ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်ရေကန်ဘောင်တွင် ချိန်းတွေ့သည့်သမီးရည်းစား ဖုန်းလုယက်ဓားထိုးခံရ၊ အမျိုးသားဖြစ်သူသေဆုံး

Dawei Watch

July 4, 2023

မြိတ်မြို့ မြစ်ငယ်ရပ်ရှိ ရေကန်ဘောင်တွင် ဇူလိုင်လ ၃ ရက် ည ၉ နာရီခန့်က ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲ ဖုန်းလုယက်ခံရပြီး ဓားဖြင့်လည်း အထိုးခံရသဖြင့် အမျိုးသားဖြစ်သူ သေဆုံးကြောင်း ယင်းရေကန်ဘောင်အနီး နေထိုင်သူတို့က ပြောသည်။ ချိန်းတွေ့နေသည့် အသက် ၂၀ ဝန်းကျင်အရွယ် သမီးရည်းစားစုံတွဲထံသို့ လူငယ်အမျိုးသားလေးဦးခန့် ရောက်ရှိလာပြီး ဖုန်းနှင့် ပါလာသည့် တန်ဖိုးရှိအစ္စည်းများပေးရန် ဓားဖြင့် ခြိမ်းခြောက်တောင်းဆိုကြောင်း ၎င်းတို့က ဆိုသည်။ “‌ကောင်လေးက ပြန်ခုခံလို့ အထိုးခံလိုက်တာလို့ ကြားရတယ်” ဟု ရေကန်ဘောင်အနီးနေသူတစ်ဦးက ပြောဆိုသည်။ ဓားဖြင့် ဆယ်ချက်ကျော် အထိုးခံလိုက်ရသဖြင့် ဆေးရုံသွားသည့် လမ်းခရီးတွင်ပင် သေဆုံးသွားကြောင်းနာရေးကူညီမှုအသင်း တာဝန်ခံတစ်ဦးက ပြောသည်။ အဆိုပါ ရေကန်ဘောင်ပတ်လမ်းတွင် နံနက်ပိုင်းနှင့် ညနေပိုင်းအချိန်တို့တွင် ကျန်းမာရေးအတွက် လမ်းလျှောက်လေ့ ရှိကြပြီး […]

လယ်သမားလက်ထဲ စပါးပြတ်ချိန် စပါးဈေးစတက်

Dawei Watch

July 4, 2023

မိုးရာသီလယ်လုပ်ချိန် ‌ရောက်လာပြီဖြစ်၍ လယ်သမားအများစုလက်ထဲတွင် စပါးပြတ်လပ်နေပြီဖြစ်ရာ စပါးဈေးလည်းပြန်တက်လာနေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့နှင့် စပါးအဝယ်အဒိုင်အချို့ကပြောသည်။ ဖေဖော်ဝါရီလအတွင်းက စပါးတစ်တင်းလျှင် အနိမ့်ဆုံး ၁၈၀၀၀ ကျပ်ရရှိပြီး အမြင့်ဆုံး ၂၃၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်သွားခဲ့သည်။ ယင်းနောက် မတ်လထဲတွင် စပါးဈေးပြန်ကျသွားခဲ့ပြီး တစ်တင်းလျှင် ၂၀၀၀၀ ကျပ်အောက်သို့ ရောက်သွားခဲ့သည်။ ယခုမိုးရာသီလယ်လုပ်ချိန် ဇွန်လကုန်းပိုင်းမှစပြီး စပါးဈေးပြန်မြင့်တက်လာခဲ့သည်။ လက်ရှိတွင် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ၁၉၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည်အမျိူးအစားဆိုပါက တစ်တင်း ၂၂၀၀၀ ကျပ်ဝန်းကျင်၊ ပေါ်ဆန်းအမျိုးအစားဆိုပါက ၂၆၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေကြောင်း ထားဝယ်ခရိုင်ရှိ စပါးအဝယ်တော်အချို့ကဆိုသည်။ ‌“စပါးဈေးပြန်တက်လာတာဆို နှစ်ပတ်လောက်ဖြစ်နေပြီ။ ဟိုဘက်( တနင်္သာရီတိုင်းပြင်ပ) ကဝယ်လိုက်လာတဲ့အချိန် ဒီဘက်မှာစပါးကမရှိတော့ ဈေးတက်လာတာ” ဟု လောင်းလုံးမြို့နယ်ရှိ ဆန်းစပါးကြိတ်ခွဲရောင်းချသူတစ်ဦးကဆိုသည်။ စပါးဈေးပြန်တက်လာချိန်တွင် ဒေသတွင်းရှိလယ်သမားအများစုလက်ထဲတွင် ရောင်းချစရာ […]

