ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေးမြို့ ကိုရင်လေး လေးမျက်နှာထိုင်တော်မူဘုရားကြီးတွင် ဘုရားတစ်ဆူ သင်္ကန်းတော်ပြိုကျ

Dawei Watch

October 7, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ ကျိုက်ဒေတမော့ဗရတ်သာသနာပြုနယ်မြေ (ကိုရင်လေးဆရာတော်ကျောင်း) ရှိ ရာမညအတုလ လေးမျက်နှာထိုင်တော်မူ ဘုရားလေးဆူအနက် တစ်ဆူ သင်္ကန်းတော်ပြိုကျကြောင်း မြို့ခံများက ပြောသည်။ ပုပ္ပဝတီရွာတွင် တည်ထားသည့် ဘုရားလေးဆူအနက် အနောက်ဘက်အရပ်သို့ မျက်နှာမူထားသည့် ရုပ်ပွားတော်တွင် ကွန်ကရစ်ဖြင့်ပြုလုပ်ထားသည့် သင်္ကန်းတော်များ အောက်တိုဘာလ ၆ ရက် နံနက် ၁ဝ နာရီခွဲဝန်းကျင်တွင် ပြိုကျကြောင်း ၎င်းတို့က ဆိုသည်။ ရုပ်ပွားတော်တွင် အက်ကွဲကြောင်းများဖြစ်ပေါ်နေသဖြင့် သီတင်းကျွတ်ကာလအမီတွင် သင်္ကန်းတော်များကို ခွာချပြီး ပြုပြင်ရန်စီစဉ်ထားချိန် ယခုကဲ့သို့ ပြိုကျသွားခြင်းဖြစ်ကြောင်း ကိုရင်လေးကျောင်းက သတင်းထုတ်ပြန် ထားသည်။ သင်္ကန်းတော်ပြိုကျရာတွင် လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ “အနောက်ဘက်ကို မျက်နှာမူနေတဲ့ ဘုရားကြီးက လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက မိုးကြိုးလျှပ်စီးထိပြီး သင်္ကန်းတော်အက်ကွဲကြောင်းပေါ်နေတယ်။ အဲဒီကွဲကြောင်းကို ပြုပြင်မလို့စီစဉ်နေတုန်းပဲ သူ့ဟာသူပြိုကျသွားတာပါ” […]

ပုလော လက္ကူးရွာအုပ်စုက တံငါလှေများ တစ်လကြာသည်အထိ ငါးဖမ်းမထွက်ရသေး

Dawei Watch

October 7, 2023

စစ်ကောင်စီတပ်က ကြည်း၊ ရေနှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့သည့် ပုလောမြို့နယ်၊ လက္ကူးကျေးရွာအုပ်စုရှိ တံငါလှေငယ်များ နားထားရပြီး တစ်လကြာသည်အထိ ငါးဖမ်း မထွက်ကြရသေးကြောင်း ဒေသခံများက ပြောသည်။   ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့က ပုလောပင်လယ်ပြင်ရှိ ရေတပ်စစ်သင်္ဘောနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဖက်ပစ်ခတ်မှု ပထမဆုံးအကြိမ် ဖြစ်ခဲ့ကြသည်။ ယင်းနောက် ငါးဖမ်းလှေငယ်များအား ငါးဖမ်းမထွက်ရန် ရေတပ်စစ်သင်္ဘောက ပြောဆိုခဲ့သလို ထွက်လာသည့် လှေများအား ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများလည်း ပြုလုပ်ခဲ့သည့်အတွက် လက်ရှိအချိန်ထိ ရပ်နားထားရကြောင်း ဒေသခံများက ဆိုသည်။ စက်တင်ဘာလ ၁၁ ရက်မှ ၁၈ ရက်အထိလည်း တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က ကြည်း၊ ရေနှစ်ဖက်ညှပ် တိုက်ခိုက်ခဲ့သေးသည်။ “ပုလောမြို့နဲ့ ကျောက္ကာအုပ်စုဖက်က လှေတွေတော့ ထွက်လို့ရနေပြီ။ ထွက်လို့မရတာက လက္ကူးကျေးရွာအုပ်စုက လှေတွေပဲ။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

