တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
September 23, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း ဖမ်းဆီးစစ်ဆေးခံရပြီး စီးပွားရေးရာထူးတွေကနေ ဖယ်ရှားခံရ စစ်ကောင်စီတပ်ရဲ့ ခြောက်ယောက်မြောက် အကြီးအကဲဖြစ်တဲ့အပြင် ကြည်းတပ်ရဲ့ နံပတ် ၄ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း ဖမ်းဆီးစစ်ဆေးခံနေရပြီး စီးပွားရေးရာထူးတွေက ဖယ်ရှားခံလိုက်ရပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လူယုံဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမယ့်သူလို့လည်း ထင်ကြေးပေးခံထားရသူပါ။ လက်ရှိမှာတော့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေနဲ့ ထိန်းသိမ်းခံထားရပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီ ဥက္ကဋ္ဌ ရာထူးတွေကနေ ဖယ်ရှားခံလိုက်ရပြီး ဒီနေရာတွေကို စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မြထွန်းဦးကို အစားထိုးလိုက်ပါတယ်။ […]


