ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီမြို့နယ်အတွင်း CDM လုပ်သည့် စစ်သားနှင့်ရဲ ၈၀ကျော်ရှိကြောင်း ထုတ်ပြန်

Dawei Watch

September 17, 2023

တနင်္သာရီမြို့နယ်အတွင်း CDM လုပ်သည့် ရဲနှင့် စစ်သား ၈၀ ကျော်ရှိလာပြီဖြစ်ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ စက်တင်ဘာလ ၁၇ရက်တွင် ထုတ်ပြန်သည်။ အာဏာသိမ်းချိန်မှ ယနေ့အထိ CDM ဝင်ရောက်လာသည့် စစ်သား ၃၅ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄၉ ဦး စုစုပေါင်း ၈၄ ဦး ရှိကြောင်း ဖော်ပြသည်။ CDM ပြုလုပ်သည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား ၎င်းတို့၏ သဘောဆန္ဒအတိုင်း ပြည်တွင်းနှင့် ပြည်ပရှိ ဘေးကင်းလုံခြုံရာတွင် ပို့ဆောင်ထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် (၅၆၁) တပ်ရင်းမှ တပ်သား အောင်ဇော်မင်းသည် MA-3 တစ်လက်၊ ကျည်တောင့် ၃၀ ပါကျည်ဘောက် ၃ […]

ပုလော လက္ကူးရွာတွင် နေအိမ်တစ်ဒါဇင်ကျော် မီးရှို့ခံရ

Dawei Watch

September 17, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် နေအိမ်တစ်ဒါဇင်ကျော် မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ စက်တင်ဘာလ ၁၅ ရက်နေ့တွင် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်က လက္ကူးရွာအတွင်း စစ်ကြောင်းထိုးခဲ့ပြီး PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲချက်ဖြင့် အရပ်သားနေအိမ် လေးဆောင်အား မီးတင်ရှို့ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ နောက်တစ်ရက်တွင်လည်း ထပ်မံမီးရှို့ခဲ့ရာ အရပ်သားနေအိမ် စုစုပေါင်း ၁၃ဆောင် မီးရှို့ခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “အရှို့ခံရတာက အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ။ လူတွေက အကုန်ပြေးကြတော့ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ဘယ်သူယူလို့ ယူမှန်းမသိ အကုန်ဆုံးကုန်ကြတယ်ပြောတယ်” ဟု ၎င်းက ပြောဆိုသည်။ နေအိမ်မီးရှို့နေချိန် စစ်ကောင်စီတပ်က ရွာသားတစ်ရာကျော်ကို ဘုန်းတော်ကြီးကျောင်းတွင် ဖမ်းဆီးကာ စစ်ဆေးခဲ့ပြီး အဆိုပါဒေသခံများကို စက်တင်ဘာလ ၁၆ရက်က ပြန်လွှတ်ပေးလိုက်ကြောင်း […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

September 16, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံးစာရင်းဝင် မြန်မာ ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု အများဆုံးနိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံပါဝင်နေတယ်လို့ ကမ္ဘာ့ပညာရေးကဏ္ဍ စောင့်ကြည့်ရေးအဖွဲ့ GCPEA က ထုတ်ပြန်ပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ပညာရေးကဏ္ဍမှာ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ပေါင်း သုံးထောင်ကျော်မှာ ယူကရိန်း၊ မြန်မာ၊ ဘာကီနာဖာ သုံးနိုင်ငံက အများဆုံးဖြစ်တယ်လို့ စက်တင်ဘာလ ၉ ရက်နေ့က ထုတ်ပြန်တာပါ။ ၂၀၂၂ ခုနှစ်က ကမ္ဘာတစ်ဝန်းမှာ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ပညာရေးဝန်ထမ်း ၆၇၀၀ ကျော် ဖမ်းဆီးသတ်ဖြတ် ခံရတာ၊ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံမှာ စာသင်ကျောင်းတွေ တိုက်ခိုက်ခံရတာတွေ မကြာခဏရှိနေပါတယ်။ […]

