ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

နယ်စပ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အမြစ်ပြတ်ချေမှုန်းရန် မြန်မာစစ်တပ်ကို တရုတ်တိုက်တွန်း

Dawei Watch

July 28, 2023

တရားဥပဒေစိုးမိုးမှုမရှိသည့် နယ်စပ်ဧရိယာများတွင် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားကာ အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်နေသည့် အလိမ်အညာစင်တာများကို မြန်မာစစ်တပ် အနေနှင့် အမြစ်ပြတ် ချေမှုန်းပစ်ရန် တရုတ်အစိုးရ က တိုက်တွန်းထားသည်။ အဆိုပါ ရာဇ၀တ်ဂိုဏ်းများသည် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းနယ်စပ်တစ်လျှောက်ရှိ ဒေသများသို့ တရုတ်နှင့် အခြားသောနိုင်ငံများမှ နိုင်ငံသားများအား ဖြားယောင်းခြင်း သို့မဟုတ် ပြန်ပေးဆွဲခြင်းများကို ဆောင်ရွက်ကာ ၎င်းတို့အား အွန်လိုင်း လိမ်လည်သူများအဖြစ် ခိုင်းစေခဲ့သည် ဟု တရုတ်ဘက်က စွပ်စွဲထားသည်။ ယင်းသို့ လိမ်လည်လှည့်ဖြားသူများသည် ပုံမှန်အားဖြင့် ၎င်းတို့၏ ဆွေမျိုးသားချင်းများကို ပစ်မှတ်ထားပြီး အယုံသွင်းမှုကို စတင်ပြီး ရက်သတ္တပတ်များအတွင်း ရည်ရွယ်ထားသည့် အတုအယောင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းနှင့် အခြားသောလုပ်ငန်းများတွင် ငွေသွင်းခိုင်းလေ့ ရှိကြောင်း လေ့လာသူများက ဆိုသည်။ နိုင်ငံတကာမှ ဖယ်ကြဉ်ထားသည့် မြန်မာစစ်တပ် ၏ အဓိကမဟာမိတ်နှင့် […]

မီးလောင်ချောင်း စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ

Dawei Watch

July 28, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရကြောင်း မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းနှင့် ဒေသခံများ ထံမှသိရသည်။ စစ်ကောင်စီတပ်အပါအဝင် ပျူစောထီးများရှိသည့် မီးလောင်းချောင်းရွာ ဂိတ်စခန်းကို ဇူလိုင်လ ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေး မြိတ်ခရိုင်တပ်ရင်း(၁)နှင့် တောကြီးမြွေဟောက်အဖွဲ့တို့ သွားရောက် တိုက်ခိုက်ခဲ့သည်ဟု မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။ သွားရောက်တိုက်ခိုက်စဥ် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖက်မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း  ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။ “တိုက်ပွဲကဖြစ်သွားတယ်။ထိခိုက်မှုကတော့ အတည်ပြုလို့မရသေးဘူး။ရွာသားတွေလည်း အရင်လိုပြေးရလွှားရတာမျိုး မရှိခဲ့ဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ မီးလောင်ချောင်းစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်မှ ကျောင်းနိမ့်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ ချက် ပစ်ခတ်ခဲ့ပြီး နေအိမ်များအနီးပေါက်ကွဲခဲ့သေးကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ မီးလောင်ချောင်းရွာသည် […]

ထားဝယ်စိုက်သိပ္ပံကျောင်းအုပ်ကြီးအပါအဝင်ခုနှစ်ဦးလွတ်မြောက်နယ်မြေသို့ ပို့ဆောင်ဟု LLPDFထုတ်ပြန်

