တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ရင်း ဒရုန်းဖြင့်နှစ်ကြိမ်တိုက်ခိုက်ခံရ
Dawei Watch
October 11, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့ထံမှ သိရသည်။ ကမ္မလိုင်းရွာအခြေစိုက် စစ်ကောင်စီ၏ (၅၅၈) ခြေမြန်တပ်ရင်းသို့ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၁ နာရီနှင့် ညနေ ၃ နာရီခွဲတို့တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်များ အထိအခိုက်ရှိနိုင်ပြီး အသေးစိတ်ကိုမူ စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ အဆိုပါတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၁) ၊ တနင်္သာရီတိုင်းစစ်ဌာန လက်ရုံးတပ်ဖွဲ့ (လေ့ကျင့်ရေးနှင့် နည်းပညာဌာန မောင်းသူမဲ့ဒရုန်းတပ်ဖွဲ့ (Dragon […]


