ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကားစရိတ်မတတ်နိုင်၍ ထိုင်းတောင်ပိုင်းပြိုင်ပွဲတွင် ဝင်မပြိုင်ဖြစ်ဟု ထားဝယ်သားပြော

Dawei Watch

July 17, 2023

ကားဝယ်ရမည့် စရိတ်မတတ်နိုင်သည့်အတွက် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကျင်းပမည့် ကားမောင်းပြိုင်ပွဲကို ဝင်မပြိုင်ဖြစ်တော့ကြောင်း ထားဝယ်သား ကိုပြည့်ဇော်ဟိန်းက ပြောသည်။ ကိုပြည့်ဇော်ဟိန်းသည် ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်တွင် ပြီးခဲ့သည့်လကကျင်းပခဲ့သည့် ငါးနိုင်ငံဖိတ်ခေါ် ကားမောင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်သိမ့်ဆုရရှိခဲ့သည်။ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိကျင်းပမည့် ကားမောင်းပြိုင်ပွဲကိုမူ ကားဝယ်ရမည့်စရိတ် ကြီးမားသည့်အတွက် ဝင်မပြိုင်ဖြစ်တော့ကြောင်း ကိုပြည့်ဇော်ဟိန်းက ဆိုသည်။ ကန်ချနဘူရီခရိုင်ပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပြိုင်ပွဲအမျိုးအစား Hilux Revo Off Road ပြိုင်ပွဲဖြစ်ပြီး လက်ရှိကျင်းပမည့် ပြိုင်ပွဲတွင် ယင်းပြိုင်ပွဲ မပါဝင်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိကျင်းပမည့် ပြိုင်ပွဲအမျိုးအစားမှာ ကားသွားရန် မဖြစ်နိုင်လောက်သည်အထိ ကြမ်းတမ်းသည့် ခရီးကြမ်းပြိုင်ပွဲဖြစ်သည်။ “တစ်ကယ်က ကျွန်တော်ကြိုက်တဲ့အမျိုးအစား(ပြိုင်ပွဲ)က အဲဒီအမျိုးအစားလေ။ အခုက […]

ကံပေါက်တွင် အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

July 17, 2023

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာတွင် ဇူလိုင်လ ၁၆ ရက်က အမျိုးသမီးနှစ်ဦး ထပ်မံဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဗိုလ်ချုပ်လမ်း၊ ကျောက်တိုင်အနီး လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုတွင် ဇူလိုင်လ ၁၆ ရက် နေ့လယ်ပိုင်းက အသက်၃၀ ဝန်းကျင် အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရခြင်းကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ ဝမ်းကွဲညီအစ်မတော်စပ်ကြသည့် အသက် ၃၀ ဝန်းကျင်အရွယ် မအေးသူနှင့် မသဇင်လွင်တို့ ဖြစ်ကြောင်း ဆိုသည်။ ၎င်းတို့ကို မောရဝတီရေတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့် အကြောင်းအရင်းကြောင့် ဖမ်းဆီးခံရသည်ကိုမူ မသိရကြောင်း ဒေသခံတို့က ပြောဆိုသည်။ ဇူလိုင်လ ၁၅ ရက်ကလည်း ကံပေါက်ဈေးအတွင်းရှိ ကုန်စုံဆိုင်ပိုင်ရှင်မိသားစုဝင် လေးဦးနှင့် အလုပ်သမားနှစ်ဦး စုစုပေါင်း ခြောက်ဦးတို့ ဖမ်းဆီးခံခဲ့ရသေးသည်။ “အခုရက်ပိုင်းက ကံပေါက်မှာ ပိုက်ဆံရှိတဲ့အသိုင်းအဝိုင်းတွေကို ဖမ်းဆီးနေတယ်။ […]

ဘန်ကောက်တွင် ဆောက်လက်စတိုက် ပြိုကျ၍ မြန်မာလုပ်သားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

