ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
Dawei Watch
October 10, 2023မွန်ပြည်နယ်၊ ရေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်လတ် (ခေါ်) ကိုလတ်ကို ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရေးဘီလူးအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့နှင့် မြို့ခံတို့ထံမှ သိရသည်။ အဆိုပါအုပ်ချုပ်ရေးမှူးကို ယနေ့ နံနက် ၉ နာရီခန့်က ရေးမြို့ မြသီတာဈေးအနီးတွင် 90 mm ဖြင့် သုံးချက် ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးမောင်လတ်တွင် ကျည်ဖောက်ဝင် ဒဏ်ရာနှစ်ချက်ရရှိပြီး မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူနေရကြောင်း မြို့ခံအချို့ထံမှ သိရသည်။ “သေနတ်နဲ့ ပစ်ခံရတဲ့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူးက အခု ဆေးရုံမှာ။ မသေဘူး။ ကျည်ဒဏ်ရာနှစ်ချက် ထိထားတယ်လို့ သိရတယ်” ဟု ရေးမြို့ခံတစ်ဦးက ပြောသည်။ ဦးမောင်လတ်သည် ပျူစောထီးခေါင်းဆောင်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် […]


