ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးနှင့် အနီးဝန်းကျင်ကျေးရွာများ ရေကြီးရေလျှံမှုကြုံတွေ့

Dawei Watch

July 23, 2023

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့တွင်း ရပ်ကွက်အချို့နှင့် မြို့၏ အရှေ့ဘက် ပြင်းထိန်ကျေးရွာတို့တွင် ဇူလိုင်လ ၂၃ ရက်နေ့မနက်ပိုင်းကစပြီး ရေကြီးရေလျှံဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှသိရသည်။ မနေ့မနက်ပိုင်းကစတင်ပြီး လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စခန်းကြီးကျေးရွာအုပ်စု၊ ခမောင်းတောင်ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ ယနေ့မနက်ပိုင်းတွင်တော့ စခန်းကြီးရွာ၏ တောင်ဘက် ၁၆ မိုင်ခန့်အကွာရှိ လောင်းလုံးမြို့၏ မြေနိမ်ပိုင်းရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ရေကြီးရေလျှံဖြစ်နေသည့်အတွက်ကြောင့် ပရဟိတအဖွဲ့များက အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နေကြရသည်။ လောင်းလုံးမြို့၏ မြေနိမ်ပိုင်းရပ်ကွက်များနှင့် အရှေ့ဘက်ပြင်းထိန် ကျေးရွာသို့သွားသည့် လမ်းတစ်လျှောက် ရေကြီးနေခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။ ” ရေက ရုတ်တရက်တက်လာတယ်ပြောတယ် ကျွန်တော်တို့ မြေနိမ့်ပိုင်းရပ်ကွက်တွေကို လိုက်ကြည့်နေတယ်။ ပြင်းထိန်ရွာကိုလည်းဝင်မယ်”ဟုဦးနိုင်မျိုးသွင်ကပြောသည်။ ရေကြီးသည့်နေရာများဖြစ်သည့် လောင်းလုံးမြို့လဝကရုံး အရှေ့လမ်းမကြီးတစ်လျှောက်နှင့် မြေနိမ့်ပိုင်းရပ်ကွယ်များတွင် မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဇမ္ဗူသီရိအဖွဲ့၊ ရင်ခုန်သံအဖွဲ့နှင့် […]

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်မည်ဟု စစ်ကောင်စီကြေညာ

Dawei Watch

July 23, 2023

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ယခုလကုန်(ဇူလိုင် ၃၁) မှစတင်ပြီး ထုတ်ဝေဖြန်ချိမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့(ဇူလိုင် ၂၃)တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းနှစ်သောင်းတန် ငွေစက္ကူကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်‌ဆောက်ပြီးစီးမှုနှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်မွေးဖွားခဲ့သည့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက”၏ ၁ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းငွေစက္ကူအသစ်ကို မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်း၍ လှည့်လည်သုံးစွဲရန်မသင့်သည့် ငွေစက္ကူအမျိုးအစားတို့နှင့် “တန်ဖိုးတူ”လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။ သို့သော် ငွေစက္ကူအသစ် ရိုက်နှိပ်မှုကြောင့် ကျပ်ငွေတန်ဖိုးထပ်မံကျဆင်းပြီး ကုန်စျေးနှုန်းကြီးမြင့်သွားမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာပြည်သူများမှာ အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေကြရပြီး စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကိုလည်း ရင်ဆိုင်နေကြရသည်။ မြန်မာကျပ်ငွေ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 22, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကောင်စီကို ဥရောပသမဂ္ဂက ထပ်မံအရေးယူ စစ်ကောင်စီ ဝန်ကြီးတွေ၊ အဖွဲ့ဝင်တွေ၊ စစ်ထောက်ချုပ်အပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့ နိုင်ငံပိုင်အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို ဥရောပသမဂ္ဂက ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ဒီလိုအရေးယူတာကို ဇူလိုင်လ ၂ဝရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဒါဟာ စစ်ကောင်စီနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂက ခုနစ်ကြိမ်မြောက်အဖြစ် အရေးယူပိတ်ဆို့လိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်မြင့်တက်လာတာ၊ ပြင်းထန်ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုတွေအတွက် ခြိမ်းခြောက်မှုတွေ ဆက်လက်ဖြစ်ပေါ် နေတာကြောင့် အခုလိုအရေးယူတာလို့ ဆိုပါတယ်။ ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်သွင်းခံလိုက်ရသူတွေထဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ […]

လောင်းလုံးတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက နေအိမ်လေးဆောင် မီးရှို့

