ပုလောတွင် တံငါသည်များ လဝက်နီးပါးကြာ ငါးမဖမ်းရသောကြောင့် စားဝတ်နေရေးအခက်ကြုံ
Dawei Watch
September 22, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကမ်းနီးတံငါသည်များ ပင်လယ်ပြင်ထွက်ပြီး ငါးမဖမ်းရသည်မှာ လဝက်နီးပါး ရှိလာသောကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေကြောင်း တံငါသည်များက ပြောသည်။ စက်တင်ဘာလ ၉ ရက်နေ့ကတည်းက ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများမှ တံငါသည်များကို ငါးထွက်မဖမ်းရန် စစ်ကောင်စီရေတပ်က ပြောဆိုသတိပေးခဲ့ပြီးနောက် ငါးမဖမ်းရဲတော့ခြင်းဖြစ်ကြောင်း တံငါသည်များက ဆိုသည်။ “ငါးဖမ်းမထွက်ရလို့ (တံငါသည်တွေ) ထမင်းငတ်နေကုန်ပြီ။ မလိငါးကျွန်းမှာဆို အကြီးအကျယ် ခိုးတာတွေ ဖြစ်နေကုန်ပြီ။ အိမ်ထက်တက်ပြီး ဆန်တွေ ငရုတ်သီးကြက်သွန်တွေ အဲဒါတွေ ခိုးတာ၊ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှအခိုးမခံရဖူးတာတွေပါ” ဟု မလိငါးကျွန်းရွာ၏ အခြေအနေကို ပုလောဒေသခံ တံငါသည်တဦးက ပြောသည်။ မလိငါးကျွန်းသည် ပုလောမြို့နယ်အတွင်းရှိ ကျွန်းငယ်တစ်ကျွန်းဖြစ်ပြီး ကျွန်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းပေါင်းလျှင် အိမ်ခြေတစ်ရာ့ငါးဆယ်ခန့်ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မလိငါးကျွန်း၊ မလိလေးကျွန်း၊ ကျွန်းကြီး၊ ဇရပ်ဆိပ်ကျွန်း […]


