ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်း ရေပြန်ကျသော်လည်း ရပ်ကွက်များတွင် ရေကြီးနေဆဲ

Dawei Watch

August 5, 2023

ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်းတွင် ယနေ့နံနက်မှစတင်ကာ ရေပြန်ကျပြီဖြစ်၍ ကားများဖြတ်သန်းသွားလာ နေကြပြီဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနေဆဲဖြစ်သည်။ “ပိတ်မိနေတဲ့ ခရီးသည်တင်ယာဥ်တွေ ၊အိမ်စီးကားတွေအကုန် ဖြတ်လာနေကြပြီ၊ မြို့ထဲလမ်းမပေါ်မှာတော့ ရေမရှိတော့ဘူး၊ ရပ်ကွက်တွေမှာတော့ ရေဝပ်နေသေးတယ် “ ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ ဩဂုတ်လ ၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ မိုင်တိုင် ၃၆ ၊ ရေပုံးကျေးရွာအနီး တောင်ကျချောင်းရေလျှံမှုကြောင့် ကားလမ်းမရေကျော်ခဲ့ပြီး ခရီးသည်တင်ယာဥ်နှင့် မော်တော်ကားများ တစ်ညတာပိတ်မိခဲ့ကြသည်။ ကလိန်အောင်မြို့တွင်လည်း မြို့ပေါ်ရပ်ကွက် ၃ ခုတွင် ဩဂုတ်လ ၄ ရက် ညနေကတည်းက လူနေအိမ်များအတွင်း ရေဝင်လာကာ ရေအနက် ၄ ပေကျော်အထိတက်ခဲ့ကြောင်း၊ ယနေ့နံနက် ၉ နာရီအထိ လူနေအိမ်များနှင့်လမ်းသွယ်များတွင် […]

ကျွန်းစုတွင် ဖမ်းဆီးခံရသည့် ခရီးသည်တင်စက်လှေပေါ်ပါ ခရီးသည် ၁၆ ဦးပြန်လွတ်

Dawei Watch

August 5, 2023

ကျွန်းစုမြို့နယ် သဇင်ကျေးရွာတွင် ဖမ်းဆီးခံထားရသည့် ခရီးသည်စက်တင်လှေပေါ် လိုက်ပါခဲ့သည့် ခရီးသည် ၁၆ ဦး ဩဂုတ်လ ၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း ယင်းရွာသားအချို့က ပြောသည်။ ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာရွာစက်လှေသည် မီးသွေးနှင့် အခြားရေထွက်ကုန်အချို့ကို မြိတ်မြို့ပေါ်တွင် သွားရောက်ရောင်းချပြီး ကုန်စည်များဝယ်ယူကာ ရွာသို့ပြန်လာစဉ် ဇူလိုင်လ ၂၈ ရက်က သဇင်ကျေးရွာ ချောင်းဝအရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ အဆိုပါ စက်လှေပေါ် လိုက်ပါသူတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ထောက်ပံ့နေသည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းဖြစ်ကြောင်း မြိုင်သာရွာသားအချို့က ပြောဆိုထားသည်။ ဖမ်းဆီးခံရသူတို့သည် ခြောက်ရက်ကြာ စစ်ဆေးခံခဲ့ရပြီးနောက် ခုနစ်ရက်မြောက်နေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ဖမ်းဆီးစဉ် စက်လှေပေါ်တွင် လှေရှင်အပါအဝင် အမျိုးသားသုံးဦး၊ မွေးကင်းစ ကလေးတစ်‌ဦး အပါအဝင် အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၇ […]

ထားဝယ်-ရန်ကုန်လမ်းတွင် ကလိန်အောင်လမ်းပိုင်း ရေကျော်ပြီး ကားဖြတ်သန်းသွားလာ၍ မရ

Dawei Watch

August 4, 2023

ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်း နေရာအချို့တွင် ကားလမ်းရေကျော်နေသဖြင့် မော်တော်ကားများ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း လမ်းတွင်ပိတ်မိနေသည့် ယာဉ်မောင်းများက ပြောသည်။ ယင်းကားလမ်းပိုင်းရှိ ရေဖြူမြို့နယ် မိုင်တိုင် ၃၆ တွင် ယနေ့ ဩဂုတ်လ ၄ ရက် ညနေ ၃ နာရီခန့်မှစ၍ ကားလမ်းမ ရေကျော်နေပြီး ကားများဖြတ်သန်းမရဘဲ ပိတ်မိနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ရေက လူခန္ဓာကိုယ် ထက်ဝက်လောက် လမ်းမရေကျော်နေတာ။ ကားတွေ တချို့က စောင့်နေတယ်။ တချို့က ထားဝယ် ပြန်လှည့်၊ တချို့က ကလိန်အောင်ဘက်ပြန်လှည့်နေကြတယ်။ မနက်ဖြန် မိုးဆက်ရွာနေရင်တော့ ရေမကျလောက်သေးဘူး။ အခြေအနေစောင့်ကြည့်နေရတုန်းပဲ” ဟု ကားလမ်းတွင် ပိတ်မိနေသည့်ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။ ကလိန်အောင်မြို့တွင်လည်း အမှတ် (၂) ၊ (၃) နှင့် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