Dawei Watch

July 17, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကလေးထိန်းကျောင်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အပြင်ဘက် ဝရန်တာ ပြိုကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်မြို့ ဘင်ကူနယ်မြေ‌ ခလောကူဒေသရှိ ကလေးထိန်းကျောင်း ၂ ထပ် အဆောက်အအုံ ပြင်ဆင်ဆောက်လုပ်နေချိန် ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် အပြင်ဘက် ဝရန်တာဘောင် ပြိုကျခဲ့ခြင်းဖြစ်သည်။ အဆောက်အအုံ အနောက်ဘက် တစ်ထပ်နှင့် နှစ်ထပ်အကြားတွင်ရှိသော ဝရန်တာဘောင်မှာ အမြင့် ၅ မီတာမှ မြန်မာအလုပ်သမားနှစ်ဦးပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ပြုတ်ကျမှုကြောင့် မြန်မာအလုပ်သမားတစ်ဦးသည် ဒဏ်ရာပြင်းထန်ပြီး သွေးထွက်လွန်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များက အရေးပေါ်အသက်ကယ်နည်းများသုံး၍ အသက်ကယ်ခဲ့သော်လည်း သတိပြန်လည်မလာတော့ပဲ အခင်းဖြစ်သောနေရာတွင်ပင် သေဆုံးသွားခဲ့သည်။ သေဆုံးသူသည် အသက် ၂၇ နှစ်အရွယ် ကိုကုလားအမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင် ရောက်လာသည်မှာ […]

မြိတ်ရေကန်ဘောင်ကန်ထဲတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

Dawei Watch

July 17, 2023

မြိတ်မြို့ ကန်ကြီးရပ်ရှိ ရေကန်ဘောင်ကန်ထဲတွင် ဇူလိုင်လ ၁၆ ရက် ညနေ ၄နာရီခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။ အဆိုပါ ရေကန်ဘောင်ကန်ထဲတွင် သူငယ်ချင်းဖြစ်သူ အမျိုးသားနှစ်ဦးတို့ ရေဆင်းကူးရာမှ တစ်ဦးမှာ ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ကန်ကြီးရပ်ကွက်နေသူအချို့က ဆိုသည်။ “မိုးကောင်းနေတုန်း ရေဆင်းကူးကြရင်း ရေနစ်သွားတာ” ဟု ကန်ကြီးရပ်နေသူတစ်ဦးက ပြောဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် ရေနစ်သေဆုံးခဲ့သည်ကို အသေအချာ မသိရှိရသေးပေ။ ကန်အတွင်း အမျိုးသားတစ်ဦး ရေနစ်ခဲ့ကို ဖုန်းလက်ခံရရှိသဖြင့် သွားရောက်ကူညီပေးခဲ့ကြောင်း နာရေကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ “ဘယ်လိုရေနစ်သွားမှန်းတော့ မသိရဘူး။ ရေထဲဆင်းဆယ်ပြီးတော့ ဆေးရုံကို ပို့ပေးခဲ့တယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအား စစ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ ရေနစ်သေဆုံးသည့် အသက် ၄၀ […]

လောင်းလုံးအောက်ဘက်သို့ ရေလမ်းကလာသည့် စစ်ကောင်စီတပ်လှေ နစ်မြုပ်

Dawei Watch

July 17, 2023

လောင်းလုံးမြို့အောက်ဘက် သကျက်တောကျေးရွာဖက်သို့ ရေလမ်းကလာသည့် စစ်ကောင်စီတပ်၏ လှေတစ်စီး နစ်မြုပ်သွားကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၁၆ ရက်ညအချိန် သပြေရှောင်နှင့် ရှင်မော်ကြားရှိ ထားဝယ်မြစ်တစ်နေရာတွင် နစ်မြုပ်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုးသက်လေပြင်းများ ကျရောက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာသည့် စက်လှေနှစ်စီးအနက် တစ်စီး နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ညက မိုးတွေလေတွေ အရမ်းတိုက်‌တော့ ကမ်းကို ကပ်ဖို့လုပ်တာမှာ တစ်ခုခုနဲ့ ထိုးမိပြီး လှေနစ်သွားတာလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ ယနေ့ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင်မူ ယင်းစက်လှေမြုပ်သည့်နေရာ အနီးအနားတွင် အခြားစက်လှေသုံးစီး ရောက်ရှိနေပြီး တစ်ခုခုကို ရှာဖွေနေဟန်ရှိကြောင်း မျက်မြင်တွေ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ ကျောက်နီမော်ကျေးရွာမှ ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်နှင့်အဖွဲ့ကလည်း လှေများဖြင့် သွားရောက် […]

