ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

September 30, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ နေအိမ်အဆောက်အအုံ ရှစ်သောင်းခြောက်ထောင်ကျော် မီးရှို့ခံရ အာဏာသိမ်းကာလ ၂နှစ်ခွဲကျော်အတွင်း ဘာသာရေးအဆောက်အအုံတွေအပါအဝင် နေအိမ် အဆောက်အအုံ ရှစ်သောင်းခြောက်ထောင်ကျော် မီးရှို့ဖျက်ဆီးခံရလိုက်ရပါတယ်။ လက်နက်ကိုင်ပဋိက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေကြောင့် မြို့နယ်ပေါင်း ၁၁၀ ကျော်မှာ မီးရှို့ခံခဲ့ရတာလို့ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု ISP Myanmar က စက်တင်ဘာလ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။ အဲဒီထဲက ၆၄ရာခိုင်နှုန်းကျော် အဆောက်အအုံ အလုံးရေအားဖြင့် ငါးသောင်းငါးထောင်ကျော်ဟာ ၂၀၂၂ ခုနှစ်ထဲမှာပဲ မီးရှို့ဖျက်ဆီးခံရတာလို့ ဖော်ပြပါတယ်။ အခုနှစ် စစ်အုပ်ချုပ်ရေးကြေညာအပြီးမှာ မီးရှို့မှုတွေ မြင့်တက်ခဲ့ပေမယ့် နှစ်လယ်ပိုင်းကစပြီး မီးရှို့မှုလည်း […]

နဂါးနက်အဖွဲ့နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပစ်ခတ်မှုဖြစ်

Dawei Watch

September 30, 2023

တနင်္သာရီအခြေစိုက် နဂါးနက်အဖွဲ့နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ ၂၉ ရက်နေ့ ည ၈ နာရီဝန်းကျင်က တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုတွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ “ရဲဘော်တွေ ကင်းလှည့်ထွက်ရာမှာ သူတို့(နဂါးနက်)က စပစ်ပြီး မိုင်းခွဲခဲ့တယ်”ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ ရဲဘော်ကပြောသည်။ နဂါးနက်အဖွဲ့က ည ၈ နာရီအချိန် တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းတံတားတွင် မိုင်းတစ်လုံး စတင်ဖောက်ခွဲခဲ့ပြီး အင်းရှည်ကုန်းကျေးရွာ ဆေးခန်းအနီးသို့လည်း ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူများ ကလည်းဆိုသည်။ နဂါးနက်အဖွဲ့၏ ပစ်ခတ်မှုနှင့် မိုင်းခွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရကြောင်း ဒေသခံများ ထံမှသိရသည်။ “ညကရဲဘော်တွေ အပစ်ခံရတော့ ပကဖအဖွဲ့က ဝိုင်းလိုက်ကြတာ သူတို့(နဂါးနက်အဖွဲ့) သရဘွင်ကျောက်တောင်ဘက် ထွက်ပြေးသွားကြတယ်။ […]

ပုလောတွင် တစ်မနက်တည်း ထိတွေ့ပစ်ခတ်မှုသုံးကြိမ်ဖြစ် နှစ်ဖက်ထိခိုက်မှုရှိဟုဆို

Dawei Watch

September 30, 2023

ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ စက်တင်ဘာလ ၂၈ရက် တစ်မနက်တည်း ထိတွေ့ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်သည်။ စက်တင်ဘာ ၂၈ ရက်နေ့ နံနက် ၇ နာရီမှစပြီး ၆ မိုင်၊ နန်းပရုပ်နှင့် မြစ်ချဉ်စုကျေးရွာအနီးတို့တွင် ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွာခြင်းဖြစ်ကြောင်း အမှတ် ၁ တပ်ရင်းက စက်တင်ဘာလ ၂၉ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ ၆ မိုင်အနီးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်များနှင့် အပြန်အလှန်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ရှေ့ထွက်မိုင်းသုံးကာ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။ ယင်းနောက် ပုလောမြို့မှ ထွက်ခွာလာသည့် စစ်ယာဉ်တန်းအား တိုက်ခိုက်ရန်လာစဉ် နန်းပရုပ်ရွာအနီး ထပ်မံ တိုက်ပွဲ ဖြစ်ခဲ့ပြီး အင်အား ၇၀ ခန့်ရှိ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

