ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ် တုန်းဗျောရွာရှိ စစ်ကောင်စီတပ်ယာယီစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

Dawei Watch

July 4, 2023

မြိတ်မြို့နယ်၊ တုန်းဗျောကြီးရွာရှိ စစ်ကောင်စီတပ်ယာယီစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။ တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် ယနေ့ ဇူလိုင်လ ၄ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့သေဆုံးကာ ဒဏ်ရာရသူအချို့လည်း ရှိသည်ဟု ကြားသိရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ငယ်တွေနဲ့ လာပစ်တယ်။ ဒရုန်းနဲ့လည်း ဗုံးချတိုက်ခိုက်တယ်။ ထိခိုက်သေဆုံးတာတွေ ရှိတယ်။ အရေးပေါ်ကား နှစ်စီးလာတယ်။ ဘယ်နှစ်ဦးလဲဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လမ်းမကြီးနံဘေးတွင် လဲကျသေဆုံးနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို မြင်တွေ့ရသည်ဟု ရွာသားရွာသား အချို့က ပြောဆိုနေကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။ ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ကြာပြီးနောက် စစ်ကောင်စီတပ်ဘက်က […]

မော်တုန်းရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရပြီး ရွာသားခြောက်ဦးဒဏ်ရာရ

Dawei Watch

July 4, 2023

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တနင်္သာရီမြို့နယ် မော်တုန်းအနောက်ကမ်းနေ ဒေသခံ ခြောက်ဦးထိခိုက်ဒဏ်ရာရပြီး အချို့ဆေးရုံပို့ဆောင်ထားရကြောင်း ဒေသခံများက ပြောသည်။ ဇူလိုင်လ ၃ ရက် ည ၉ နာရီခန့်က မော်တုန်းအနောက်ကမ်းကျေးရွာသို့ လက်နက်ကြီးကျည် ငါးလုံး ကျရောက်ပေါက်ကွဲပြီး အမျိုးသား ငါးဦးနှင့် အမျိုးသမီးကြီးတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “တံတားဆိုဒ်မှာ လုပ်နေတဲ့ အလုပ်သမား လေးယောက်နဲ့ လူပျိုကြီးသားအမိတို့ ထိတယ်။ အမျိုးသမီကြီးမှာက ရင်ဘတ်အပါအဝင် သုံးနေရာထိပြီး ဒီမနက်က ဆေးရုံတင်ထားတယ်။ အခြေအနေက စိုးရိမ်ရတယ်လို့ ပြောတယ်” ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးတစ်ဦးက ပြောသည်။ အလုပ်သမားလေးဦးမှာ အရှေ့ကမ်းရွာသားများဖြစ်ပြီး အနောက်ကမ်းရွာတွင် အလုပ်လာလုပ်နေသူများဖြစ်ကာ ဒဏ်ရာ မစိုးရိမ်ရဟု ဒေသခံများက ဆိုသည်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး […]

မြိတ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

Dawei Watch

July 4, 2023

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက်တွင် ဇူလိုင်လ ၃ ရက် ညခုနှစ်နာရီခွဲအချိန်က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှသိရသည်။ အဆိုပါ ရပ်ကွက်တွင် WiFi ကြိုးပြုတ်ကျနေသဖြင့် ကုမ္ပဏီအား ဖုန်းဆက်အကြောင်းကြားရာ WiFi ကုမ္ပဏီမှ အသက် ၂၆ အရွယ်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး ပြင်ဆင်ပေးရာမှ ဓာတ်လိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရွှေပြည်တန်ရပ်ကွက်နေသူအချို့က ပြောပြသည်။ WiFi ကြိုးကို ဓာတ်ကြိုးပေါ်သို့ ပစ်တင်ရာမှ ဓာတ်ကြိုးနှင့်လက်ထိကာ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး လှေကားပေါ်မှာ ပြုတ်ကျသွားကြောင်း ရွှေပြည်တန်ရပ်ကွက်နေ မျက်မြင်တွေ့ရှိသူ တစ်‌ဦးက ပြောသည်။ “ပထမတော့ လှေကားပေါ်ကနေ ပြုတ်ကျသွားတာ၊ မြေပေါ်ကနေပြန်ထပြီး ပြန်လဲကျသွားတာ သုံးခါပြန်ထ သုံးခါပြန်လဲသွားတာ” ဟု ‌မျက်မြင်တွေ့ရှိသူက ပြောသည်။ ယင်းကဲ့သို့ ဓာတ်လိုက်ပြီးနောက် အနီးအနားနေသူတို့မှ မီးရုံးအား ဖုန်းဆက်အကြောင်းကြားခဲ့ရာ မီးခေတ္တ ဖြတ်တောက်ခဲ့ရကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။ ဓာတ်လိုက်ခံရသည့် အမျိုးသား၏ မျက်လုံးတွင် […]

