ဖမ်းဆီးခံရသည့် ပေါင်ဒေသခံအချို့ အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံရ
Dawei Watch
October 4, 2023မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာက ဖမ်းဆီးခံထားရသည့် ဒေသခံများအနက် ခြောက်ဦးကို စစ်ကောင်စီက ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း အမှုဖွင့်ခံရသူတို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။ ပေါင်မြို့နယ် နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရသည့်ဖြစ်စဉ်နှင့် ရဲစခန်း၊ ထွေအုပ်ရုံးတိုက်ခိုက်ခံရသည့် ဖြစ်စဉ်တို့ ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ပထမအပတ်အတွင်းက ဒေသခံ ၁၅ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းအနက် ဥတ္တံတားကျေးရွာနေ ဒေါ်ခင်သန်းနု၊ ဒေါ်ဇင်မာထွန်းနှင့် ဒေါ်စန္ဒာလင်းတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ၊ ၅၀ (ည) တို့ဖြင့် စက်တင်ဘာလနောက်ဆုံးအပတ်က အမှုဖွင့်ခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ ယင်းအပြင် ဥတ္တံတားကျေးရွာနေ ဒေါ်ချိုဝင်း၊ ဒေါ်ခင်သီတာကျော်နှင့် ကိုဖိုးချိုတို့ သုံး ဦးကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်က […]


