မြိတ်တွင် နေအိမ်ဖောက်ထွင်းမှု ဆက်တိုက်ဖြစ်
Dawei Watch
October 18, 2023မြိတ်မြို့တွင် ယခုလအတွင်း ညအချိန် နေအိမ်ဖောက်ထွင်းမှုဆက်တိုက်ဖြစ်ပေါ်နေကြောင်း မြို့ခံအချို့က ပြောသည်။ နေအိမ်တို့အား ဖောက်ထွင်းပြီး တန်ဖိုးရှိပစ္စည်းများအပြင် ဆိုင်ကယ်တို့အား ခိုးယူခံနေရကြောင်း ၎င်းတို့က ဆိုသည်။ အောက်တိုဘာလ ၁၅ ရက် နံနက် ၁ နာရီခွဲက ဘုရားကိုင်ရပ်ကွက် နတ်မော်ကျောင်းလမ်းရှိ နေအိမ်တစ်ဆောင်တွင် ဆိုင်ကယ်တစ်စီး ခိုးယူခံရကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောဆိုသည်။ “လူတွေက အပေါ်ထပ်မှာ နေကြတာ။ အောက်ထပ်က ဆိုင်ကယ်အခိုးခံလိုက်ရတာပါ။ လိုင်စင်စာအုပ်တွေပါ ပါသွားတယ်” ဟု ကာယကံရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ခြေတိုင်ရှည်နေအိမ်၏ အောက်ထပ်တွင် သော့ခေတ်ထားသည့် ၂၀၁၆ ခုနှစ်ထုတ် ကလစ် အဖြူရောင်ဆိုင်ကယ် အခိုးရခံရခြင်းဖြစ်ကြောင်း ဆိုသည်။ ထို့အပြင် ယနေ့ အောက်တိုဘာလ ၁၈ ရက် နံနက် ၁နာရီခွဲက ပါရမီရပ်ကွက်ရှိ နေအိမ်တစ်ဆောင်ဖောက်ထွင်းခံရပြီး […]


