မြိတ် တုံးဗျောရွာရှိ စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ
Dawei Watch
October 21, 2023မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာရှိ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က တုံးဗျောကြီးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ်များ နေထိုင်သည့် တပ်စခန်းငယ်အား ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဒီဖက် (စစ်ကောင်စီတပ်) က ပြန်ပစ်ဖို့တောင် အချိန်မရလိုက်ဘူး။ အိပ်မောကျနေချိန် အလစ်အငိုက်မိသွားပုံရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းစခန်းတွင် ပျူစောထီးနှင့် စစ်ကောင်စီတပ်အင်အား တစ်ဆယ်ကျော်ရှိကြောင်း ဒေသခံများက ဆိုသည်။ တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းရာ “အတည်ပြုဖို့အတွက် အချက်အလက်တွေ […]