September 29, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ မြောက်ကိုရီးယားကို ထွက်ပြေးခဲ့သော အမေရိကန်စစ်သား နေရပ်ပြန်ရောက် မြောက်ကိုရီးယားကနေ အမေရိကန်စစ်သား Travis King ကို တရုတ်နယ်မြေကတဆင့် ထွက်ခွာဖို့ ခွင့်ပြုခဲ့ပြီး တောင်ကိုးရီးယား ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ထရာ့ဗစ်ကင်းဟာ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်စစ်စခန်းကနေ အမေရိကန်နိုင်ငံ ကို စက်တင်ဘာ ၂၈ ရက်နေ့က ပြန်ရောက်လာပြီလို့ ဆိုထားပါတယ်။ ဒါကို အမေရိကန်သမ္မတ အိမ်ဖြူတော်က တရုတ်အစိုးရ နဲ့ ဆွီဒင်အစိုးရတို့ကို စက်တင်ဘာလ ၂၇ ရက်နေ့က ကျေးဇူးတင်စကား ပြောလိုက်တာပါ။ ဆွီဒင်တာဝန်ရှိသူတွေက အမေရိကန်စစ်သား ထရာဗစ်ကင်းကို မြောက်ကိုရီးယား နဲ့ တရုတ်နယ်စပ် ကို […]

မွန်ရိုးရာ တော်သလင်းလ လှေဆွမ်းတော်ကြီးတင်ပွဲ

Dawei Watch

September 29, 2023

တနင်္သာရီတိုင်းအတွင်း မွန်လူမျိုးများနေထိုင်သည့် ကျေးရွာများတွင် နှစ်စဉ်တော်သလင်းလပြည့်ရောက်တိုင်း မွန်ရိုးရာ လှေဆွမ်းတော်ကြီးတင်ပွဲကို ကျင်းပပြုလုပ်ကြသည်။ ယနေ့ စက်တင်ဘာလ ၂၉ ရက်တွင် ကျရောက်သည့် ယခုနှစ် တော်သလင်းလပြည့်နေ့တွင်လည်း ရေဖြူနှင့် ကော့သောင်းမြို့နယ်များရှိ မွန်လူမျိုးများက လှေဆွမ်းတော်ကြီးတင်ပွဲကို ပြုလုပ်ကြသည်။ “အရင်နှစ်တွေကလောက်တော့ မစည်ကားဘူးပေါ့။ အဝေးရောက်ရွာသားတွေလည်း များလာတော့ မစည်တော့ဘူး။ ရိုးရာမပျက်လုပ်တာလောက်ပါပဲ” ဟု ရေဖြူမြို့နယ်၊ ကောင်းမှုရွာက မွန်လူမျိုးတစ်ဦးကပြောသည်။ မွန်ရာဇာဝင် ကျမ်းများအရ ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်တွင် သီဟိုဠ် (သီရိလင်္ကာ) သို့ မွန်သံဃာတော် ၄၄ ပါးကို ဓမ္မစေတီမင်းက ရာမဒူတသင်္ဘောနှင့် စိတြဒူတသင်္ဘော နှစ်စီးဖြင့် သာသနာပြုခရီး စေလွှတ်ခဲ့ပြီး အပြန်ခရီးစဉ်တွင် ရာမဒူတသင်္ဘောက ခရီးစဉ်ချောမွေ့စွာ ပြန်ရောက်နိုင်ခဲ့သည်။ စိတြဒူတသင်္ဘောမှာ လေပြင်းမုန်တိုင်း မိသဖြင့် ပျောက်နေရာ ယင်းသင်္ဘောပါ […]