Dawei Watch

July 27, 2023

ထားဝယ်မြို့စိုက်ပျိုးရေးသိပ္ပံကျောင်းကျောင်းအုပ်ကြီးအပါအဝင်ခုနစ်ဦးသည်လွတ်မြောက်နယ်မြေသို့ရောက်ရှိသွားပြီဖြစ်ကြောင်းလောင်းလုံးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) ကယနေ့ထုတ်ပြန်သည်။ ထိန်းသိမ်းခေါ်ဆောင်သွားပြီး တစ်ပတ်အကြာ ဇူလိုင် ၂၇ ရက်နေ့ ညနေပိုင်းတွင် ထိုသို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထားဝယ်-မောင်းမကန်သွားလမ်း လောင်းလုံးမြို့နယ်အတွင်း တောရှည်ရွာရှိစိုက်ပျိုးရေးသိပ္ပံ(ထားဝယ်) ကိုဆက်လက်ဖွင့်လှစ်ထားသဖြင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဇူလိုင်လ၂၀ရက်ကသွားရောက်ခဲ့ကြောင်းဖော်ပြသည်။ ယင်းနောက်ကျောင်းအုပ်‌ဆရာမကြီးဒေါ်မြင့်မြင့်ခင်နှင့်သားဖြစ်သူကျောင်းသားမောင်အောင်ဟိန်းခန့်၊ဒုတိယကျောင်းအုပ်ကြီးဦးခင်မောင်ထွေး၊လက်ထောက်ကထိကဒေါ်သန္တာအေး၊လက်ထောက်ကထိကဦးနိုင်ဝင်း၊ကွင်းဆင်းလက်ထောက်‌ဦးနေဆန်းနှင့်နော်ဖြူဖြူသန့်တို့ကိုခေါ်ယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ LLPDF ၏ထုတ်ပြန်ချက်တွင်မူ၎င်းတို့နှင့်ပူးပေါင်းလိုက်ပါလာခြင်းဖြစ်ကြောင်းဖော်ပြသည်။ ထိုအချိန်တွင် စစ်ကောင်စီကသာလွန်အင်အားဖြင့်စစ်ကြောင်းထိုးလာ၍နေရပ်ပြန်မည့်ဆရာ၊ဆရာမများအားပို့ဆောင်ရေးခရီးနောက်ကျခဲ့ကြောင်းလည်းထုတ်ပြန်ချက်တွင်ရေးသားထားသည်။ စစ်ကောင်စီတပ်သည် စိုက်ပျိုးရေး သိပ္ပံတည်ရှိရာ လောင်းလုံးမြို့နယ် မြောက်ပိုင်းရှိ ရွာများသို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကြောင်း ထိုးလာသဖြင့် ဒေသခံထောင်ချီ ထွက်ပြေးခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် PDF တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့သည်။ ထိုသို့သော စစ်ပူနေသည့် အချိန်တွင် လုံခြုံစွာပို့ဆောင်ရေးတို့ကိုချင့်ချိန်စွာလုပ်ဆောင်နေရသည့်အတွက်နောက်ကျမှသတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်းLLPDF က ဆိုထားသည်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကျောင်းသို့ဝင်ရောက်လာချိန်ကျောင်းသားအချို့လည်းရိုက်နှက်ခံခဲ့ရသေးသည်။ ကျောင်းဝင်းအတွင်းသို့ဝင်ရောက်ချိန်တွင်ကျောင်းသား၊ကျောင်းသူ၆၀ဦးတို့ထွက်ပြေးကြသဖြင့်ထွက်မပြေးကြရန်လိုက်လံတားမြစ်ကာတုတ်ဖြင့်နှစ်ချက်စီရိုက်နှက်အပြစ်ပေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ရှင်းလင်းထားသည်။ စိုက်ပျိုးရေးသိပ္ပံကျောင်းကဖမ်းဆီးခံရသူများနှင့်တစ်ပတ်ကြာသည်အထိအဆက်အသွယ်မရသည့်အတွက်စိုးရိမ်မိကြောင်းလုပ်ဖော်ကိုင်ဖက်အချို့ကယနေ့နံနက်ကDawei Watch သို့ပြောဆိုထားသည်။ “အဆက်အသွယ်မရသေးဘူး။အမြန်ဆုံးပြန်လွတ်ပေးစေချင်တယ်” ဟုစိုက်ပျိုးရေးသိပ္ပံကျောင်းမှပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။ ယင်းအပြင် စစ်ကောင်စီထောက်ခံအားပေးသည့်အရပ်ဖက်အဖွဲ့အစည်း၁၇ဖွဲ့ကလည်းယင်းလုပ်ရပ်ကိုပြင်းထန်စွာကန့်ကွက်ရှုံချကြောင်းဇူလိုင်၂၆ရက်တွင်ထုတ်ပြန်ချက်အသီးသီး ထုတ်ပြန်ထားကြသည်။

ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် မြိတ်တွင် ဆန်အပါအဝင် အခြေခံစားကုန်များ ဈေးတက်