သီရိလင်္ကာမှာ နှိပ်စက်ခံနေရတဲ့ ထိုင်းနိုင်ငံကဆင်ကြီး အိမ်ပြန်နိုင်ခဲ့ပြီ

Dawei Watch

July 3, 2023

ထိုင်းနိုင်ငံကနေ ၂၂ နှစ်အကြာ လက်ဆောင် ရရှိထားတဲ့ ဆင်ကြီးကို ဆေးဝါးကုသဖို့ဆိုပြီး သီရိလင်္ကာနိုင်ငံက ပြန်လည်ပေးအပ်လိုက်ရပါပြီ။ အကြောင်းကတော့ သီရိလင်္ကာမှာ ကောင်းကောင်း မကြီးပြင်းရဘဲ နှိပ်စက်ခံနေရတယ်လို့ ဆိုထားပါတယ်။ ဆင်ကြီးကို သီရိလင်္ကာမှာ မူထူရာဂျာ (Muthu Raja) လို့ခေါ်ကြပြီး ထိုင်းမှာတော့ ဆက်ဆူရင်း (Sak Surin) လို့ လူသိများပါတယ်။ ဆင်ကြီး ၁၀ နှစ်သားအရွယ်တုန်းက ထိုင်းတော်ဝင်မိသားစုကနေ သီရိလင်္ကာကို လက်ဆောင်အနေနဲ့ ပေးအပ်ထားခဲ့တာပါ။ သူဟာ သီရိလင်္ကာကို လက်ဆောင်ပေးထားခဲ့တဲ့ ဆင်သုံးကောင်ထဲက တစ်ကောင်ဖြစ်ပါတယ်။ သူ့ကို သီရိလင်္ကာတောင်ပိုင်း ဘုရားကျောင်းထဲမှာ ထားရှိထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက သီရိလင်္ကာရဲ့ တိရိစ္ဆာန်အခွင့်အရေးအဖွဲ့ဖြစ်သော Rally for Animal Rights and Environment (RARE) […]

တနင်္သာရီတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရ

Dawei Watch

July 3, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နီးစပ်သည့် ဒေသခံများထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့က ညောင်ပင်ကွင်းကျေးရွာ အခြေစိုက် စစ်ကောင်စီ (၂၆၅) တပ်ရင်းက ယင်းကျေးရွာ အရှေ့ဘက်ရှိ ကျေးရွာများကို စစ်ကြောင်းထားလာရာ သကျက်ကျေးရွာအုပ်စုလမ်းတွင် နှစ်ကြိမ်ကြားဖြတ် တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ နံနက်ပိုင်းတွင် လငုတံတားအနီးတွင် တစ်ကြိမ်တိုက်ခိုက်ခံရပြီး နေ့လယ်ပိုင်းတွင် မယ်တော်ဂူအနီးတွင် တစ်ကြီး တိုက်ခိုက်ခံရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။ “စစ်ကောင်စီဖက်က သုံးယောက်ဒဏ်ရာရတယ်လို့သိရတယ်” ဟု ၎င်းက ပြောဆိုသည်။ လငုသည် ရွာမဟုတ်ပဲ ဥယျာဉ်စိုက်ပျိုးသည့်နေရာသာဖြစ်ပြီး သကျက်ရွာအနီးတွင်ရှိကြောင်း ဆိုသည်။ မယ်တော်ဂူသည်လည်း သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်းရွာအနီးတွင် ရှိကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် (၂၆၅) […]

ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးပုလောမြို့ အမည်ကိုအသုံးပြုကာ အကောင့်အတုဖြင့် ငွေအလှူခံ

Dawei Watch

July 3, 2023

ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့အမည်ကို အသုံးပြုပီး အကောင့်အတုဖြင့် ငွေကြေး အလှူခံနေသည်ကို တွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ တရားဝင်လူမှုကွန်ရက် စာမျက်နှာက ထုတ်ပြန်သည်။ လူတစ်စုက BMK – ပြည်သူ့ကာကွယ်ရေးအဖွဲ့ အမည်ဖြင့် လူမှုကွန်ရက်တွင် အလှူခံနေရခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းစာမျက်နှာတွင် ‘ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့’ တရားဝင်စာမျက်နှာတွင် တင်ထားသည့် ဓါတ်ပုံများ၊ ဗီဒီယိုဖိုင်များကို ကူးယူဖော်ပြပြီး ဒဏ်ရာရစစ်သည်ပုံများကိုလည်း အလွဲသုံးစားလုပ်ကာ အလှူခံနေ ကြောင်း ဇွန်လ ၂၉ ရက်က ထုတ်ပြန်ထားသည်။ အလှူခံသည့်အပြင် သတင်းမှားများကိုလည်း ဖြန့်ချီနေသည်ကိုတွေ့ရကြောင်း ဗိုလ်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပုလောမြို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဗိုလ်မိုးကြိုးအဖွဲ့သည် ဒဏ်ရာရ စစ်သည်များ၏ ဓာတ်ပုံများကို အသုံးပြုကာ အလှူခံခြင်း ယနေ့အချိန်အထိ လုပ်ဆောင်ခဲ့ခြင်း […]