October 6, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာ ၆ ရက်နေ့အထိ အင်ဒိုနီးရှားတွင် မြန်နှုန်းမြင့် ကျည်ဆန်ရထားဖွင့်လှစ် အင်ဒိုနီးရှားနိုင်ငံ မြို့တော်နဲ့ Bandung မြို့ နဲ့ ဆက်သွယ်ထားတဲ့ မြန်နှုန်းမြင့် ကျည်ဆံရထားလမ်းကို အောက်တိုဘာ ၂ ရက်နေ့က အင်ဒိုနီးရှားသမ္မတ Joko Widodo က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရထားလမ်းကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံတန်ဖိုး အကုန်ကျခံတည်ဆောက်ထားတာပါ။ အရှေ့တောင်အာရှမှာတော့ အင်ဒိုနီးရှားက ပထမဆုံး ကျည်ဆံရထားကို ပြေးဆွဲတာဖြစ်ပြီး အင်ဒိုနီးရှားနဲ့ တရုတ်ကုမ္ပဏီတွေပူးပေါင်း တည်ဆောက်ခဲ့ပါတယ်။ ဒီကျည်ဆန်ရထားဟာ တနာရီကို ကီလိုမီတာ ၃၅၀ မိုင်နဲ့ဆိုရင် ၂၂၀ နီးပါး […]

စစ်ကောင်စီ ဖမ်းထားသည့် ခမောင်းချောင်းဒေသခံ သားအဖ အလောင်းသာပြန်တွေ့

Dawei Watch

October 6, 2023

စစ်ကောင်စီက ဖမ်းဆီးသွားသည့် ရေဖြူမြိုနယ် ခမောင်းချောင်းရွာက သားအဖ နှစ်ဦးကို သေဆုံးလျက် ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများထံမှသိရသည်။ စစ်ကြောင်းပြန်ထွက်သွားပြီးနောက် အောက်တိုဘာ ၄ ရက်နေ့တွင် ဦးသန်း၏ရုပ်အလောင်းကို ခမောင်းချောင်းရွာအနီး တောင်ကြောတွင်တွေ့ရပြီး၊ ၎င်း၏သားဖြစ်သူ ကိုသားငယ်၏ ရုပ်အလောင်းကို စီးနှင်းခံရသည့် PDF စခန်းတစ်ခုအနီးတွင် အောက်တိုဘာလ ၅ ရက်နေ့က ပြန်တွေ့ရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ” သားဖနှစ်ယောက် အလောင်းတွေက တစ်နေရာစီမှာ တွေ့ရတယ် “ဟု ၎င်းကပြောသည်။ စက်တင်ဘာလ ၂၁ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းသည် ထားဝယ်အထူးပွားရေးဇုန်‌ဒေသဖြစ်သည့် ခမောင်းချောင်း ရွာကို ဝင်ရောက်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဒေသခံ ၁၀ ဦးကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့် ၁ဝ ဦးမှာ ခမောင်းချောင်းရွာအနီး ဥယျာဉ်ခြံတစ်တစ်ခုတွင် စစ်ဘေးရှောင်ရင်း ဦးသန်းတို့သားအဖနှစ်ဦးနှင့်အတူ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ယင်းနောက် […]

မြိတ်တွင် ဘောတံတား ညစောင့်အမျိုးသား ပစ်သတ်ခံရ

Dawei Watch

October 6, 2023

မြိတ်မြို့၊ အနောက်လယ်ရပ်ကွက် အမှတ် ၁ ဘောတံတားတွင် မနေ့ (အောက်တိုဘာ ၅) ည ၁၁ နာရီအချိန်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။ အဆိုပါ ဘောတံတားတွင် ညစောင့်အဖြစ် လုပ်ကိုင်နေသည့် အသက် ၄၀ နှစ်ခန့်ရှိ ကိုဝတုတ်ဆိုသူ အမျိုးသား သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့က ဆိုသည်။ “ညနက်နေပြီဆိုတော့ သေနတ်သံတွေ ဘာတွေတော့ မကြားရဘူး၊ မနက်လင်းမှ သေနတ်ပစ်သတ်ခံရတာလို့ သိရတယ်။ သူက အနေအေးတဲ့သူပါ၊ ကြားရတာ စိတ်တောင်မကောင်းဘူး” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါ ညစောင့်အမျိုးသားကို ပျူစောထီးအဖွဲ့က လာရောက်ပစ်ခတ်ပြီး အလောင်းအား သယ်ယူသွားခြင်းဖြစ်ကြောင်း တံတားရှိ အလုပ်သမားအချို့က ဆိုသည်။ “တံတားကလူတွေက ဒီလိုပဲ ပြောဆိုသံတွေ […]

