မြိတ်တွင် ပိုင်ရှင်မဲ့အလောင်းတွေ့၊ လေးလကျော်တွင် ပိုင်ရှင်မဲ့အလောင်း လေးလောင်းအထိရှိလာပြီ
Dawei Watch
August 4, 2023မြိတ်မြို့ နောက်လယ်ရပ်ကွက်ရှိ ကျော်စိုးဝင်းတံတားအနီးတွင် ယနေ့ ဩဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ အဆိုပါရုပ်အလောင်းကို မွန်းလွဲ ၂နာရီခန့်က တွေ့ရှိခြင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးဘဲ ပိုင်ရှင်မဲ့ဖြစ်နေကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ “အလောင်းက ရေမြုပ်နေလို့ မျက်နှာလည်းပျက်နေပြီ” ဟု ၎င်းက ဆိုသည်။ ရုပ်အလောင်းမှာ ပျက်စီးယိုးယွင်းနေပြီဖြစ်ပြီး မျက်နှာပျက်စီးနေသဖြင့် အသက်အရွယ်ကိုပင် ခန့်မှန်းရန် ခက်ခဲနေကြောင်း ၎င်းက ပြောဆိုသည်။ အလောင်းကို ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးနေပြီး သေဆုံးသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။ မြိတ်မြို့ရှိ ရပ်ကွက်အချို့တို့တွင် ပိုင်ရှင်မဲ့အလောင်းတို့အား မကြာခဏတွေ့ရှိလာကြောင်း နာရေးကူညီမှုအသင်း အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁ […]