ကျောက္ကာရွာနေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

Dawei Watch

September 16, 2023

ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာနေ မိသားစုဝင်သုံးဦးကို စစ်ကောင်စီရေတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ မနေ့ (စက်တင်ဘာ ၁၅) ညနေက ကျောက္ကာရွာ အနောက်ပိုင်းတွင်နေထိုင်သည့် အသက် ၅၀ ဝန်းကျင် ဇနီးမောင်နှံအပါအဝင် အသက် ၂၅ နှစ်အရွယ် တူဖြစ်သူတို့ကို အလုပ်လုပ်နေစဥ် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ဒေသခံများ ကပြောသည်။ “ငါးသားပေါက်လှေငယ်တွေနဲ့ ဝင်လာပြီး သူတို့နေတဲ့နေရာကို တည့်တည့်မတ်မတ်သွားပြီး ခေါ်ဆောင်သွားတာ။ ရွာသားတွေကို ပြဿနာရှာတာမျိုးလည်း မလုပ်ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ ဖမ်းဆီးခံရသူများမှာ ယခင်က လက္ကူးရွာတွင်နေထိုင်ပြီး လက်ရှိတွင် ကျောက္ကာရွာတွင် လာရောက်နေထိုင် လုပ်ကိုင်စားသောက် နေကြသည်ဟု ဒေသခံအချို့ကပြောဆိုသည်။ “လက္ကူးရွာကို စစ်တပ်ကဝင်စီးပြီး ရွာသားတွေကို ဘုန်းကြီးကျောင်းမှာ စစ်ဆေးတယ်။ အဲဒီမှာ ဘယ်သူဘယ်ဝါက ဘယ်ရွာမှာနေတယ်ဆိုတာမျိုး ပြောလိုက်မိပုံရတယ်လို့ ထင်တယ်။သိရသလောက်က […]

လောင်းလုံးလမ်းပိုင်းတွင် အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရ

Dawei Watch

September 16, 2023

လောင်းလုံးမြို့နယ် မင်းရပ်ရွာနှင့် သာယာကုန်းရွာကြား လမ်းပိုင်းတစ်နေရာတွင် အသက် ၂၀ ကျော်အရွယ်ရှိ အမျိုးသမီးတစ်ဦး ဓားထောက်လုယက်ခံရကြောင်း လုယက်ခံရသည့်အမျိုးသမီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ လောင်းလုံးမြို့နယ်ရှိ ဇာတိရွာမှ ထားဝယ်သို့ ဆိုင်ကယ်ဖြင့်လာစဉ် မင်းရပ်ရွာနှင့် သာယာကုန်းရွာကြားရှိ လူပြတ်သည့် နေရာတွင် စက်တင်ဘာလ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က လုယက်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဆိုင်ကယ်သုံးစီးဖြင့် အမျိုးသားသုံးဦး နောက်ကလိုက်လာပြီး ဆိုင်ကယ်ရပ်ရန်ပြောဆိုသဖြင့် ဆိုင်ကယ်ရပ်လိုက်စဉ် ဘေးလွယ်အိပ်ထဲမှ ငွေသားနှစ်သိန်းကျော်ကို ဦးစွာယူ၍ ဓားဖြင့် ခန္ဓာကိုယ်ကိုထောက်ကာ ဆွဲကြိုးတစ်ကုံးကိုပါ လုယူသွားကြောင်း ကာယကံရှင်အမျိုးသမီးနှင့် နီးစပ်သူက ပြောဆိုသည်။ “ဓားက ခလုတ်နှိပ်ရင်ထွက်လာတဲ့ ဓားပါ။ လက်စွပ်ကို ဖြုတ်ဖို့လုပ်နေတုန်းမှာ ဆိုင်ကယ်တစ်စီးရောက်လာတာမြင်လို့ ထွက်ပြေးသွားတယ်။ လွယ်အိတ်ထဲက သကြားလုံးပါ မကျန် ယူသွားတယ်လို့ ပြောတယ်” […]