ပျူစောထီးများ ဖမ်းဆီးခံရပြီးနောက် ရငဲရွာတွင် တိုက်ပွဲဖြစ်

Dawei Watch

July 17, 2023

သရက်ချောင်းမြို့နယ်တွင် ပျူစောထီးများ ဖမ်းဆီးခံရပြီးနောက် ရငဲရွာအနီးတွင် ဇူလိုင်လ ၁၆ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။ ယင်းနေ့ မွန်းလွဲ ၁နာရီဝန်းကျင်က ပဲဒက်ကျေးရွာဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကား သုံးစီးပေါ်တွင် လိုက်ပါလာသည့် ပျူစောထီးအဖွဲ့ဝင် ငါးဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ပျူစောထီးအဖွဲ့ဝင်များကို ဖမ်းဆီးပြီး ကျန်ခရီးသည်များကို လွှတ်ပေးလိုက်ကြောင်း ၎င်းက ဆိုသည်။ ပျူစောထီးအဖွဲ့ဝင်များ ဖမ်းဆီးခံရပြီးနောက် ရငဲကျေးရွာ မြွေတောင်ပေါ်မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မွန်းလွဲ ၂ နာရီခန့်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က နှစ်ဦးသေဆုံးပြီး ငါးဦးခန့် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။ […]

ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၃ ဦးနှင့် ထိုင်းအလုပ်ရှင် ပစ်သတ်ခံရ

Dawei Watch

July 17, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် တောင်ခြေရှိ ရော်ဘာခြံထဲတွင် မြန်မာအလုပ်သမား ၃ ဦးနှင့် ထိုင်းနိုင်ငံသား အလုပ်ရှင်တစ်ဦးတို့ မနေ့(ဇူလိုင် ၁၆)က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။ အခင်းဖြစ်ပွားမှုသည် ချွန်ဖော်ခရိုင် ဆဝီဒေသရှိ လူသူအရောက်အပေါက်နည်းသော အာရှလမ်းမကြီးနှင့် ၁၅ ကီလိုမီတာခန့်အကွာ ရော်ဘာခြံရှိ အလုပ်သမားအဆောင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံသား ‌ရော်ဘာခြံပိုင်ရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရပြီး သေဆုံးနေသည်ကို သားဖြစ်သူက တွေ့ရှိခဲ့ရပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။ ခြံပိုင်ရှင်မှာ သေနတ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခံထားရပြီး သေဆုံးချိန် အနည်းဆုံး ၁၀ နာရီခန့် ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ခြံအတွင်းအနီးအနားများကို စစ်ဆေးခဲ့သောအခါ မြန်မာအလုပ်သမားတစ်ဦးမှာ ဆိုင်ကယ်နှင့်အတူ မီးရှို့ခံထားရသည့် ပုံစံမျိုးတွေ့ရကြောင်း သတင်းများကဆိုသည်။ ကျန်အလုပ်သမားနှစ်ဦးကို အလုပ်သမားအဆောင်အရှေ့နှင့် အခန်းအတွင်းတွင် […]

ထားဝယ်ရေနက်ဆိပ်ကမ်းအနီးဝန်းကျင်ကို စစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံရသည့် ဒေသခံများပြန်လွတ်

Dawei Watch

July 16, 2023

ရေဖြူမြိုနယ် နဘုလယ်ဒေသသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်စဉ် ဖမ်းဆီးခံရသည့် ဒေသခံခုနစ်ဦး ပြန်လည်လွတ်မြောက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ရှိသည့် နဘုလယ်ဒေသကို ဇူလိုင်လ ၁၁ ရက်တွင် စစ်ကြောင်းထိုးလာပြီး ဇူလိုင်လ ၁၅ရက် နံနက်ပိုင်းတွင် ခမောင်းချောင်းရွာသား‌လေးဦးနှင့် လဲရှောင်ရွာသားသုံးဦးတို့ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါဒေသခံအမျိုးသား ခုနစ်ဦးကို ယနေ့ ဇူလိုင်လ ၁၅ ရက် ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်သဖြင့် ရွာသို့ ပြန်ရောက်ရှိလာကြပြီဖြစ်ကြောင်း ခမောင်းချောင်းနှင့် လဲရှောင်ရွာက ဒေသခံအချို့ကို မေးမြန်းချက်အရ သိရသည်။ “ရွာသားတွေကတော့ ပြန်လွတ်ပါပြီ” ဟု ခမောင်းချောင်းရွာ ဒေသခံတစ်ဦးက ပြောသည်။ ခမောင်းချောင်းဘက်မှ ဧကနိကျေးရွာဖက်သို့ စစ်ကြောင်းဆက်ထိုးသွားပြီး ဇူလိုင်လ ၁၅ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဧကနိရွာနှင့် ခမောင်းချောင်းရွာကြားက […]