ကံပေါက်ကျေးရွာရှိ စစ်ကောင်စီတပ်ရင်းရှိသည့် ရပ်ကွက်တွင် ပေါက်ကွဲမှုဖြစ်
Dawei Watch
June 28, 2023ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ စစ်ကောင်စီတပ်ရင်းရှိသည့် ရပ်ကွက်ဘက်ခြမ်းတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၂၇ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် ပေါက်ကွဲသံနှစ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပြီး အဆိုပါပေါက်ကွဲသံမှာ အမှတ် ၂၇၃ ခြေလျင်တပ်ရင်း တည်ရှိသည့် သီရီမင်္ဂလာရပ်ကွက်ဘက်ခြမ်းက ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ပထမတစ်ချက်က အတော်ကြမ်းတယ်။ နောက်လေးငါးမိနစ်နေတော့ တစ်ချက်ထပ်ကြားရတယ်။ ပြီးတာနဲ့ သေနတ်သံ နှစ်ချက်ဆင့် ဆက်တိုက်ကြားရတယ်။ အရင်က ရွာမှာ ဗုံးတွေဘာတွေပေါက်တာ ကြုံဖူးတယ်။ အခုလောက်အသံမကျယ်ဘူး။ အခုကတစ်ရွာလုံး ကြားကြတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောသည်။ မည်သည့်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွားသည်ကိုမူ လတ်တလော မေးမြန်းစုံစမ်းနေဆဲသာ ရှိသေးသည်။ ကံပေါက်ရွာထဲတွင်မူ ယနေ့နံနက်ပိုင်း ဒေသခံများ ပုံမှန်အတိုင်းသွားလာနေကြဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ပေါက်ကွဲမှုနှင့်ပတ်သတ်ပြီး လိုက်လံစစ်ဆေးခြင်းမျိုး မတွေ့ရသေးကြောင်း ဒေသခံတို့က […]