ကျောက်နီမော်ကျေးရွာတွင် မြေပြိုကျမှုများ ထပ်ဖြစ်

Dawei Watch

September 16, 2023

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ထားဝယ်-ရှင်မော်သွားကားလမ်းဘေးမှ တောင်ကမ်းပါးယံ မြေပြိုကျမှုများထပ်ဖြစ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မိုးနှစ်ရက်ဆက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၅ ရက်‌ နေ့လယ် ၁၂ နာရီခန့်တွင် တောင်ကမ်းပါးယံ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းနေ့နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့်တွင် မြေပြိုကျမှုများထပ်ဖြစ်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုမူ မသိရသေးပေ။ “အခုကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်၊ နောက်မှပြန်ပြောပေးပါ့မယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။ မနေ့နေ့လယ် ၁၂ နာရီက မြေပြိုကျမှုတွင် လူနေအိမ်နှစ်လုံး မြေဖုံးခဲ့ပြီး နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့် မြေပြိုကျမှုတွင် နောက်ထပ် နေအိမ်တစ်လုံး […]

ကော့သောင်းတွင် နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့အလောင်းတွေ့

Dawei Watch

September 16, 2023

ကော့သောင်းမြို့ ဆိပ်ကမ်းသာပန်းခြံတွင် စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ နှစ်ရက်ဆက်တိုက် ပိုင်ရှင်မဲ့ အလောင်းနှစ်လောင်းတွေ့ရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ “ပိုင်ရှင်မဲ့အလောင်းတွေက အိမ်ခြေယာမဲ့တွေပါ” ဟုရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့ဝင် က ပြောသည်။ အသက် ၂၀ ကျော်နှင့် အသက် ၆၀ ကျော်ရှိ သေဆုံးသူနှစ်ဦးမှာ အဟာရချို့တဲ့ခြင်းနှင့် အရက်သောက်ခြင်းကြောင့် ကျန်းမာရေးထိခိုက်ပြီး သေဆုံးရခြင်းဖြစ်နိုင်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။ ပိုင်ရှင်မဲ့အလောင်းများကို ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခြင်း၊ မီးသင်္ဂြုလ်ခြင်းတို့ ‌ဆောင်ရွက်ပေးခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။ အိမ်ခြေယာမဲ့ဦး နှစ်ဆယ်ခန့်မှာ ဆိပ်ကမ်းသာပန်းခြံ၊ ကမ်းနားလမ်းရှိ နတ်ကွန်း၊ ရှင်ကြီးမော်နတ်ကွန်းနှင့် လင်းမချိုင်ဈေးအနီးတို့တွင် နေထိုင်ကြကြောင်း ရွှေအဏ္ဏဝါ ပရဟိတလူငယ်အဖွဲ့နှင့် မြို့ခံအချို့က ပြောပြသည်။ “နယ်ခံတွေမဟုတ်ဘူး၊ ရှမ်းကမ်း(ထိုင်း)ကနေ ပြန်လာပို့တဲ့သူတွေပါ။ အရက်သမားတွေပါမယ်၊ အချို့ကလည်း […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 15, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၉ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြောက်ကိုးရီးယား တည်ထောင်ခြင်း ၇၅ နှစ်ပြည့် ကျင်းပ၊ တရုတ်နှင့် ရုရှားတက်ရောက် မြောက်ကိုရီးယားနိုင်ငံ တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုံယမ်းမြို့တော်မှာ စက်တင်ဘာလ ၈ ရက်နေ့ညက စစ်ရေးပြအခမ်းအနား ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအန်းနဲ့ သမီးဖြစ်သူတို့ တက်ရောက်ခဲ့ပြီး ပြုံယမ်းမြို့တော် ကင်အယ်စွန်း (Kim Il Sung) ရင်ပြင်မှာ ကျင်းပခဲ့တာပါ။ အခမ်းအနားကို တရုတ်ထိပ်တန်းဒုခေါင်းဆောင် လူဂွမ်ကျုံး (Liu Guozhong) ဦးဆောင်တဲ့ တရုတ်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ရုရှားနိုင်ငံက ဂီတနဲ့အကအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ရုရှားသံတမန်တွေလည်း […]