသော ကတ်တစ်မျိုးဖြစ်သည်။ ယခုထုတ်ပေးထားသော မြန်မာနိုင်ငံသား ၇၀၀ ကျော်တွင် နိုင်ငံရေးအခြေအနေကြောင့် မဲဆောက်သို့ ရွှေ့ပြောင်းလာခဲ့ပြီး ဒုက္ခသည်ခံယူထားသူများ၊ […]

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

Dawei Watch

June 19, 2023

ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့ဖြစ်သော ယနေ့(ဇွန် ၁၉)တွင် စစ်အာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ကာ လောင်းလုံးမြို့နယ်တွင် ကျင်းပခဲ့ကြသည်။ စစ်အာဏာရှင်များ၏ ဖိနှိပ်အုပ်ချုပ်မှုမှ လွတ်မြောက်ရန်အတွက် ကြောက်ရွံမှုများကိုဖယ်ရှားပြီး ရဲရဲရင့်ရင့် ဆန့်ကျင်တော်လှန်သွားကြရန် တိုက်တွန်းသည့်အနေဖြင့် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုသည်။ “တကယ့်အကျဉ်းထောင်ဟာ ကြောက်ရွံမှုဖြစ်ပြီး…စစ်မှန်တဲ့လွတ်လပ်မှုဆိုတာ ကြောက်ရွံမှုကင်းမဲ့ခြင်းဖြစ်တယ်”ဆိုသည့် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုမိန့်ကိုကိုင်ဆွဲပြီး အမျိုးသမီးများ၊ လူငယ်များနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင် ချီတက်ခဲ့ကြသည်။

စစ်ကောင်စီတပ်စခန်း နှစ်ခုတိုက်ခိုက်ခံရ၊ လောင်းလုံး PDF တစ်ဦးကျဆုံး

Dawei Watch

June 19, 2023

လောင်းလုံးမြို့နယ် မြို့မရဲစခန်းနှင့် အင်းဝတောင် စစ်ကောင်စီတပ်စခန်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွင် ပကဖ အဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်ဟု ယင်းအဖွဲ့က ထုတ်ပြန်သည်။ ပြီးခဲ့သည့်ဇွန်လ ၁၂ ရက် ည ဆယ်နာရီ ခွဲအချိန်တွင် လောင်းလုံးမြို့မ ရဲစခန်းနှင့် သဲပုံရွာ အင်းဝတောင် စစ်ကောင်စီတပ်စခန်းကို ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းနှစ်ကြောင်းခွဲကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ နှစ်ဖက်အပြန်လှန်ပစ်ခတ်ချိန် မိနစ်သုံးဆယ်ခန့်ကြာပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ဆီဘူး ဆိုသူမှာ လက်နက်ကြီး မတော်တဆဖြစ်ပြီး ရှေ့တန်းတိုက်ပွဲအတွင်း ကျဆုံးခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ၏ ထိခိုက်ကျဆုံးမှုအခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း လောင်းလုံးပကဖကထုတ်ပြန်ထားသည်။ ယင်း ပစ်ခတ်မှုတွင် လက်နက်ကြီး အချက် ရေ နှစ်ဆယ်ကျော်ခန့် […]

တနင်္သာရီမြို့နယ်တွင် အမျိုးသမီးများစုပေါင်း ပြုလုပ်သည့် ပန်းသပိတ်

Dawei Watch

June 19, 2023

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ​ဒေါ်အောင်ဆန်းစုကြည် အသက် ၇၈နှစ်​မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ပန်းသပိတ် ပြုလုပ်ကြသည်။ အမျိုးသမီးများ စုပေါင်း ပြုလုပ်ကြခြင်းဖြစ်ပြီး အမျိုးသားအချို့လည်း ပါဝင်ခဲ့ကြသည်။