တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ
Dawei Watch
August 26, 2023ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၁၉ ရက်နေ့မှ ဩဂုတ်လ ၂၅ ရက်နေ့အထိ ပါကစ္စတန်တွင် ကားတိုက်မှုကြောင့် အနည်းဆုံး ၂၀ ဦးသေဆုံး ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ထဲက အဝေးပြေးလမ်းဘေးမှာ ရပ်ထားတဲ့ ဗန်ကားတစ်စီးကို ဘတ်စ်ကားတစ်စီးက ဝင်တိုက်ခဲ့ပြီး မီးလောင်ခဲ့ပါတယ်။ ကားတိုက်မှုကြောင့် အနည်းဆုံးလူ ၂၀ ဦး သေဆုံးကာ ၁၁ ဦးထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဩဂုတ်လ ၂၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ ခရီးသည် ၄၀ ကျော်တင်လာတဲ့ ဘတ်စ်ကားက အဝေးပြေးလမ်းမဘေးမှာ ရပ်ထားတဲ့ ဗန်ကားကို ဝင်တိုက်မိခဲ့တာပါ။ ဗန်ကားဟာ ဆီထည့်တဲ့ စည်ပိုင်းတွေ သယ်လာခဲ့လို့ ဘတ်စ်ကားကို မီးကူးစက်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ […]


