ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အယုဒ္ဓယတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ နီးပါး ဖမ်းဆီးခံရ

Dawei Watch

October 16, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် အလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်ခဲ့သည်။ အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများနေထိုင်သည့် စခန်းအတွင်း နိုင်ငံခြားသား အလုပ်သမား တစ်ထောင်ကျော်ရှိကြောင်း ရေဆိုးများကို စနစ်တကျစွန့်ပစ်မှုမရှိခြင်း၊ စိုက်ခင်းများအတွင်းမှ သီးနှံများကို မကြာခဏ ခိုးယူခြင်းတို့ လုပ်ဆောင်နေကြာင်း ထိုင်းရွာသားများက ရဲတပ်ဖွဲ့ကို တိုင်ကြားရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းတိုင်ကြားမှုကြောင့် အလုပ်သမားခန့်ထားရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ ၁၂ ရက်နေ့တွင် အလုပ်သမားစခန်းထဲသို့ သွားရောက်ခဲ့ပြီး အလုပ်သမားများ၏ အလုပ်လုပ်ခွင့် အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်များ ကွင်းဆင်းစစ်ဆေးခဲ့ဟု သတင်းများတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၆၉ […]

ရေဖြူ ဝက်ချောင်းရွာအနီး အမျိုးသမီးငယ်အလောင်းတွေ့

Dawei Watch

October 15, 2023

ရေဖြူမြို့နယ် ဝက်ချောင်းရွာတံတားအနီးတွင် အောက်တိုဘာလ ၁၄ ရက် ညနေ ၅ နာရီဝန်းကျင်က အမျိုးသမီးငယ် တစ်ဦးကို သွေးအိုင်ထဲတွင် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးနေသူမှာ ခမောင်းချောင်းရွာသူ အသက် ၂၀ ဝန်းကျင်အရွယ်ရှိ မစန္ဒာခိုင်ဆိုသူဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။ စက်တင်ဘာလ ၂၂ ရက်က ခမောင်းချောင်းရွာကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ရောက်ချိန်တွင် မစန္ဒာခိုင် အပါအဝင် ဒေသခံရှစ်ဦး ဖမ်းဆီးခံခဲ့ရသည်။ ယင်းနောက် ခြောက်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး မစန္ဒာခိုင်နှင့် ကိုသားဂန်း ဆိုသူတို့နှစ်ဦးကို စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောသည်။ ၎င်းတို့နှစ်ဦးကို စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ပြီး ကျေးရွာအချို့တွင် နေအိမ်များကို လိုက်ပြခိုင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။ ယင်းသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ၂၂ ရက်အကြာ […]

မြိတ်တွင် ကင်းမွန်ငါးဖမ်းလှေများ လုပ်ငန်းခွင်စဝင်

Dawei Watch

October 15, 2023

မြိတ်အခြေစိုက် ကင်းမွန်ငါးဖမ်းလှေတို့သည် ယခု အောက်တိုဘာလအစမှစပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းခွင်အတွင်း စတင်ဝင်ရောက်နေကြပြီဖြစ်ကြောင်း လှေရှင်များက ပြောသည်။ ယခုနှစ် ငါးမဖမ်းရရာသီအဖြစ် ဧပြီ၊ မေ၊ ဇွန် သုံးလအထိ သတ်မှတ်ခဲ့သည်။ ယင်းနောက် ရေလုပ်ငန်းရှင်များ၏ တင်ပြချက်အရ ဇွန်လတွင် ငါးဖမ်းလှေအားလုံး၏ ၃၀ ရာခိုင်နှုန်းနှင့် ကင်းမွန် ငါးဖမ်းလှေတို့အား မေလ ၁ ရက်နေ့မှစပြီး ဖမ်းဆီးခွင့်ပြုခဲ့သည်။ သို့သော် ကင်းမွန်အရများသည့် ပွင့်လင်းရာသီမှသာ လှေအများစု ပင်လယ်ထဲသို့ ထွက်ကြသည်ဟုဆိုသည်။ “ငါးလပိုင်းက စဖမ်းခွင့်ပြုပေးတယ်။ ဒါပေမဲ့ လှေ‌တော်တော်များက ကမ်းရောက်နေပြီ။ ပြန်မထွက်ကြတော့ဘူး။ ကင်းမွန်ရာသီက အခုလို ပွင့်လင်းရာသီမှ ဖမ်းလို့ရတာပါ” ဟု မြိတ်မြို့ရှိ ကင်းမွန်ငါးဖမ်းလှေရှင်တစ်ဦးက ပြောသည်။ မေလမှစပြီး ဖမ်းဆီးခွင့်ပြုသော်လည်း ယင်းအချိန်က လှေအများစုသည် ကမ်းသို့ပြန်လည်ရောက်ရှိနေသဖြင့် ပင်လယ်ပြင်သို့ ပြန်လည်ထွက်ခွာခြင်း […]

