ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလော ရွာသုံးရွာတွင် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ၊ လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

Dawei Watch

September 9, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူငယ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က လက္ကူးရွာ သဲပြင်တန်းရပ်ကွက်သို့ လက်နက်ကြီးကျည် လေးလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။ “သဲပြင်တန်းဖက်ကျပြီး ယောင်္ကျားငယ်တစ်ယောက် သေတယ်။ နောက် ယောင်္ကျားလေးနဲ့ ကောင်မလေး တစ်ယောက်ထိတယ်။ တစ်ယောက်ကတော့ ဆေးရုံပို့လိုက်ရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ သေဆုံးသူမှာ အသက် ၂၀ ကျော်အရွယ် ကိုမြတ်ဖြိုးဝေဆိုသူ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လက်နက်ကြီးကို ပုလောချောင်းဝတွင် ရပ်နားထားသည့် ရေတပ်စစ်သင်္ဘောမှ ပစ်ခတ်သည်ဟု ပြောဆိုသူများရှိသလိုပုလောမြို့ (၂၈၅) တပ်ရင်းက ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံများက ဆိုသည်။ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက္ကူးရွာတွင် ကျည်လေးလုံး၊ မြဒေါင်ရွာတွင် […]

လောင်းလုံးတွင် ပျောက်ဆုံးနေသည့်ကလေးငယ်ကို တောထဲတွင် အသက်ရှင်လျက်ပြန်တွေ့

Dawei Watch

September 9, 2023

လောင်းလုံးမြို့၊ (က) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့က နေအိမ်မှ ပျောက်ဆုံးသွားသည့် ကလေးငယ်ကို အသက်ရှင်လျက်ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ကလေးပျောက်ဆုံးချိန်ကစပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် မြို့ခံပရဟိတလူငယ်များ ပူးပေါင်းရှာဖွေခဲ့ရာ တစ်ရက်အကြာ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ပြန်လည်ရှာဖွေတွေ့ရှိကြောင်း ရှာဖွေကူညီသူများက ပြောသည်။ နေအိမ်မှ ၇ မိုင်ခန့်အကွာ ဒေသအခေါ် ရှစ်ငါးပင်တောင်ခြေရှိ ကျောက်ဖျာပေါ် ထိုင်လျက်တွေ့ရှိရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ယူသူတစ်ဦးက ဆိုသည်။ “တောနက်ကြီးထဲမှာ ပြန်တွေ့တယ်။ ပြင်ပဒဏ်ရာ ဘာမှမရှိပါဘူး။ တော်တော် ထူးဆန်းတယ်” ဟု ၎င်းက ပြောဆိုသည်။ ကလေးငယ်မှာ လမ်းလျှောက်တစ်ခါစ အသက် တစ်နှစ်နှင့် ရှစ်လအရွယ်ဖြစ်ပြီး စက်တင်ဘာလ […]

ဆေးအများစု စျေးအနည်းငယ်တက်သော်လည်း ဆေးအချို့ပစ္စည်းပြတ်၍ စျေးခုန်တက်

Dawei Watch

September 9, 2023

ပြည်တွင်းဆေးစျေးကွက်တွင် အိုကေတားဆေး၊ လေဆေး၊ နှလုံးဆေးအပါအဝင် ဆေးအချို့ပစ္စည်းပြတ်သဖြင့် အဆမတန် စျေးခုန်တက်သွားပြီး ဆေးဝါးအများစုမှာမူ စျေးအနည်းငယ် ထပ်တက်သွားကြောင်း ရန်ကုန်ဆေး လက္ကားစျေးကွက်အတွင်းမှ သိရသည်။ “Ok တို့ဆို အရင်က တစ်ကတ် (ကျပ်) ၂၇၀၀ ကနေ အခု ၄၀၀၀ လောက်ဖြစ်သွားတယ်။ အတက်ကတော့ အကုန်တက်သလောက်ပဲ။ ပစ္စည်းပြတ်တဲ့ကောင်က အတက်များပြီး ကျန်တာက တအိအိတက်တာမျိုး” ဟုဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင် ပိုင်ရှင်တစ်ဦးကဆိုသည်။ ဆောမြူ့ ကလေးချောင်းဆိုးပျောက်ဆေး ဆိုပါကစျေးကွက်အတွင်း ပစ္စည်းပြတ်နေပြီဖြစ်ကြောင်း၊ Siloxogene လေဆေးမှာလည်း ပစ္စည်းလက်ကျန်နည်းနေ၍ ၃၅၀ ကျပ်ရောင်းနေရာမှ ၈၀၀ ကျပ်အထိ စျေးတက်သွားကြောင်း ၎င်းကဆိုသည်။ ပစ္စည်းပြတ်စျေးတက်နေသည့် ဆေးနှင့်အမျိုးအစားတူ အခြားတံဆိပ်များမှာ စျေးသိပ်မတက်သဖြင့် အစားထိုး ပြောင်းသောက်လာကြကြောင်း၊ ဥပမာအိုကေတားဆေး ပစ္စည်းပြတ်စျေးတက်နေသဖြင့် စိတ်ချတားဆေးကို ပြောင်းသောက်နေကြကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ […]