ပုလော ကျေးရွာ ခြောက်ရွာတွင် လျှပ်စစ်မီး ပြတ်တောက်မှု တစ်ပတ်ကြာလာပြီ

Dawei Watch

September 29, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ကျေးရွာ ခြောက်ရွာတွင် လျှပ်စစ်မီးပြတ်တောက်နေသည်မှာ တစ်ပတ် ကြာလာပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။ စက်တင်ဘာလ ၁၁ရက်မှ ၁၈ ရက်အထိ စစ်ကောင်စီတပ်က ကြည်း၊ ရေ နှစ်ဖက် ညှပ်တိုက်ခဲ့သည့် လက္ကူးကျေးရွာအုပ်စုရှိ ကျေးရွာ ငါးရွာနှင့် မင်းထိန်ရွာတို့တွင် လျှပ်စစ်မီး ပြတ်တောက်နေခြင်း ဖြစ်သည်။ လက္ကူး ကျေးရွာ အုပ်စုတွင် လက္ကူး၊ ပြင်းဖြူ၊ မှော်ကြောင်း၊ မြဒေါင်နှင့် ပဲ့ထောင့်ရွာ တို့ ပါဝင်သည်။ “ဒီနေ့ဆို တစ်ပတ်ရှိပြီ။ ဖြတ်ထားတာလား၊ ပြတ်နေတာလား မသဲကွဲဘူး။ မီးမရလို့ ဖုန်းအားသွင်းလို့လည်းမရ၊ရွာသားတွေ တော်တော် ဒုက္ခရောက်နေကြတယ်။ တခုခုဖြစ်လာမှာကိုလည်း စိုးရိမ်နေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။ လက္ကူးကျေးရွာအုပ်စုတွင် လျှပ်စစ်မီးပြတ်တောက်နေသည့်အပြင် ယနေ့ စက်တင်ဘာလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖုန်းလိုင်းများလည်း […]

ရေခဲချောင်း လိုက်ရောင်းသည့် ကျောက်နီမော်ရွာသား ပျောက်ဆုံးနေ

Dawei Watch

September 29, 2023

ရေခဲချောင်းထွက်ရောင်းသည့် လောင်းလုံးမြို့နယ် ၊ကျောက်နီမော်ရွာသား ဦးသံခဲဆိုသူ ပျောက်ဆုံးနေသည်မှာ ယနေ့ စက်တင်ဘာ ၂၉ ရက် နေ့ဆိုလျှင် ၅ရက်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ဦးသံခဲဆိုသူသည် အသက် ၅၀ ကျော်ဝန်းကျင်အရွယ်ရှိပြီး စက်တင်ဘာလ ၂၅ ရက်နေ့က  ဆိုင်ကယ်ဖြင့် အောက်ကျောက်ဝပ်ရွာ၊ ညောပြင်ရွာတို့တွင် ရေခဲချောင်းလိုက်ရောင်းရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူမိသားစုကတော့ လိုက်ရှာနေကြတယ်။ ‌တော်တော်ရိုးသားတဲ့သူ၊ လည်လည်ဝယ်ဝယ်လည်းမဟုတ်ဘူး၊ ပျောက်ဆုံးသွားတယ်ဆိုတာကို တော်တော်အံ့ဩရတယ်”ဟု ၎င်းကပြောသည်။ ၎င်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးထားကြောင်း သတင်းထွက်နေသော်လည်း  မည်သည့်အဖွဲ့က မည်သည့်အကြောင်းယင်းကြောင့် ဖမ်းဆီးထားကြောင်း မသိရသေးပေ။ ဖမ်းဆီးထားသည်ဆိုသော သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့ကလည်း ထုတ်ပြန် ထားသည်ကို မတွေ့ရသေးပေ။ ဦးသံခဲသည် ရေဖြူမြို့နယ် ကံပေါက် ဒေသ ဇာတိဖြစ်ပြီး ကျောင်နီမော်ရွာတွင် အိမ်ရာထူထောင်ပြီး နေထိုင်သည်မှာ နှစ်ပေါင်း ၃၀ ထက်မနည်းရှိပြီ […]

တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၈ ဦး ထိုင်းရဲဖမ်းဆီး

Dawei Watch

September 29, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၈ ဦးကို စက်တင်ဘာလ ၂၇ ရက်နေ့ ညဘက်တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရန်စစ်-နခွန်နယွတ် အဝေးပြေးလမ်းမကြီးပေါ်တွင် အိမ်စီးကားတစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့များက စစ်ဆေးရာမှ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၁၈ ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများသည် ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ဝမ်ကျောက်ဒေသသို့ တရားမဝင် တောလမ်းအတိုင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများဖြစ်ကြောင်း ဖြေကြားချက်ကို ‌ဖော်ပြထားသည်။ အားလုံးသည် ဘန်ကောက်မြို့တွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားနှင့်ချိတ်ဆက်၍ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်ပြီး ခရီးစဉ်အတွက် ဘတ် ၁၅၀၀၀ မှ ၂၅၀၀၀ အထိ ပေးရကြောင်း သတင်းတွင်ဖော်ပြထားသည်။ ထိုင်းကားသမားကလည်း မြန်မာအလုပ်သမားများကို ဝမ်ကျောက်ဒေသရှိ ငှက်ပျောတောထဲမှ ဘန်ကောက်မြို့ ဒွန်မောင်းဒေသသို့ ဘတ် ၁၅၀၀၀ […]