ကျောက်နီမော်ရွာသားသုံးဦး ဖမ်းဆီးခံရပြီး တစ်ရက်အကြာတွင်ပြန်လွတ်

Dawei Watch

October 15, 2023

လောင်းလုံးမြို့နယ် ကျောက်နီ‌မော်ရွာသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာ အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြန်လွတ်လာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ် စစ်ကြောင်းသည် အောက်တိုဘာလ ၁၃ ရက်နေ့က ကျောက်နီမော်ရွာတွင် တစ်အိမ်တည်းနေ မိသားစုဝင်များဖြစ်သည့် ဒေါ်ရီစန်းနှင့် သားဖြစ်သူ ကိုသားကြီး၊ သားမက်ဖြစ်သူတို့၏ တယ်လီဖုန်းများကို စစ်ဆေးကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ယင်းနောက် တစ်ရက်အကြာတွင် သုံးဦးစလုံး ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းက ပြောဆိုသည်။ “အဲဒီနေ့က သူတိုဖက်ပိုင်း (အင်းနီတွင်း) က လူတွေ ပြေးနေတာ။ သူတို့က မပြေးဘဲနေပြီး ကျန်ခဲ့တော့ ဖုန်းတွေစစ်ပြီး ဖမ်းခံလိုက်ရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီတပ်သည် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

October 14, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကချင်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရလို့ ကလေးတွေ အစုလိုက်အပြုံလိုက်သေဆုံး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက မုန်လိုင်ခက်စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရလို့ ကလေး ၁၁ဦး အပါအဝင် စစ်ဘေးရှောင်၂၉ ဦး သေဆုံးခဲ့ရပါတယ်။ အောက်တိုဘာလ ၉ ရက် ည ၁၁နာရီခွဲလောက်မှာ တိုက်ခိုက်ခံရတာဖြစ်ပြီး လေယာဉ်သံ မကြားရတာကြောင့် စစ်ကောင်စီက ဒရုန်းနဲ့ ဖျက်အားပြင်း ဗုံးလာကြဲတာဖြစ်နိုင်တယ်လို့ KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာတွေကို ပြောဆိုထားပါတယ်။ ထိခိုက်ဒဏ်ရာရသူ ၆ဝနီးပါးရှိပြီး သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူတွေက စစ်ဘေးရှောင်တွေပဲ ဖြစ်တယ်လို့ဆိုပါတယ်။ လိုင်ဇာနဲ့ ၂မိုင်လောက်ဝေးတဲ့ ဒီမုန်လိုင်ခက်ရွာမှာ […]

ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်ရှစ်ဦးကို တာဝန်မှရပ်စဲ

Dawei Watch

October 14, 2023

ထားဝယ်မြို့နယ်အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ထားဝယ်အရှေ့ပိုင်းကာကွယ်ရေးတပ်ဖွဲ့ (Eastern Defence Force – EDF) က ဘဏ္ဍာရေးမှူးအပါအဝင် ရဲဘော် ရှစ်ဦးကို တာဝန်မှ ရပ်စဲလိုက်ကြောင်း ယင်းအဖွဲ့က ယနေ့ အောက်တိုဘာလ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။ တာဝန်ရပ်စဲခံရသည့် ရဲဘော် ရှစ်ဦးမှာ ဘဏ္ဍာရေးမှူး ရဲဘော်ယက္ခလေး၊ ရဲဘော် ဦးကြီး ၊ ရဲဘော်ခွေးပု၊ ရဲဘော်နောင်နောင်၊ ရဲဘော်ရဲဝင်း၊ ရဲဘော်စိုင်းစိုင်း၊ ရဲဘော် မလွှမ်းနှင့် ရဲဘော် မထက် တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ရဲဘော်တွေအချင်းချင်း အခန့်မသင့်ဘဲ တပ်ဖွဲ့က ထွက်သွားတာ။ တပ်ဖွဲ့နဲ့ ဖြစ်တာတော့မဟုတ်ဘူး။ ကျွန်တော် မျက်နှာစုံညီရှင်းပေးဖို့ ခေါ်သေးတယ်။ သူတို့ပြန်မလာတော့ဘူး အကြောင်းပြန်တယ်” လို့ ထားဝယ်အရှေ့ပိုင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ဗိုလ်ရက္ခက […]

တနင်္သာရီ တမုတ်ချုံးရွာအနီးနှင့် ဗောဓိကမ်းတံတားတို့တွင် တိုက်ပွဲဖြစ်

Dawei Watch

October 14, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊တမုတ်ချုံးရွာအနီးနှင့် ဗောဓိကမ်းတံတားတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။ တမုတ်ချုံးရွာအနီးရှိ စစ်ကောင်စီတပ်ကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်တပ်ရင်း(၂)က ထုတ်ပြန်ခဲ့သည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ မိနစ် ၃၀ ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်းနှင့် မိမိတို့ပူးပေါင်းအဖွဲ့မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီဘက်မှ သေဆုံးသည့် အရေအတွက်မှာ သီးခြားအတည်ပြုနိုင်ခြင်း မရှိဘဲ မြိတ်ခရိုင် တပ်ရင်း ၂ ၏ ထုတ်ပြန်ချက်အရသာ သိရှိရခြင်းဖြစ်သည်။ တိုက်ပွဲကို မြိတ်ခရိုင်တပ်ရင်း(၂)၊တပ်ခွဲ (၁)(၂)၊ တနင်္သာရီ(ပကဖ)များဖြစ်သည့် တောင်ပံနီ၊ ဘက်မလိုက် ပြောက်ကျား၊ တနင်္သာရီရိုးမနှင့် တနင်္သာရီတိုင်းစစ်ဌါန၊ စစ်ဆင်ရေးဌာန လက်ရုံးတပ်(Dragon Squad )တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း […]

ပုလော ကြဲရွာတွင် နေအိမ်များ မီးရှို့ခံရ

Dawei Watch

October 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကြဲကျေးရွာတွင် နေအိမ်များ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာလ ၁၃ ရက် ညနေ ၅ နာရီက ကြဲကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး နေအိမ်များကို မီးရှို့ခံကြောင်း ဒေသခံများက ဆိုသည်။ “တပြားလုံး (တစ်စုလုံး) မီးခိုးတက်နေတယ်ဆိုတော့ တစ်ဆယ်ကျော်လောက် ရှိနိုင်တယ်။ လက်ရှိက ရွာထဲမဝင်ရဲကြသေးလို့ အတိအကျ မသိရသေးဘူး။ လောင်တဲ့ဖက်မှာ ဈေးဆိုင်တွေလည်းရှိတယ်” ဟု ဒေသခံအမျိုးသားက ပြောသည်။ စစ်ကောင်စီတပ်အင်အား ခုနစ်ဆယ်ဝန်းကျင်ရှိပြီး ယနေ့ အောက်တိုဘာလ ၁၄ရက် နံနက်အထိ ကျေးရွာအတွင်းရှိ နေသေးကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကောင်စီတပ် ဝင်ရောက်လာပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့သဖြင့် ရွာသားများမှာ နီးစပ်ရာ တောတောင်များအတွင်းသို့ ထွက်ပြေးနေကြရပြီး လက်ရှိအချိန်အထိ ပုန်းအောင်းနေကြရကြောင်း ဒေသခံများက […]