မောတောင်နယ်စပ်တွင် ဇနီးမောင်နှံနှစ်ဦး သစ်ပင်ပိပြီးသေဆုံး
Dawei Watch
August 30, 2023မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တွင် ဩဂုတ်လ ၂၉ရက်နေ့ မွန်းလွဲ ၁နာရီက ဇနီးမောင်နှံနှစ်ဦး သစ်ပင်ပိပြီး သေဆုံးကြောင်း တနင်္သာရီမြို့ရှိ ပရဟိတအသင်းအချို့ထံမှ သိရသည်။ မောတောင်နယ်စပ် အမှတ် ၃ ကျေးရွာရှိ ခြံတစ်ခုတွင် အဆိုပါဇနီးမောင်နှံ ငရုတ်သီးကောက်နေချိန်ခုတ်ထားသည့် ညောင်ပင်ကြီးလဲကျကာ ဖိမိခြင်းဖြစ်ကြောင်း ပရဟိတအသင်းတစ်သင်းမှ အသင်းတာဝန်ခံက ပြောသည်။ “ညောင်ပင်က ခုတ်ထားပြီးပြီ။ လဲတော့ မလဲကျသေးဘူး။ လင်မယားနှစ်ယောက်က ငရုတ်သီးကောက်နေတာပေါ့။ အဲဒီအချိန်မှာ လေတိုက်ပြီးတော့ အပင်ကလဲကျလာပြီး ဖိသွားတာပေါ့” ဟု ၎င်းက ပြောဆိုသည်။ အမျိုးသားဖြစ်သူသည် အပင်အောက်တွင် ပိနေပြီး၊ ဇနီးဖြစ်သူသည် အပင်၏ အခက်အလက်များနှင့် ရိုက်မိခဲ့ကာ နေရာတွင် သေဆုံးခဲ့ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။ သေဆုံးသည့် ဇနီးမောင်နှံနှစ်ဦးတို့သည် အသက် ၄၀ နှစ် […]