Dawei Watch

August 4, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂၉ ရက်နေ့မှ ဩဂုတ်လ ၄ ရက်နေ့အထိ တိုင်ဖုန်းမုန်တိုင်းကြောင့် တရုတ်တွင် အနည်းဆုံး ၂၀ ဦးသေဆုံး Doksuri တိုင်ဖုန်းမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့သော တရုတ်နိုင်ငံမှာ အနည်းဆုံး လူ ၂၀ ခန့် သေဆုံးခဲ့ပြီး လူများစွာ ပျောက်ဆုံးခဲ့ပါတယ်။ မြို့တော်ပေကျင်းမှာ အနည်းဆုံး ၁၁ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးပျောက်ဆုံးခဲ့တယ်လို့ ဩဂုတ်လ ၁ ရက်နေ့က နိုင်ငံပိုင်သတင်းဌာန CCTV ကနေ ကြေညာခဲ့တာပါ။ မြောက်ပိုင်းက ဟေဘိုင်း (Hebei) ပြည်နယ်မှာ ၉ ဦးသေဆုံးခဲ့ပြီး ၆ ဦးပျောက်ဆုံးခဲ့ပါတယ်။ Doksuri တိုင်ဖုန်းမုန်တိုင်းကြောင့် တောင်ပိုင်း Fujian […]

မြိတ်တွင် ပိုင်ရှင်မဲ့အလောင်းတွေ့၊ လေးလကျော်တွင် ပိုင်ရှင်မဲ့အလောင်း လေးလောင်းအထိရှိလာပြီ

Dawei Watch

August 4, 2023

မြိတ်မြို့ နောက်လယ်ရပ်ကွက်ရှိ ကျော်စိုးဝင်းတံတားအနီးတွင် ယနေ့ ဩဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ အဆိုပါရုပ်အလောင်းကို မွန်းလွဲ ၂နာရီခန့်က တွေ့ရှိခြင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ကို မသိရသေးဘဲ ပိုင်ရှင်မဲ့ဖြစ်နေကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ “အလောင်းက ရေမြုပ်နေလို့ မျက်နှာလည်းပျက်နေပြီ” ဟု ၎င်းက ဆိုသည်။ ရုပ်အလောင်းမှာ ပျက်စီးယိုးယွင်းနေပြီဖြစ်ပြီး မျက်နှာပျက်စီးနေသဖြင့် အသက်အရွယ်ကိုပင် ခန့်မှန်းရန် ခက်ခဲနေကြောင်း ၎င်းက ပြောဆိုသည်။ အလောင်းကို ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးနေပြီး သေဆုံးသည့် အကြောင်းအရင်းကိုမူ မသိရသေးကြောင်း ၎င်းက ဆိုသည်။ မြိတ်မြို့ရှိ ရပ်ကွက်အချို့တို့တွင် ပိုင်ရှင်မဲ့အလောင်းတို့အား မကြာခဏတွေ့ရှိလာကြောင်း နာရေးကူညီမှုအသင်း အချို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁ […]

ဘီးလင်းတွင် ရေကြီးပြီး ဒေသခံထောင်နှင့်ချီ ဘေးလွှတ်ရာပြောင်းရွှေ့ရ

Dawei Watch

August 4, 2023

မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ထောင်နှင့်ချီသည့် ဒေသခံများကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ဘီးလင်းမြို့နယ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ် ၂ ရက်နေ့မှစတင်ကာ ဘီးလင်းမြစ်ရေ မြင့်တက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထို့နောက် ကန်သာယာ၊ ဘိုးရာဇာ၊ ဆရာစံ၊ ဘိုးလှကြီး စသော မြို့ပေါ်ရပ်ကွက်များနှင့် အလူးလေး၊ တောင်စွန်း၊ ရွှေလှေ၊ ဒေါက်ရပ်၊ နှင်းပုလဲ၊ ရန်ပြေ၊ မဲလံဂေါင်း ကျေးရွာတို့တွင် ရေကြီးရေလျှံကြောင်း ၎င်းတို့က ပြောသည်။ လက်ရှိတွင် ဘီးလင်းမြို့ပေါ်ရှိ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းတို့တွင် ကယ်ဆယ်ရေးစခန်း ၁၀ ခုခန့် ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူများကို ရွှေ့ပြောင်းထားရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “ဘီးလင်းမြို့ပေါ်က ရပ်ကွက်တွေ အားလုံးနီးပါး ရေဝင်နေတယ်။ အနိမ့်ပိုင်းမှာရှိတဲ့ […]

