ခမောင်းချောင်းရွာတွင် နေအိမ်လေးလုံး မီးရှို့ခံထားရ
Dawei Watch
September 27, 2023ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာတွင် စက်တင်ဘာ ၂၄ ရက်နေ့က နေအိမ်လေးဆောင် မီးရှို့ခံထားရသည်။ ယင်းအပြင် ဖောက်ထွင်းခံရပြီး ရိက္ခာအပါအဝင် အိမ်တွင်းပစ္စည်းတွေ ယူဆောင်ခံရသည့် နေအိမ်မှာ ၁၀ လုံးထက်မနည်းရှိကြောင်း ဒေသခံများထံမှသိရသည်။ ဩဂုတ်လမှ စက်တင်ဘာလ အထိ နှစ်လအတွင်း ထားဝယ်အထူးစီးပွားရေးဇုံဒေသ ဖြစ်သည့် ခမောင်းချောင်း၊ဧကနိ၊ဝဇွမ်း တောရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်စဥ် မီးရှို့ခံရသည့်နေအိမ်မှာ ၁၈ ဆောင်ရှိသွားပြီဖြစ်သည်သည်။