Dawei Watch

July 27, 2023

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်များ ဈေးမြင့်တက်သွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်များအား ဇူလိုင်လ ၃၁ ရက်နေ့တွင် ထုတ်ဝေမည်ဟု ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြေညာပြီးနောက် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း ကုန်စုံအရောင်းဆိုင်အချို့က ပြောသည်။ “ဈေးမတက်တာ မရှိဘူး။ အားလုံးလိုလို ဈေးတက်သွားတာ။ စားအုန်းဆီဆိုရင် လိုသလောက်ဝယ်လို့ မရတော့ဘူး” ဟု ဆိပ်ငယ်ဈေးရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။ အခြေခံစားသောက်ကုန်တို့အနက် ဆန်ကြမ်းတစ်အိတ်လျှင် တစ်‌ထောင်ကျပ်နှုန်း၊ ရွှေဘိုပေါ်ဆန်းမွှေး၊ ပေါ်ဆန်း‌မွှေးရိုးရိုးတို့သည့် အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်လျှင် နှစ်‌‌ထောင်ကျပ်မှ လေး‌ထောင်ကျပ်အထိ ဈေးတက် သွားကြောင်း ၎င်းက ဆိုသည်။ ဆန်ကြမ်းတစ်အိတ်လျှင် ၈၀၀၀၀ ကျပ်မှ ၈၁၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် […]

မြိတ်တွင် ဆိုင်ကယ်အဝယ်လိုက်သဖြင့် ဈေးတက်ပြီး ထားဝယ်တွင် အရောင်းအဝယ်ပါး

Dawei Watch

July 27, 2023

ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် မြိတ်မြို့တွင် ဆိုင်ကယ်အဝယ်လိုက်လာပြီး ဈေးတက်လာကာ ထားဝယ်ဒေသတွင် တိုက်ပွဲများကြောင့် အရောင်းအဝယ်ပါးလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ စစ်ကောင်စီ ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူထွက်မည်ဟု ကြေညာပြီးနောက် ဆိုင်ကယ်ဝယ်သူများ လာကြောင်း မြိတ်မြို့ရှိ တစ်ပတ်ရစ်ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ “ဆိုင်မှာဆိုရင် ဝယ်တဲ့သူမရှိလို့ ချောင်ထဲထိုးထားတဲ့ ဆိုင်ကယ်တွေ အားလုံး ရောင်းကုန်သွားပြီ။ အချို့ show room (အရောင်းပြခန်း) တွေဆိုရင် ရောင်းရလွန်းလို့ ပြစရာဆိုင်ကယ်တွေတောင် သိပ်မကျန်တော့ဘူး” ဟု မြိတ်တောင်ရပ်နေ တစ်ပတ်ရစ်ဆိုင်ကယ် ဝယ်ရောင်းတစ်ဦးက ပြောဆိုသည်။ ဒေသခံအချို့ကလည်း ကျပ်ငွေတန်ဖိုး ထိုးကျသွားမည့်အရေးစိုးရိမ်သည့်အတွက် ငွေသားစုဆောင်းထားသည့်အစား ဆိုင်ကယ်အပါအဝင် ရွှေ၊ ကား၊ အိမ်ခြံမြေများကို ဝယ်ယူလာကြကြောင်း စုံစမ်းသိရသည်။ ယင်းကဲ့သို့ အဝယ်လိုက်လာသဖြင့် ဆိုင်ကယ်အမျိုးအစားအပေါ်မူတည်ပြီး တစ်စီးလျှင် ငွေကျပ်နှစ်သိန်းမှ […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံး

Dawei Watch

July 27, 2023

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် မြန်မာအလုပ်သမားတစ်ဦးသည် ရေမြောင်းဘေးတွင် ဓာတ်လိုက်သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇူလိုင်လ ၂၆ ရက်နေ့က ပထုံဌာနီမြို့ ဘန့်ကချဲဒေသရှိ ရေမြောင်းဘေးတွင် ရေမြောင်း ရေအဆင့်ကို တိုင်းတာသော ကေဗယ်မီးကြိုး လက်တွင်ထိကာ ဓာတ်လိုက်သေဆုံးနေကြောင်း ရေးသားထားသည်။ သေဆုံးသူသည် အသက် ၃၀ နှစ်အရွယ် ကိုချမ်းမွန်အမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ရေမြောင်းနှင့် မနီးမဝေးတွင် နေထိုင်ကာ ပန်းရံလုပ်ကိုင်နေသူဖြစ်ကြောင်း ဖော်ပြသည်။ သေဆုံးသူ၏ အိတ်ထဲတွင် လက်နှိပ်ဓါတ်မီး၊ မီးကြိုးဖြတ် ပလာယာ တို့ကို တွေ့ရှိရကြောင်း ဆိုသည်။ မြန်မာအလုပ်သမားသည် ရေအဆင့်ကို တိုင်းတာသော ကေဗယ်မီးကြိုးကို ဖြတ်တောက်ကာ လျှပ်စစ်ရယူပြီး ရှော့ခ်တိုက် ငါးဖမ်းရာမှ ဓာတ်လိုက်ခြင်းဖြစ်နိုင်ကြောင်း မှုခင်းဆရာဝန်နှင့် ထိုင်းအာဏာပိုင်တို့က ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာအလုပ်သမားသည် အဆိုပါရေမြောင်းတွင် […]

