မလေးရှားတွင် မြန်မာလုပ်သားတစ်ဦး ကားမှတ်တိုင်တွင် ချော်လဲသေဆုံး
Dawei Watch
August 28, 2023မလေးရှားနိုင်ငံ စလန်းကောပြည်နယ် စမုံညှင်းမြို့နယ်ရှိ ကားမှတ်တိုင်တွင် မြန်မာနိုင်ငံသားတစ်ဦး ချော်လဲပြီး ဦးခေါင်းထိခိုက်မိသဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားကြောင်း ကွာလာလမ်ပူအခြေစိုက် မြန်မာလူမှုကူညီရေး အသင်းထံမှ သိရသည်။ မှတ်ပုံတင်ပါ အချက်အလက်များအရ သေဆုံးသူသည် အသက် ၃၆ နှစ်အရွယ် ကိုမြင့်ကျော်ဆိုသူဖြစ်ပြီး မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဇာတိဖြစ်ကာ လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာတွင် နေထိုင်သူဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။ ဩဂုတ်လ ၂၅ ရက်နေ့က မြို့လယ်ကားမှတ်တိုင်တွင် ပက်လက်ချော်လဲကျပြီး ဦးခေါင်းထိခိုက်ထားသည်ကို လမ်းသွားလမ်းလာတစ်ဦးက တွေ့ရှိ သဖြင့် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ မလေးရှားရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် မြန်မာအလုပ်သမား သေဆုံးနေပြီဟု ရဲတပ်ဖွဲ့ထံမှသိရကြောင်း ၎င်းက ဆိုသည်။ မြန်မာအလုပ်သမားသည် အရက်သောက်စားထားပြီး လဲကျချိန်တွင် ကားမှတ်တိုင်အဆောက်အအုံနှင့် ဦးခေါင်း ရိုက်မိကာ […]