လောင်းလုံးတွင် လမ်းလျှောက်တက်စ ကလေးငယ်တစ်ဦး ပျောက်ဆုံး

Dawei Watch

September 9, 2023

လောင်းလုံးမြို့၊ (က) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့က အသက် ၁ နှစ် ၈ လအရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း ကလေးငယ်ကို ကူညီရှာဖွေပေးနေသူများက ပြောသည်။ မခြူးခြူး အမည်ရှိ ကလေးငယ်သည် စက်တင်ဘာလ ၈ရက် ဥပုသ်နေ့က အဖွားဖြစ်သူ ဘုန်းကြီးကျောင်း သွားရောက် နေစဉ် ပုခက်အတွင်း အိပ်နေခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ကူညီရှာဖွေပေးနေသူတစ်ဦးက ဆိုသည်။ “ကလေးက ပုခက်ထဲမှာ အိပ်ခိုင်းထားတယ်လို့ပြောတယ်။ သူအဖိုးက အနီးအနား ထင်းရှာသွားရာက ပြန်လာတာနဲ့ ကလေးက ပုခက်ထဲမှာ မရှိတော့ဘူး။ ကလေးက လမ်းလျှောက်တက်ခါစလေးပါ” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါကလေးငယ်မှာ လောင်းလုံးမြို့၊ ထိန်သစ် (က)ရပ်ကွက်၊ ကြက်ဥတောင်ဘုရားလမ်း၊ ဘုရားတောင်မုခ်ဦးအနီး အဘိုး ဦးစိုးအို၊ အဘွား […]

ပုလောမြို့အနီး စစ်ကောင်စီတပ်ယာဥ်တန်း တစ်ရက်အတွင်း နှစ်ကြိမ် မိုင်းဆွဲခံရ

Dawei Watch

September 8, 2023

မြိတ်ခရိုင်၊ ပုလောမြို့အနီးတွင် တပ်ပြောင်းရွှေ့သည့် စစ်ယာဥ်တန်းမှာ တစ်ရက်တည်း နှစ်ကြိမ်မိုင်းဆွဲခံရကြောင်း ပုလောမြို့အခြေစိုက် တောကြီးမြွေဟောက်တပ်ဖွဲ့နှင့် ဒေသခံများ ထံမှသိရသည်။ ယနေ့ နံနက် ၄ နာရီတွင် ပုလောမြို့ ၂၈၅ တပ်ရင်းမှ တပ်သားများ လိုက်ပါလာသည့် တပ်ပြောင်းရွှေ့သည့် ကားများကို ပုလောမြို့အလွန် စပူပြင်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ဟု တောကြီးမြွေဟောက်တပ်ဖွဲ့က ယနေ့ နေ့လယ်တွင် ထုတ်ပြန်သည်။ ထားဝယ်မြို့မှ ပုလောမြို့သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို ယင်းကျေးရွာအနီးတဝိုက်တွင်ပင် ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်က ထပ်မံမိုင်းဆွဲခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ မိုင်းနှစ်ကြိမ်ဆွဲမှုကြောင့် ယာဉ်တန်းတွင်လိုက်ပါလာသည့် စစ်ကောင်စီတပ်သား ၂၇ ဦး ထိခိုက်သေဆုံးခဲ့ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။ တောကြီးမြေဟောက်အဖွဲ့ကို ဆက်သွယ်မေးမြန်းရာ ကားတစ်စီးမီးလောင်သွားပြီး ဖြစ်စဥ်မှန်ကုန်ကြောင်းနှင့် အသေးစိတ်ကို […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 8, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ အင်ဒိုနီးရှားတွင် ဟိုတယ် ဓာတ်လှေကားကြိုး ပြတ်ကျသဖြင့် လူ ၅ ဦးသေဆုံး အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ဟိုတယ်တစ်လုံးမှာ ဓာတ်လှေကားကေဘယ်ကြိုး ပြတ်ပြီး ချောက်ထဲ ပြုတ်ကျခဲ့လို့ ဟိုတယ်ဝန်ထမ်း ၅ ဦး သေဆုံးခဲ့ပါတယ်။ စက်တင်ဘာလ ၁ ရက်နေ့က အယုတ္တရအပန်းဖြေစခန်းမှာ ဖြစ်ပွားခဲ့တာပါ။ ဟိုတယ်ဝန်ထမ်း အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ဟာ ဓါတ်လှေကား စီးနေတုန်း ကေဘယ်ကြိုး ပြတ်ပြီး မီတာ ၁၀၀ နက်တဲ့ ချောက်ထဲ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။ သူတို့ ၅ […]