လောင်းလုံးမြို့နယ်က ကျေးရွာအချို့ ပြောင်းရွှေ့ရမည်ဆိုသည့်သတင်းကို ဆန်းစစ်ကြည့်ခြင်း

Dawei Watch

July 27, 2023

လောင်းလုံးမြို့နယ် ဗိုလ်မှူးကြီး ဗထူး၏မွေးရပ်မြေဖြစ်သည့် လေးသွန်းခံရွာနှင့် အနီးအနားကျေးရွာများ ပြောင်းရွေ့ရမည်ဆိုသည့် သတင်းများ လူထုအကြားတွင် ကျယ်ကျယ်ပြန့်ပြန် ပြောဆိုနေကြသည်။ ယင်းသတင်းကြောင့် ဒေသခံအချို့မှာ ထားဝယ်မြို့ပေါ်သို့တက်ကာ မြေဝယ်ခြင်း၊ အိမ်ငှားရမ်းခြင်း စသဖြင့် ပြောင်း‌ရွှေ့ရန် စီစဉ်နေကြသည်ကို တွေ့မြင်ရသည်။ ယင်းကျေးရွာများပြောင်းရွေ့ရမည်ဆိုသည့် သတင်းကို လွန်ခဲ့သောတစ်လကျော်အချိန်ကစပြီး ဖြန့်ဝေပြောဆိုမှုများရှိနေပြီး ယနေ့အချိန်အထိလည်း ပြောဆိုနေကြဆဲဖြစ်သည်။ ဒေသတွင်း စစ်ရေးပဋိက္ခတင်းမာလာသည့်အချိန်တိုင်းတွင် ကျေးရွာများပြောင်းရွေ့ရမည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်လာလေ့ရှိသည်ကို လေ့လာတွေ့ရှိရသည်။ ယခင်ကလည်း လောင်းလုံးမြို့နယ်က အခြားကျေးရွာများ ပြောင်းရွေ့ရမည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့ဖူးသော်လည်း ယနေ့အချိန်အထိ မည်သည့်ကျေးရွာမျှ ပြောင်းရွေ့ပေးရသည်ဟုမရှိသေးပေ။ သတင်းထွက်ပေါ်လာသည့် ရင်းမြစ်ကို လိုက်ကြည့်ရာတွင်လည်း လူမှုကွန်ရက်မှတစ်ဆင့် ပျံ့နှံ့လာခြင်း မဟုတ်ဘဲ လူတစ်ဦးကနေတစ်ဦးကို သတင်းစကားပါးရာက ပျံ့နှံ့လာခြင်းဖြစ်ကြောင်းတွေ့ရသည်။ ဒေသခံတစ်ဦး၏ အဆိုရ ဗိုလ်မှူးဗထူးကျေးရွာနှင့် အနီးတဝိုက်သည် လက်နက်ကြီးပစ်ခတ်မည့် ဧရိယာအတွင်း […]

သရက်ချောင်း ပိန်းတောရွာ စာသင်ကျောင်းအနီး ပေါက်ကွဲမှုဖြစ်

Dawei Watch

July 27, 2023

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာ အထက်တန်းကျောင်းခွဲအနီး ယနေ့ ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ စာသင်ကျောင်းအနီးတွင် ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ပေါက်ကွဲသံတစ်ချက် ကြားရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ ပိန်းတောရွာ အထက်တန်းကျောင်းခွဲမှာ ဖွင့်လှစ်ပညာသင်ကြားနေသည့်ကျောင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ချိန်မှာ ကျောင်းတက်ချိန် မဟုတ်သေးသဖြင့် ကျောင်းသူ၊ ကျောင်းသားများ ထိခိုက်မှုမရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးနှင့် ဒေသခံတို့ထံမှ သိရသည်။ ယင်းပေါက်ကွဲမှုကြောင့် ကျောင်းအဆောက်အအုံလည်း ထိခိုက်မှုမရှိကြောင်း တနင်္သာရီတိုင်း ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “ကျောင်းဝင်းအတွင်း (ပေါက်တာ) မဟုတ်ဘူး။ ကျောင်းအနီးလမ်းမမှာ ဖြစ်တာပေါ့နော်။ အဲဒါကြောင့် ဘာမှတော့ ထိခိုက်မှုမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။ ထိခိုက်မှုမရှိသဖြင့် စာသင်ကျောင်းကို ယနေ့ဖွင့်လှစ်သင်ကြားနေကြောင်း အထက်ပါတာဝန်ရှိသူက […]