ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကမြောကြီးတံတားအနီးမိုင်း‌တွေ့သဖြင့် စစ်ကောင်စီတပ်လာရှင်း၊ ခရီးသွားများ သုံးနာရီကြာပိတ်မိ

Dawei Watch

June 26, 2023

လောင်းလုံးမြို့နယ် ကမြောကြီးရွာ ဈေးအနီးရှိတံတားနံဘေးတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းက မိုင်းဟုယူဆရသည့်အရာ တွေ့သဖြင့် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းနေကြောင်း ခရီးသွားဒေသခံများထံမှ သိရသည်။ အဆိုပါ မိုင်းဟုယူဆရသည့် ကိရိယာကို ယနေ့ နံနက်ပိုင်းက ဈေးရောင်းဝယ်ရန်လာသည် ဒေသခံများနှင့် ခရီးသွားဒေသခံပြည်သူများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဝါယာကြိုးနဲ့ တွဲရက် ရှိသေးတယ်” ဟု ဒေသခံခရီးသွားတစ်ဦးက ပြောသည်။ ယင်းနောက် နံနက် ၁၀ နာရီကျော်တွင် အဆိုပါမိုင်းတွေ့သည့်နေရာသို့ စစ်ကောင်စီတပ်သားများ ရောက်လာပြီး ရှင်းလင်းဖယ်ရှားနေကြောင်း ဒေသခံများထံမှ သိရသည်။ မိုင်းရှင်းလင်းနေသောကြောင့် လောင်းလုံးမြို့သို့ သွားသည့်ဒေသခံများအပြင် လောင်းလုံးမြို့မှပြန်သည့် ‌ဒေသခံခရီးသွားပြည်သူများမှာ နံနက် ၁၀ နာရီကျော်မှစပြီး မွန်းလွဲ ၁ နာရီအထိ ဖြတ်သန်းခွင့်မရသေးဘဲ စောင့်ဆိုင်းနေကြရကြောင်း ခရီးသွားပြည်သူများထံမှ […]

သေဆုံးသူ အများအပြား ရှိခဲ့သည့် တရုတ်နိုင်ငံက စားသောက်ဆိုင် ပေါက်ကွဲမှု လူ ၄ ဦးကို ဖမ်းဆီး

Dawei Watch

June 26, 2023

တရုတ်နိုင်ငံတွင် စားသောက်ဆိုင်တစ်ခု ပေါက်ကွဲမှုကြောင့် လူအများအပြား သေဆုံးခဲ့ရမှုအပေါ် ဆက်နွှယ်နေသည့် လူ ၄ ဦးကို ဇွန်လ ၂၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ က ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့ တွင် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ၊ ရင်ချွမ်းမြို့ရှိ အကင်ဆိုင်တစ်ဆိုင်တွင် ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး အနည်းဆုံး လူ ၃၁ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ သုံးရက်ကြာ နဂါးလှေပွဲတော် မတိုင်မီ အကြိုအားလပ်ရက်တွင် ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကာလသည် တရုတ်နိုင်ငံမှ ပြည်သူအများစုသည် ၎င်းတို့၏ မိတ်ဆွေများနှင့် အပြင်ထွက်လည် မိတ်ဖွဲ့လေ့ ရှိသည့် အချိန် ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်အပေါ် သံသယရှိသူများတွင် ယင်းစားသောက်ဆိုင်ပိုင်ရှင်၊ ဆိုင်၏ ရှယ်ယာရှင်နှစ်ဦး အပြင် […]

သရက်‌ချောင်း၊ ရငဲရွာကို စစ်ကောင်စီတပ်က မီးထပ်ရှို့

Dawei Watch

June 26, 2023

သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် ယနေ့ ဇွန်လ ၂၆ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးထပ်ရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။ ရငဲကျေးရွာ အင်းဗူးပိုင်းနှင့် ရွာတောင်ပိုင်းတို့က ခန့်မှန်းနေအိမ် နှစ်ဆောင်ကို မီးရှို့နေခြင်းဖြစ်ပြီး မီးခိုလုံးကြီးများ တက်လာနေသည်ကို အဝေးက လှမ်းမြင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ခန့်မှန်းတာကတော့ အင်းဗူးပိုင်းထဲမှာတစ်ဆောင်၊ ရွာတောင်ပိုင်းက တစ်ဆောင်ဖြစ်မယ်။ မီးခိုတွေက အဲဒီဖက်ကနေ တက်လာနေတာဆိုတော့လေ” ဟု ၎င်းက ယနေ့ နံနက် ၁၁ နာရီခန့်က ပြောဆိုသည်။ စစ်ကောင်စီတပ်က ရငဲကျေးရွာထိပ်ရှိ မြွေတောင်တောင်ကုန်းပေါ်က ကားလမ်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ယနေ့နံနက် ၈ နာရီခန့်က ရွာထဲသို့ သေနတ်ပစ်ဖောက်ဝင်ရောက်လာကာ နေအိမ်မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ရငဲရွာထဲတွင်မူ သက်ကြီးရွယ်အို အနည်းငယ်ကလွဲပြီး တစ်ရွာလုံးနီးပါး ဘေးလွတ်ရာတိမ်းရှောင်နေရကြကြောင်း […]

