လောင်းလုံး အင်းဇောက်ရွာတွင် ကားတစ်စီးပစ်ခတ်ခံရ၊ အနီးအနားခြံဝင်းထဲရှိ အမျိုးသားတစ်ဦးကျည်ထိမှန်သေဆုံး
Dawei Watch
August 6, 2023လောင်းလုံးမြို့နယ် အင်းဇောက်ရွာတွင် ဩဂုတ်လ ၆ ရက် ယနေ့ မွန်းလွဲပိုင်းက စက်သုံးဆီပီပါများ တင်ဆောင်လာသည့် ကားတစ်စီး ပစ်ခတ်ခံရပြီး ယင်းနေရာအနီးရှိ နေအိမ်ခြံဝင်းထဲတွင်ရှိနေသည့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံတို့က ပြောသည်။ စက်သုံးဆီပီပါများတင်လာသည့်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက တားဆီးစဉ် ရပ်မပေးဘဲ မောင်းပြေးသည့် အတွက် နောက်ကလိုက်လံပစ်ခတ်လာကြောင်း ၎င်းတို့က ဆိုသည်။ ယင်းကားသည် အင်းဇောက်ရွာရှိ လူအချို့ရှိနေသည့် နေအိမ်ခြံဝင်းတစ်ခုရှေ့တွင် ထိုးရပ်ပြီး ကားပေါ်က အမျိုးသားနှစ်ဦး ယင်းနေအိမ်ခြံယင်းထဲသို့ ဆင်းပြေးလာကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသားနှစ်ဦးသည် ခြံဝင်းအနောက်ဖက်ရှိ ရော်ဘာတောဖက်သို့ ထွက်ပြေးကြကြောင်း ၎င်းက ဆိုသည်။ ယင်းအမျိုးသားနှစ်ဦးကို ပစ်ခတ်ရာမှ ခြံထဲတွင်ရှိနေသည့် အသက် ၃၇ နှစ်အရွယ်ရှိ ဦးမျိုးဇော်လတ်ဆိုသူ ကျည်ထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “သေနတ်သံက […]