Dawei Watch

July 22, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စခန်းကြီးရွာအနီးတွင် ယနေ့ (ဇူလိုင် ၂၂) မနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်လေးဆောင်ခန့် မီးရှို့လိုက်ကြောင်း သိရသည်။ ယနေ့ နံနက် ၇ နာရီဝန်းကျင်ခန့်မှစပြီး ခမောင်းတောင်ရွာအနီးတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ “လက်နက်ကြီး လက်နက်ငယ်တွေရော အချက်ရေမနည်းဘူး။ ရွာထဲမှာလူတွေလည်းမရှိတော့ဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်ခတ်မှုဖြစ်ပြီး နံနက် ၁၀ နာရီ ဝန်းကျင်မှစ၍ စစ်ကောင်စီတပ်သည် စခန်းကြီး ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ကျေးရွာဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေသည်။ စခန်းကြီးရွာအနီးရှိ ဖွားဘုတ်ပြင် ရွာဘက်ရောက်ရှိနေသည့်စစ်ကြောင်းက ယနေ့ နေ့လယ်ပိုင်းကစပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျွန်မတို့ တစ်ရွာလုံးနီးပါးထွက်ပြေးနေရတယ်။ ခုညနေငါးနာရီအထိ ပစ်တုန်း”ဟု ဖွားဘုတ်ပြင်ရွာသူတစ်ဦးကပြောသည်။ ယနေ့ညနေပိုင်း မေးမြန်းချက်အရ […]

နာမည်ကျော် ကာယဗလမောင် လေ့ကျင့်‌နေစဉ် ဝိတ်တန်းပိ၍သေဆုံး

Dawei Watch

July 22, 2023

အင်ဒိုနီရှား ကာယဗလနှင့် ကာယအလှ လေ့ကျင့်ရေးအကျော်အမော် ဂျပ်စတင်ဗစ်ကီသည် လေ့ကျင့်ခန်းလုပ်ရင်း မတော်တဆဖြစ်ပြီး ဝိတ်တန်းပိမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ဂျပ်စတင် ဗစ်ကီ သည် ယင်းမတော်တဆမှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ကာယဗလနှင့် ကာယအလှ လောက၌ ဆယ်လီ(Cele)တစ်ဦးအဖြစ် ကျော်ကြားသူလည်းဖြစ်သည်။ ဂျပ်စတင် ဗစ်ကီသည် ကွယ်လွန်ချိန်၌ အသက် ၃၃ နှစ်အရွယ်သာ ရှိသေးပြီး လေ့ကျင့်ရေးခန်းမတွင် ဝိတ်တန်းမသည့် လေ့ကျင့်ခန်းကို ပြုလုပ်စဉ်အချိန်၌ ဝိတ်တန်းပိကာ ကွယ်လွန်သွားခဲ့ရခြင်းဖြစ်သည်။ ဂျပ်စတင် ဗစ်ကီသည် The Paradise Gym လေ့ကျင့်ရေးခန်းမတွင် ပေါင် ၄၀၀ နီးပါးရှိသော ဝိတ်တန်းကို သယ်မလေ့ကျင့်ရန် ဝိတ်တန်းကို ထိုင်နေသည့်အနေအထားမှနေ၍ ဆွဲမပင့်တင်လိုက်စဉ်အချိန်၌ ရှေ့သို့လဲကျသွားစဉ်တွင် ဝိတ်တန်းက ၎င်း၏ပခုံးကို ပိရာကတစ်ဆင့် […]

လောင်းလုံးတွင် စိုက်ပျိုးရေးဌာန ဒုဦးစီးမှူးတစ်ဦးပစ်သတ်ခံရ

Dawei Watch

July 22, 2023

လောင်းလုံးမြို့နယ် ‌ဂေါ့အင်းကျေးရွာတွင်နေထိုင်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးသိန်းဦးဖြစ်ပြီး ဇူလိုင်လ ၂၁ ရက် ည ၇ နာရီကျော်တွင် ဂေါ့အင်းကျေးရွာရှိ ၎င်းနေထိုင်သည့်အိမ်သို့ လက်နက်ကိုင်လူတစ်စု သေနတ်ပစ်ဖောက်ရောက်ရှိလာကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် နေအိမ်မှ ခေါ်ထုတ်သွားကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။ “သေနတ်သံက သုံးလေးချက်လောက်ကြားလိုက်တယ်။ အလောင်းကိုတော့ မနက်မှ သွားကောက်ကြတာ။ ဆီအုန်းတောစပ်မှာ သွားကောက်လာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။   လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးသိန်းဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးများနှင့်အတူ ဦးသိန်းဦးသည် ခရီးသွား ပြည်သူများကို စစ်ဆေးခြင်း၊ […]