စစ်ကောင်စီက ကလိန်အောင်-ကံပေါက်လမ်း ဖြတ်သန်းသွားလာခွင့် ပိတ်ဆို့ကန့်သတ်

Dawei Watch

July 3, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့မှ ကံပေါက်ကျေးရွာအုပ်စုသို့ သွားသည့်လမ်းပိုင်းကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ကို ပိတ်ဆို့ကန့်သတ်လိုက်ကြောင်း ခရီးသည်အချို့ကပြောသည်။ ယနေ့ (ဇူလိုင် ၃) မနက်အ‌စောပိုင်းမှစပြီး ကလိန်အောင်- ကံပေါက်လမ်းပိုင်းကို ဖြတ်သန်းခွင့်မပြုတော့ဘဲ ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ယနေ့ မနက် ၆ နာရီဝန်းကျင်အချိန်တွင် မောရဝတီရေတပ်မှ စစ်ကား ၆ စီးထွက်ခွာသွားပြီး ကလိန်အောင်-ကံပေါက်လမ်းပိုင်းတွင် နေရာလေးခုခွဲကာ ပိတ်ဆို့ထားခြင်း ဖြစ်ကြောင်း ခရီးသည်တို့ပြောဆိုသည်။ ကံပေါက်လမ်းဆုံအနီး၊ ဂန့်ဂေါ်တောင်ရွာအဝင် ၊ ဂန့်ဂေါ်တောင်ဘုန်းကြီးကျောင်းအနီးနှင့် သစ်တောရုံးလမ်းဆုံ စသည့်နေရာတို့တွင် လမ်းပိတ်ထားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “ခရီးသည်တင်ကားတွေရော၊ စျေးကားတွေရော အားလုံးပြန်လှည့်လာရတယ်။ ဒါတောင် ကံပေါက်က ကားမှ အဝင်လက်ခံတယ်။ ထားဝယ်ဘက်က ကားတွေအဝင်မရဘူး” ဟု လမ်းပိတ်ဆို့ခံခဲ့ရသည့် ကားသမားတစ်ဦးကပြောသည်။ ကံပေါက်-ထားဝယ် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဥ်လိုင်းများလည်း ရပ်နားထားရသည်ဟုဆိုသည်။ အဆိုပါ […]

စစ်အာဏာရှင်ကျဆုံးရေးအတွက် ဘန်ကောက်ရှိ မြန်မာနိုင်ငံသားများ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြ

Dawei Watch

July 2, 2023

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့တွင် မြန်မာနိုင်ငံသားများသည် စစ်အာဏာရှင် ကျဆုံးရေးအတွက် ယနေ့ မွန်းလွဲပိုင်းတွင် ဆန္ဒပြခဲ့ကြသည်။ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် စစ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်၏ မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ရာနှင့်ချီသော မြန်မာအလုပ်သမားများ ယနေ့ မွန်းလွဲ ၂ နာရီမှ ၅ နာရီအထိ စုဝေးဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ “မတရားမှုဆိုတာကလေ ကိုယ့်အိမ်ရှေ့ကို တံခါးလာခေါက်မှ တော်လှန်ရမှာ မဟုတ်ဘူး။ မတရားမှုကို တွေ့တဲ့နေရာကနေ တော်လှန်ရမှာ” ဟု ဆန္ဒပြပွဲကို တက်ရောက်လာသူတစ်ဦးက ဟောပြောခဲ့သည်။ ဆန္ဒပြပွဲတွင် စစ်ကောင်စီအစိုးရကို အသိမှတ်မပြုရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကို အစိုးရအဖြစ် အသိအမှတ်ပြုရေး ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး […]

ထားဝယ်မြစ်ထဲတွင် အမည်မသိ အမျိုးသားအလောင်းတွေ့

Dawei Watch

July 2, 2023

ထားဝယ်မြစ်ထဲတွင် အမည်မသိ အမျိုးသားအလောင်း တွေ့ရှိရကြောင်း  ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ထံမှသိရသည်။ ယနေ့ (ဇူလိုင် ၂) မနက်ပိုင်းတွင် ထားဝယ်မြစ်ကြောင်းအတိုင်း မျောပါနေသော ပုတ်ပွနေသည့် အမျိုးသားအလောင်းကို ငါးဖမ်းလှေသမားများက စတင်တွေ့ရှိခဲ့သည်ဟုသိရ‌ကြောင်း ဇမ္ဗူသီရိအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။ “ကျွန်တော်တို့ကို ဖုန်းဆက်လာတာ မနက် ၁၀ နာရီခွဲလောက်ရှိပြီ ကမြောကင်း ကူးတို့ဆိပ်ဟောင်းရဲ့ ကမ်းစပ်တစ်နေရာကို လှေသမားတွေက ဆွဲလာပေးထားတာ ပုတ်ပွပြီး ပိုးလောက်တွေတောင် ထွက်နေပြီ”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။ ယင်းအမျိုးသား သေဆုံးရသည့်အကြောင်းရင်းနှင့် မည်သူမည်ဝါဖြစ်ကြောင်းလည်း မသိရသေးကြောင်း ဦးနိုင်မျိုးသွင်ကဆိုသည်။ ထိုရုပ်အလောင်းကို ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ထားဝယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားသည်ဟု ယင်းအဖွဲ့ထံမှသိရသည်။