စစ်ကြောင်းဝင်ချိန် ဖမ်းဆီးခံရသည့် ပခပ်ရွာသားငါးဦးပြန်လွတ်လာပြီ
Dawei Watch
September 20, 2023ထားဝယ်မှ အရှေ့တောဒေသကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခဲ့သည့် ပခပ်ရွာသားငါးဦး ယနေ့ စက်တင်ဘာလ ၂ဝရက် နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ပခပ်ရွာနှင့် အနီးဝန်းကျင်ရွာက ဒေသခံများက ပြောသည်။ စက်တင်ဘာ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ပခပ်ရွာက ဒေသခံငါးဦးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး ၎င်းတို့ကို ရမ္မဇူရွာအထိ ရိက္ခာနှင့် ပစ္စည်းများကို သယ်ခိုင်းသည်ဟုသိရကြောင်း ပခပ်ရွာသားတစ်ဦးက ဆိုသည်။ “(ရိုက်နှက်တာ) ဘာမှမလုပ်ဘူး။ သူတို့ပစ္စည်းတွေတော့ ပိုးခိုင်းတယ်လို့ပြောတယ်” ဟု ၎င်းက ပြန်လည်လွတ်မြောက်လာသူများ ပြောဆိုချက်ကို ကိုးကားက ပြန်လည်ပြောဆိုသည်။ ထီးခီး-မေတ္တာဘက်က လာသည့် စစ်ကြောင်းနောက်တစ်ကြောင်းမှာ ကျောက်မဲတောင်ရွာတွင် တစ်ညအိပ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း […]