လူငယ်တစ်ဦးကို တော်ဝင်အသရေဖျက်မှုဖြင့် ထိုင်းတရားရုံး ထောင်ချ

Dawei Watch

July 22, 2023

လွန်ခဲ့သည့် ၃ နှစ်က ဆန္ဒပြပွဲတစ်ခုတွင်း ၀တ်ဆင်ခဲ့သော ခါးတိုအင်္ကျီ (ခရော့ပ်တော့ပ်) တစ်ထည်နှင့် ပတ်သက်၍ ဆယ်ကျော်သက်တစ်ဦးကို ကြာသပတေးနေ့တွင် ထိုင်းတရားရုံးတစ်ရုံးက တော်ဝင် အသရေဖျက်မှုဖြင့် ထောင်ဒဏ် ၁၂ လ ချမှတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ တော်ဝင်ဥပဒေအရ ဘုရင် သို့မဟုတ် မိသားစုဝင်များကို ပြစ်တင်ရှုတ်ချကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်ခံရနိုင်သည်။ နာပါစစ် အမည်ရ လူငယ်သည် ၂၀၂၀ ခုနှစ်က ဒီမိုကရေစီအရေးဆန္ဒပြပွဲတစ်ခုတွင် အနက်ရောင် ခရော့ပ်တော့ပ် ၀တ်ဆင်ထားကာ ပါဝင်ခဲ့ပြီး အဆိုပါ ဝတ်ဆင်မှုသည် အစောပိုင်းနှစ်များစွာက ဥရောပ မီဒီယာများတွင် ထင်ရှားခဲ့သည့် ထိုင်းဘုရင်၏ ဝတ်ဆင်ပုံများကို ရည်ညွှန်းကာ ပြသခဲ့ဟုဆိုသည်။ တရားရုံးမှ နာမည်အပြည့်အစုံကို ထိန်ချန်ထားသည့်၊ အသက် […]

ဟောင်ကောင် ဂီတကြယ်ပွင့်ကို အထူးအခွင့်အရေးပေးခဲ့၍ ထိုင်းလေဆိပ်ရဲများ အရေးယူခံရ

Dawei Watch

July 22, 2023

ဟောင်ကောင် စူပါစတား ဂျက်ဆင်ဝမ်၏ ထိုင်းနိုင်ငံခရီးစဉ်တွင် သုဝဏ္ဏဘူမိလေဆိပ်၏ လူဝင်မှုကြီးကြပ်ရေး ရဲများက အထူးအခွင့်အရေးပေးခဲ့မှုကြောင့် ရဲ ၉ ဦး ကို တာဝန်ပြောင်းရွှေ့ အရေးယူလိုက်ကြောင်း သိရသည်။ လေဆိပ်တွင် ရှိနေသည့် အခြားသော ခရီးသည်များက တိုင်ကြားကြသဖြင့် ယင်းသို့အရေးယူလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းလဝကအဖွဲ့၏ ထုတ်ပြန်အချက်အရ သိရသည်။ တိုင်ကြားချက်များအရ ဝမ် သည် အထူးအခွင့်အရေးအပြင် ရဲများ၏ ဝန်းရံပို့ဆောင်မှုကိုပါ ရရှိခဲ့ကြောင်း၊ သူနှင့် တချိန်တည်း ရှိနေသည့် လေဆိပ်တွင်း အခြားသော ခရီးသည်များမှာမူ ဆိုက်ရောက် ကောင်တာများကို ကျော်ဖြတ်ရန် ပုံမှန်ထက် အချိန် ပိုမိုကြာမြင့်စွာ စောင့်ဆိုင်းရမှုများ ရှိခဲ့ဟုဆိုသည်။ အဆိုတော် ဝမ် ကို ထိုင်းလေဆိပ်ရဲများက ဤသို့ ဝန်းရံလိုက်ပါပို့ဆောင်ပေးခဲ့သည့် ပုံရိပ်များနှင့် ဗီဒိယိုများ သည်လည်း လူမှုကွန်ရက်များတွင် ရေပန်းစားခဲ့သည်။ အဆိုပါ ဗီဒီယိုများတွင်း ရာနှင့်ချီသော ပရိသတ်များသည် လေဆိပ်၏ ဒုတိယထပ် ရှိ ဝရန်တာများတွင် ဝမ်ကိုစောင့်ဆိုင်းနေသည်ကို မြင်တွေ့ခဲ့ရသည်။ ဧည့်ဆောင် သို့ ဝမ် ဖြတ်သန်းလာသည့် အခါ နံဘေးတွင် လဝကရဲများက […]