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်နေသည့် အိမ်အနီးရှိ စစ်ဆေးရေးဂိတ်ပစ်ခတ်ခံရ

Dawei Watch

June 25, 2023

စစ်ကောင်စီတပ်သား မင်္ဂလာဆောင်နေသည့် ပုလောမြို့၊ မကျည်းကုန်းရွာရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့နံနက် ၈ နာရီဝန်းကျင်က မင်္ဂလာဆောင်နေသည့်အိမ်နှင့် ကပ်လျက်ရှိသည့် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရသည်ဟု ဒေသခံများ ကပြောသည်။ “နှစ်ဖက်ပစ်ခတ်မှုက နာရီဝက်လောက်တော့ ရှိမယ်။ (၂၈၅)တပ်ထဲကလည်း အော်တိုတွေနဲ့ ပြန်ပစ်ကြတာ”ဟု ဒေသခံအမျိုးသား ကပြောသည်။ မင်္ဂလာဆောင်သည့် အမျိုးသားသည် ၂၈၅ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးဟုသိရပြီး အမျိုးသမီးမှာ တပ်ရင်းအနီးနေထိုင်သည့် မကျည်းကုန်းရွာသူဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။ “ထိခိုက်မှုက ရှိချင်လည်းရှိနိုင်တယ်။ အရပ်ထဲမှာတော့ ပြောတာမကြားရသေးဘူး” ဟုဒေသခံနောက်တစ်ဦး ကပြောသည်။ မကျည်းကုန်းရွာသည် ပုလောမြို့နှင့် အနီးဆုံးရွာဖြစ်ပြီး စစ်ဆေးရေဂိတ်အနီးတွင် စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းရှိသည်။ ယင်းကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂၅ ရက်နံနက်ကလည်း အလယ်တန်းကျောင်းအုပ် NON  […]

ထားဝယ်တွင် ကြက်သွန်ဖြူဈေးတက်

Dawei Watch

June 25, 2023

ထားဝယ်ဈေးကွက်တွင် တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ကျပ်တစ်ထောင်ခန့်ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဇွန်လ ၁၆ ရက်နေ့က ထူး ၄ အမျိုးစားကြက်သွန်ဖြူတစ်ပိဿာကို ၇၅၀၀ကျပ်ဈေးရှိရာမှ ယနေ့ဇွန်လ ၂၅ ရက်နေ့တွင် ၈၅၀၀ကျပ်ခန့်ဖြစ်လာခြင်းဖြစ်သည်။ “ကြက်သွန်ဈေးက တက်နေတယ်။ ထူး ၅ အမျိုးစားက ပစ္စည်းပြတ်နေပြီ။ ရန်ကုန်၊မော်လမြိုင်က ကုန်သည်တွေပြောတာကတော့ တာချီလိတ် နယ်စပ်ဂိတ်တွေကနေ (ထိုင်း) ယိုးဒယားဖက်က ဝယ်လိုအားများနေတယ်လို့ပြောတယ်” ဟု ထားဝယ်မြို့မှ ကုန်ခြောက်ပွဲရုံပိုင်ရှင်အမျိုးသမီးတစ်ဦးကပြောသည်။ ထူး၅ အမျိုးအစားကြက်သွန်ဖြူမှာ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က တစ်ပိဿာ ၇၅၀၀ကျပ်ခန့်မှ ယနေ့ ဇွန်လ၂၅ ရက်နေ့တွင် တစ်ပိဿာ ၈၈၀၀ကျပ်ဖြစ်သွားပြီး တစ်ပတ်အတွင်း ထူး ၅ အမျိုးစား ကြက်သွန်ဖြူတစ်ပိဿာ ၁၃၀၀ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။ သို့သော်ထားဝယ်ဈေးကွက်၏ ကုန်ခြောက်ပွဲရုံအချို့တွင် ထူး […]

မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန် UFC ပထမဆုံးပွဲကို အနိုင်ရရှိ