ထားဝယ်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား

Dawei Watch

October 6, 2023

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ထားဝယ်မြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၃ ရက်အတွင်း တိုက်ပွဲ ၄ ကြိမ်ထက်မနည်း ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှသိရသည်။ ထားဝယ်မြို့နယ် ပကာရီကျေးရွာအုပ်စု ၊ ရေဝိုင်းကျေးရွာနှင့် မောင်မယ်ရှောင်ကျေးရွာအုပ်စု ၊ ပခပ်အင်းရွာတို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထိတွေ့တိုက်ပွဲများတွင် နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးကြောင်း နီးစပ်သူများက အတည်ပြုပြောဆိုသည်။ “ ကျသွားတဲ့တစ်ယောက်က အဖမ်းခံရပြီးမှ အသတ်ခံလိုက်ရတယ်။ ပခပ်အင်းမှာကျသွားတာပါ “ ကျဆုံးသွားသည့် ရဲဘော်နှင့်နီးစပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ထားဝယ် ပကဖ အဖွဲ့တစ်ခုဖြစ်သည့် DGRF အဖွဲ့မှ ရဲဘော်တစ်ဦးကို လက်နက်များနှင့်အတူ အသေဖမ်းဆီးရမိကြောင်း ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ DGRF အဖွဲ့ […]

KNU တပ်မဟာ-၄ က ကော်သူးလေတပ်၏ စခန်းငယ်တစ်ခုကို သိမ်းပိုက်

Dawei Watch

October 6, 2023

ထိုင်း-မြန်မာနယ်စပ် ထီးခီးနယ်စပ်အနီးက ကော်သူးလေအာမီ-KTLA တပ်စခန်းငယ်တစ်ခုကို KNU တပ်မဟာ-၄ ၏ KNLA တပ်ရင်းက အောက်တိုဘာ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း နှစ်ဖက်အဖွဲ့၏ အတည်ပြုချက်အရ သိရသည်။ ယင်းစခန်းမှာ ကော်သူးလေအာမီ၏ ယာယီကင်းစခန်းတစ်ခုသာဖြစ်ပြီး ကော်သူးလေအာမီတပ်ဖွဲ့ဝင် အနည်းငယ်သာ နေထိုင်သည့်နေရာလည်းဖြစ်ကြောင်း ကော်သူးလေတပ်မတော်၊ ဆာကဆောတပ်မ၏ ပြန်ကြားရေးတာဝန်ခံ ကိုချမ်းက ပြောသည်။ အဆိုပါစခန်းတွင် ကော်သူးလေတပ်ဖွဲ့ဝင်များ အမြဲတမ်းနေထိုင်ခြင်းမရှိသလို ထားဝယ်ဒေသက တော်လှန်ရေးခရီးသွားရဲဘော်များ ခရီးတစ်ထောက်လာနားသည့် စခန်းလည်းဖြစ်သည်ဟု ကိုချမ်းက ပြောသည်။ “ဘာကြောင့်မပစ်ခတ်တာလဲဆိုတော့ ကျွန်တော်တို့က သူတို့လာနေတာသိတဲ့အတွက် ရှောင်ပြီးနေကြပါတယ်။ ခရီးသွားတဲ့စခန်းပေါ့။ ကျွန်တော်တို့အဖွဲ့ကလူတွေရော ဒေသခံ Local PDF တွေရော‌ရှိတယ်။ လက်နက်တွေ အီကွစ်မန့်(အသုံးအဆောင်)တွေ၊ ရိက္ခာတွေလာစုတဲ့ နေရာဖြစ်တဲ့အတွက် သူတို့တွေမှာလည်း လက်နက်တွေ ပြည့်ပြည့်စုံစုံမရှိဘူး။ မရှိတဲ့အတွက် မလိုလားအပ်တဲ့ […]

တနင်္သာရီ ထုံခါအကျဥ်းစခန်းအနီး တိုက်ပွဲဖြစ်

Dawei Watch

October 5, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ထုံခါရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများ ထံမှသိရသည်။ ယနေ့ (အောက်တိုဘာ ၅) နံနက် ၉ နာရီခွဲဝန်းကျင်မှ စတင်ပြီး ၁ နာရီနီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးပစ်သံများလည်း ကြားရကြောင်း ဒေသခံများကပြောသည်။ “ကော်သူးလေအဖွဲ့က အကျဥ်းစခန်းကိုဝင်ပစ်တယ်။ ဟိုဖက်(စစ်ကောင်စီဖက်)မှာ အထိအခိုက်ရှိတယ် ကြားရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ထုံခါရွာအနီး ဆင်ဖြူရှင်(၄) ရဲဘက် အကျဥ်းစခန်းကို ကော်သူးလေအာမီ(KTLA) ထီးစမယ်ရွာတပ်ရင်း တပ်ခွဲ(၄)နှင့် ခွပ်ဒေါင်းတမန် အထူးစစ်ကြောင်း ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း KTLA-tcjf-Tanintharyi တပ်ဖွဲ့က ယနေ့ညနေတွင် ထုတ်ပြန်ထားသည်။ တစ်နာရီနီးပါးအကြာ ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ သေဆုံးဒဏ်ရာရမှု အရေအတွက်နှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ယင်းအပြင် အကျဥ်းစခန်းရှိ ကင်းတဲသုံးလုံးလည်း […]