ထိုင်းတွင် မြန်မာလုပ်သားများပါသောကား အစစ်မခံဘဲထွက်ပြေး၊ ကားတိုက်မှုဖြစ်ကာမီးလောင်ပြီး ၁၃ဦးဖမ်းဆီးခံရ

Dawei Watch

July 4, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါ စီးနင်းလာသည့် ပစ်ကပ်ကားတစ်စီးသည် အစစ်ဆေးမခံဘဲ ထွက်ပြေးရာ ကားတိုက်မှုဖြစ်ပွားပြီး မီးလောင် သွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းနောက် ကားပေါ် လိုက်ပါလာသော မြန်မာနိုင်ငံသား ကားသမားနှင့် မြန်မာအလုပ်သမား ၁၂ ဦးတို့ကို ဖမ်းဆီးရမိကြောင်း ရေးသားထားသည်။ ဇူလိုင်လ ၃ ရက်နေ့တွင် ချွန်ဖော်မြို့အနီးရှိ စစ်ဆေးရေးဂိတ်က ပစ်ကပ်ကားကို ရပ်တန့်စစ်ဆေးခဲ့သော်လည်း အစစ်ဆေးမခံဘဲ အရှိန်မြှင့်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း ဆိုသည်။ အဆိုပါပစ်ကပ်ကားသည် ရွာသားတစ်ဦး၏ ကားအနောက်ပိုင်းကို ဝင်တိုက်ခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ပြီး ကားအရှေ့ပိုင်းတွင် မီးလောင်ကျွမ်းလာခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကားတိုက်မှုဖြစ်ပွားသောနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး ယာဉ်မောင်းကို စစ်ဆေးခဲ့ရာ အသက် ၂၄ နှစ်အရွယ် ကိုနိုင်အမည်ရှိသော မြန်မာနိုင်ငံသားဖြစ်နေကြောင်း‌ […]

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို KNU တပ်ခွဲအဖြစ်ပြောင်းလဲဖွဲ့စည်း

Dawei Watch

July 4, 2023

ပုလောကရင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Palaw K-PDF ကို ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် KNU/KNDO တပ်ရင်း (၇) တပ်ခွဲ (၅) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း Palaw K-PDF က ထုတ်ပြန်ကြေညာသည်။ ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ တရားဝင်ပြောင်းလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်၍ မိဘပြည်သူများကို အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သို့သော် မည်သည့် ရည်ရွယ်ချက်ဖြင့် ပြောင်းလည်းဖွဲ့စည်းခဲ့သည်ကို ထုတ်ပြန်ထားခြင်းမရှိသလို Dawei Watch ၏ ဆက်သွယ် မေးမြန်းမှုကိုလည်း လတ်တလောတွင် ပြန်လည်ဖြေကြားထားခြင်း မရှိသေးပေ။ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့ K-PDF ကို KNU/KNDO တပ်၏ ဗိုလ်ကြီးဟောင်း အသက် ၆၃ နှစ်အရွယ်ရှိ အဖူးစောကပေါ့ ခေါ် ဗိုလ်ခေါင်းဖြူက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး အာဏာသိမ်းပြီးနောက် ပုလောဒေသအတွင်း စစ်ကောင်စီတပ်ကို လက်နက်စွဲကိုင်တော်လှန်နေသည့် […]

သရက်ချောင်း ကဇိကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

Dawei Watch

July 4, 2023

‌သရက်ချောင်းမြို့နယ်၊ ကဇိကျေးရွာအုပ်ချုပ်ရေးမှူး အသက် ၅၀ ကျော်အရွယ် ဦးညိုစိုးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၃ ရက် ညနေ ၄ နာရီဝန်းကျင်တွင် အမည်မသိသေနတ်သမားတို့က ဦးညိုစိုး၏ နေအိမ်တွင် လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဦးညိုစိုးမှာ အာဏာသိမ်းပြီးနောက်ပိုင်း ကဇိကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ၎င်းအားမည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို လတ်တလော မသိရသေးပေ။ စစ်ကောင်စီဝါဒါဖြန့် တယ်လီဂရန်ချယ်နယ်တို့တွင်မူ ဦးညိုစိုးအား ပြည်သူ့ကာကွယ်တပ်ဖွဲ့တစ်ခုက လာရောက်ပစ်ခတ်သွားကြောင်း ရေးသားနေကြသည်။ “ကျွန်မတို့လည်း ဘယ်သူလုပ်တယ်ဆိုတာမသိဘူး။ သေနတ်သံတော့ သုံးလေးချက်ကြား လိုက်တယ်။ ပြီးမှ သူတို့ဆွေမျိူးတွေ ‌ပြေးနေလွှားနေကြတာမြင်ရတာပဲရှိတယ်။ အဲဒါမှ ဦးညိုစိုးသေတယ်ဆိုတာသိတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ သေဆုံးသူ၏အလောင်းအား ထားဝယ်ဆေးရုံသို့ သယ်ဆောင်သွားပြီးနောက် နေအိမ်ပြန်သယ်လာကာ ယနေ့အသုဘအခမ်းအနားပြုလုပ်နေကြောင်း ဒေသခံတို့က […]