မြိတ်-ထားဝယ်ကားလမ်းတွင် မူးယစ်ဆေးနှင့် စစ်တပ်ထုတ်အရက်များဖမ်းမိကြောင်း PDF ပြော

Dawei Watch

August 4, 2023

မြိတ်-ထားဝယ်ကားလမ်းတွင် WY ဆေးပြား ၇၀၀၀ ကျော်နှင့် စစ်ကောင်စီထုတ် အာမီရမ်အရက် ဖာ ၂၀၀ အလုံးရေ အားဖြင့် ၂၄၀ဝကို ဖမ်းမိကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။ စစ်ကောင်စီက အသစ်ရိုက်ထုတ်သည့် ကျပ်နှစ်သောင်းတန်ငွေစက္ကူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ်လ ၂ရက် နေ့လယ်ပိုင်းက ဖမ်းဆီးရန် ရှာဖွေစဉ် ယင်းသို့ဖမ်းမိခြင်းဖြစ်ကြောင်း အထက်ပါတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ ယင်းသို့စစ်ဆေးနေချိန် အရက်ဖာများ တင်ဆောင်လာသည့် ကုန်တင်ကားနှင့် မူးယစ်ဆေးဝါး သယ်ဆောင်လာသည့် ဆိုင်ကယ်တို့ကို ဖမ်းမိကြောင်း ၎င်းက ဆိုသည်။ ကားသမားနှင့် နောက်လိုက်အမျိုးသားတို့ကို နောင်တွင် စစ်ကောင်စီတပ်ထုတ်ကုန်များကို မသယ်ယူရန် အာမခံချက်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း ၎င်းက ပြောဆိုသည်။ အရက်ပုလင်းများကိုလည်း ဖျက်ဆီးလိုက်ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့ထံကသိရသည်။ WY ဆေးပြားများ သယ်ဆောင်လာသည့် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးကိုမူ စစ်ကောင်စီတပ်နှင့် ပတ်သက်ဆက်နွယ်မှုရှိသဖြင့် […]

မဲဆောက်တွင် အသီးအရွက်တင်ကုန်ကားပေါ် ပုန်းခိုလိုက်လာသော မြန်မာလုပ်သား ၅၀ကျော် ဖမ်းဆီးခံရ

Dawei Watch

August 4, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်ဒေသတွင် ဟင်းသီးဟင်းရွက်တင် ကုန်ကားပေါ်တွင် တရားမဝင်ပုန်းခို လိုက်ပါလာသော မြန်မာအလုပ်သမား ၅၂ဦး ဩဂုတ်လ ၃ရက်ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ မဲဆောက်မြို့ မယ်ပဒေသရှိ စစ်ဆေးရေးဂိတ်တွင် သတင်းအရ ခြောက်ဘီးတပ်ကုန်တင်ကားကို ထိုင်းအာဏာပိုင်များက တားဆီးစစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ ကုန်တင်ကားအနောက်ပိုင်းကို စစ်ဆေးရာတွင် အထဲက အသံကြားသဖြင့် အသီးအရွက်များကို ဖယ်ရှားစစ်ဆေးရာမှ မြန်မာအလုပ်သမားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများအနက် မြဝတီနယ်စပ်မှ ယာယီနယ်စပ်ဖြတ်ကျော်ကတ်ကိုင်ဆောင် ဝင်ရောက်လာသူ ၃၂ဦး ပါဝင်ပြီး ကျန် ၂၀ဦးမှာ အထောက်အထား မရှိကြောင်း ဆိုသည်။ ထိုင်းကားသမားသည် ကားပေါ်တွင် မြန်မာအလုပ်သမားများ လိုက်ပါလာသည်ကို မသိရှိဟု ထွက်ဆိုပြီး ဟင်းသီးဟင်းရွက် ပို့ဆောင်ပေးမှုအတွက် ဘတ် ၁၀၀၀၀ သာ ရရှိခဲ့သည်ဟုလည်းဆိုကြောင်း သတင်းတွင် […]