Dawei Watch

June 25, 2023

ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရခဲ့သည့် ပွဲစဉ်ကို အနိုင်ရလဒ်ဖြင့် အစပြုလိုက်နိုင်ပြီဖြစ်သည်။ ဂျိုရွှာဗန်သည် မြန်မာပြည်ဖွားများအနက်မှနေ၍ UFC ကို ပထမဆုံး ထိုးသတ်ခွင့်ရရှိသူအဖြစ် မှတ်တမ်းဝင်ထားပြီး One Championship ကြယ်ပွင့် ကချင်တိုင်းရင်းသား အောင်လအန်ဆန်းတို့၏ဝန်းရံမှု၊ အားပေးမှုတို့ကိုလည်း ရရှိထားသူဖြစ်သည်။ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်သည် ၎င်း၏ပထမဆုံး UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်ကို ကာဇက်စတန်နိုင်ငံသား ဇူမာဂူလော့ဗ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်ပြီး အကြိတ်အနယ် အပြန်အလှန် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ပွဲစဉ်ကောင်းတစ်ပွဲဖြစ်သည်ကိုလည်း မြင်တွေ့ခဲ့ရသည်။ ဂျိုရွှာဗန်နှင့် ဇူမာဂူလော့ဗ်တို့သည် ဖလိုင်းဝိတ်တန်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ကာ သတ်မှတ်ထားသောပွဲချီပြည့်သည်အထိ တစ်ဦးကို တစ်ဦး အလဲထိုးနိုင်ခြင်း မရှိခဲ့သည့်အတွက် အမှတ်ပေးဒိုင်လူကြီးများ၏အဆုံးအဖြတ်ကို ခံယူရာတွင် အမှတ်ပေးဒိုင်လူကြီးများက ဂျိုရွှာဗန်ကို အနိုင်ပေးလိုက်ကြခြင်းဖြစ်သည်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးသော ဂျိုရွှာဗန်သည် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

June 24, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့အထိ နိုင်ငံပိုင်ဘဏ်ကြီးနှစ်ဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ပိတ်ဆို့အရေးယူ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိတဲ့ နိုင်ငံပိုင် အကြီးဆုံးဘဏ်ကြီးနှစ်ဘဏ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ပြည်ထောင်စုက ဇွန်လ ၂၁ရက်မှာ ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကြောင့် အခုလိုအရေးယူတာလို့ ဆိုပါတယ်။ နိုင်ငံရပ်ခြားကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူရာမှာ နိုင်ငံခြားငွေကြေး သုံးစွဲမှုအဆင်ပြေချောမွေ့စေရေးအတွက် အခရာကျတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူထားတာပါ။ ဒီဘဏ်တွေဟာ နိုင်ငံခြားဘဏ်စာရင်းတွေကို အသုံးပြုပြီး အခွန်ဘဏ္ဍာငွေရှာဖွေပေးတဲ့ နိုင်ငံတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို နိုင်ငံတကာဈေးကွက်နဲ့ အလွယ်တကူချိတ်ဆက်နိုင်စေခဲ့သလို စစ်ရေးကိစ္စရပ်တွေအတွက် ငွေကြေးအရင်းအမြစ် […]

အစုလိုက်အပြုံလိုက် သတ်ဖြတ်မြှုပ်နှံမှုများနှင့် လူကုန်ကူးစခန်းများကြောင့် ထိုင်း ၄ ဦး ကို စွဲချက်တင်

Dawei Watch

June 24, 2023

၂၀၁၅ခုနှစ်က ထိုင်းနှင့် မလေးရှား နှစ်နိုင်ငံကြား နယ်စပ်တွင် အစုလိုက်အပြုံလိုက် လူသတ်ကာမြှုပ်နှံမှုများ အပြင် လူကုန်ကူးသည်ဟု သံသယဖြစ်ဖွယ် ရှိသည့် စခန်းများကို ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ သံသယရှိသူ ထိုင်းနိုင်ငံသား ၄ ဦးကို မလေးရှား တရားရုံးတွင် ဇွန်လ ၂၃ရက်နေ့ တွင် စွဲချက်တင်ထားကြောင်း မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြောသည်။ ထိုင်းတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်းရှိ သစ်တောများထူထပ်သော ဒေသသည် မှောင်ခိုသမား များမှတစ်ဆင့် အရှေ့တောင်အာရှသို့ လှေဖြင့် ကူးဝင်လာသူများအတွက် အဓိက ရပ်နားရာ နေရာတစ်ခုဖြစ်ပြီး ခရီးသည်အများစုမှာ မြန်မာနိုင်ငံတွင်း ဖိနှိပ်မှုမှ ထွက်ပြေးလာသော ရိုဟင်ဂျာ မူဆလင်များနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကျဉ်းမြောင်းသော ဒုက္ခသည်စခန်းများမှ ရုန်းထွက်လာသူများ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် အဆိုပါ ဒေသ၏ ထိုင်းနိုင်ငံ […]