ပုလောတွင် ရေတပ်သင်္ဘောနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပထမဆုံးအကြိမ်နှစ်ဖက်ပစ်ခတ်မှုဖြစ်

Dawei Watch

September 8, 2023

မြိတ်ခရိုင်၊ ပုလောအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ရင်း (၁) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီရေတပ်သင်္ဘောတို့ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း တပ်ရင်း (၁) နှင့် ဒေသခံများထံမှသိရသည်။ ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီခန့်က ထိပ်တိုက် တွေ့ခဲ့ပြီး မိနစ် ၂၀ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း မြိတ်ခရိုင်၊ တပ်ရင်း (၁) ပြန်ကြားရေး တာဝန်ခံက ပြောသည်။ “ကျွန်တော်တို့အဖွဲ့က မစ်ရှင်တစ်ခုလုပ်ဖို့အသွား ထိပ်တိုက်တွေ့ပြီးသူတို့က စပစ်တယ်။ ကြိုပြီးသတင်းပေါက်သွားတဲ့ပုံပဲ” ဟု ၎င်းက ပြောဆိုသည်။ ထိတွေ့မှုအတွင်း စစ်ကောင်စီသင်္ဘောက အမြောက်အချက်ရေ ၁၀ ကျော် ပစ်ခတ်ခဲ့ပြီး ယင်းသို့ပစ်ခတ်နေချိန် နောက်ထပ်စစ်သင်္ဘောတစီး ထပ်မံရောက်ရှိလာသဖြင့် ပြန်ဆုတ်ခဲ့ရကြောင်း တပ်ရင်း (၁) ထံမှသိရသည်။ “ပစ်ခတ်သံတွေပဲကြားရတယ်။ ပေါက်ကွဲတဲ့အသံက […]

မြန်မာဒုက္ခသည်များအတွက် ဘေးကင်းရေးဇုန်တည်ဆောက်ရန် ထိုင်းအတိုက်အခံပါတီနှစ်ခုပြော

Dawei Watch

September 8, 2023

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာဒုက္ခသည်များခိုလှုံနိုင်မည့် ဘေးကင်းလုံခြုံရေးဇုန်တည်ထောင်ရန် ထိုင်းအတိုက်အခံပါတီနှစ်ခုဖြစ်သည့် Move Forward နှင့် The Fair ပါတီတို့၏ အဆိုပြုချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။ ယင်းအဆိုပြုချက်အရ ဘေးကင်းလုံခြုံရေးဇုန် (Safety Zone) ကို နယ်စပ်မှ ၅ ကီလိုမီတာအထိ တိုးချဲ့မည်ဖြစ်ပြီး မြန်မာဒုက္ခသည်များ ခိုလှုံနိုင်သော လူသားချင်းစာနာထောက်ထားမှုစင်္ကြံတစ်ခုလည်း ပါဝင်မည်ဖြစ်ကြောင်း အဆိုပါနှစ်ပါတီ တာဝန်ရှိသူတို့က စက်တင်ဘာလ ၇ ရက်နေ့တွင် မီဒီယာများသို့ ပြောဆိုသည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် ထိုင်းနိုင်ငံအတွင်းသို့ ပျံ့နှံ့လာနေခဲ့ပြီး အဆိုပါဒေသများရှိ ထိုင်းပြည်သူများအား ကြောက်ရွံ့စိုးရိမ်မှုများ ဖြစ်ပေါ်စေကြောင်း ၎င်းတို့က ပြောသည်။ ဥပမာ အနေဖြင့် မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့များကို ထိုင်းနိုင်ငံဘက်ခြမ်း တာခ့်ခရိုင်တောင်ပိုင်းရှိ ဥဖန်းဒေသတွင် ဩဂုတ်လ ၃ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း ထောက်ပြသည်။ […]