ထားဝယ်အရှေ့တော သင်္ကန်းတုံးရွာက PDF တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းအချို့ပါသွားဟုဆို

Dawei Watch

July 4, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ သင်္ကန်းတုံးရွာတွင် ဥဩစစ်ကြောင်းက PDF တပ်ဖွဲ့ တိုက်ခိုက်ခံရပြီး လက်နက်အချို့ စစ်ကောင်စီတပ်က သိမ်းယူသွားကြောင်း ယင်းစစ်ကြောင်းအပါအဝင် ဒေသကာကွယ်ရေး တပ်ဖွဲ့အချို့နှင့် ‌ဒေသခံသတင်းအရင်းအမြစ်အချို့၏ ပြောဆိုချက်အရသိရသည်။ သင်္ကန်းတုံးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဇူလိုင်လ ၂ ရက် နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ်အနည်းငယ်ကြာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း ၎င်းတို့က ပြောသည်။ ဥဩစစ်ကြောင်း၏ PDF ရှေ့တန်းတပ်ဖွဲ့၏ ကိုယ်ပိုင်ထုတ်လုပ်ထားသော လက်နက်ခဲယမ်းအချို့ သိမ်းဆည်းခံရကြောင်း ဥဩစစ်ကြောင်းက တာဝန်ရှိသူ ကိုရောင်နီက အတည်ပြုပြောဆိုသည်။ ဥဩစစ်ကြောင်းက ရဲဘော်နှစ်ဦးဒဏ်ရာရပြီး နှစ်ဦးပျောက်ဆုံးနေသည်ဟု ဒေသခံအချို့နှင့် ကာကွယ်ရေးတပ်ဖွဲ့အချို့၏ ပြောဆိုချက်များအရ သိရသည်။ “လက်ရှိအချိန်မှာ ကျွန်တော်တို့စစ်ကြောင်းက ရဲဘော်တော်တော်များများကို ပြန်တွေ့ပြီ။ စစ်ကြောင်းပြန်ရသွားပြီ။ (မစိုးရိမ်ရ) ဒဏ်ရာရတဲ့ ရဲဘော်တွေလည်း ဆေးကုသမှုခံယူနေတဲ့ အခြေအနေရှိတယ်” ဟု ၎င်းက ဆိုသည်။ […]

ထိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် ဝါရင့်နိုင်ငံရေးသမားကို ရွေးချယ်ရန် အနိုင်ရပါတီနှင့် မဟာမိတ်များဆုံးဖြတ်

Dawei Watch

July 4, 2023

ထိုင်းလွှတ်တော်ဥက္ကဋ္ဌနေရာအတွက် အနိုင်ရပါတီဖြစ်သော Move Forward ပါတီနှင့် မဟာမိတ်ပါတီများက ထိုင်းတောင်ပိုင်းအခြေစိုက်ထားသော Prachachart ပါတီခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမားတစ်ဦးကို သဘောတူရွေးချယ်ခဲ့ကြောင်း သိရသည်။ ထိုင်းတောင်ပိုင်းပါတီဖြစ်သော Prachachart ပါတီခေါင်းဆောင် Wan Mohamad Noor Matha ကို လွှတ်တောင်ဥက္ကဋ္ဌအနေဖြင့် Move Forward ပါတီဦးဆောင်ထားသော ညွန့်ပေါင်းပါတီ ၈ ပါတီက ရွေးချယ်လိုက်ခြင်းဖြစ်သည်။ လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ညွန့်ပေါင်းပါတီကြီးများဖြစ်သော Move Forward ပါတီနှင့် Pheu Thai ပါတီနှစ်ပါတီ အချေအတင်ဖြစ်မှု အဆုံးသတ်အဖြေရှာသည့်အနေဖြင့် ၎င်းကို ရွေးချယ်လိုက်ခြင်းဖြစ်သည်။ ရွေးချယ်ခံရသော Wan Noor ကို ညွန့်ပေါင်းပါတီ ၈ ပါတီစလုံးက သဘောတူခဲ့ကြောင်း သိရသည်။ လွှတ်တော် ဒုဥက္ကဋ္ဌနေရာများအတွက် Move Forward ပါတီက တစ်နေရာနှင့် Pheu Thai ပါတီက တစ်နေရာစီ ရယူထားကြောင်း သိရသည်။ အသက် ၇၉ နှစ်အရွယ်ရှိ Wan Noor သည် လွှတ်တော်ဥက္ကဋ္ဌနေရာကို ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ လုပ်ခဲ့ဖူးသူဖြစ်ပြီး အမတ်နေရာအတွက် ၉ ကြိမ်မြောက်ရွေးချယ်ခံရသူဖြစ်သည်။ ထိုင်းနိုင်ငံတောင်ပိုင်းရှိ Wahdah အုပ်စု၏ […]