ထိုင်းနိုင်ငံရေးဂယက်ကြောင့် ရနောင်းပို့သည့် မြိတ်ရေထွက်ကုန်ဈေး ထက်ဝက်နီးပါးကျဆင်း
Dawei Watch
July 13, 2023လတ်တလောဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံရေး အပြောင်းအလဲဂယက်ကြောင့် ရနောင်းသို့ တင်ပို့ရောင်းချနေကြသည့် မြိတ်ဒေသထွက် ရေထွက်ကုန်ဈေးနှုန်း ထက်ဝက်ခန့် ဈေးကျဆင်းနေကြောင်း မြိတ်အခြေစိုက်ရေလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။ ဇွန်လအတွင်းမှစပြီး လက်ရှိအချိန်အထိ ဈေးနှုန်းများ ထက်ဝက်ခန့်ကျဆင်းနေခြင်းဖြစ်ကြောင်း ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူအချို့က ပြောသည်။ “ငါးဈေးက အရင်ရနေတဲ့ဈေးထက် သုံးဆယ်ကနေ ငါးဆယ်ပါဆင့်(ရာခိုင်နှုန်း)အထိ ကျသွားတာ။ သူတို့နိုင်ငံက စီးပွားရေး သမားတွေက နိုင်ငံရေးအပြောင်းအလဲမှာ စီးပွားရေးမလုပ်ရဲကြဘူး။ နိုင်ငံရေးအခြေအနေကိုပဲ ကြည့်နေကြတာကိုး” ဟု ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူတစ်ဦးက ပြောဆိုသည်။ နိုင်ငံရေးအပြောင်းအလဲကြောင့် ရနောင်းငါးဈေးအပြင် စက်ရုံ၊ အလုပ်ရုံများ ပိတ်သွားမည်ကို ထိုင်းစီးပွားရေး လုပ်ငန်းရှင်တို့က စိုးရိမ်မှုများရှိနေကြောင်း ကမ်းဝေးငါးဖမ်းလှေပိုင်ရှင်အချို့က ဆိုသည်။ “နိုင်ငံရေးမတည်ငြိမ်သေးတော့ တော်ကြာဆူပူတာတွေ ဖြစ်လာမယ်ဆိုရင် စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သွားရင် လက်ထဲမှာ ဝယ်ထားတာတွေ ကိုင်မိထားသလိုဖြစ်သွားမယ်။ ကိုင်ထား […]


