ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေဖြူ နဘုလယ်ဒေသ လဲရှောင်ရွာကို စစ်ကြောင်းဝင်၊ နေအိမ်သုံးဆောင်ထက်မနည်း မီးရှို့ခံရ

Dawei Watch

October 25, 2023

ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ရှိသည့် နဘုလယ်ဒေသတွင် စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနေသည့် စစ်ကောင်စီတပ်သည် လဲရှောင်ရွာက နေအိမ်သုံးဆောင်ထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ ရက်နေ့ ညနေပိုင်းကစပြီး နေအိမ်မီးရှို့ခံရပြီး ယနေ့ အောက်တိုဘာလ ၂၅ရက် နေ့လယ်ပိုင်း အထိ နေအိမ်သုံးလုံးထက်မနည်း မီးရှို့ခံထားရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ “အခုအထိတော့ သုံးဆောင်လောက်ပဲ သိရသေးတယ်။ မီးခိုးတွေတော့ တက်နေသေးတယ်။ အရေအတွက် အတိအကျ မသိရသေးဘူး။ မနေ့ကရှို့တဲ့ထဲမှာ ကားတစ်စီးပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ မီးရှို့ခံရရာတွင် လဲရှောင်ရွာက ဝပ်ရှော့ လုပ်ငန်းလုပ်နေသည့် နေအိမ်နှင့် အလုပ်ရုံ ပါဝင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုဝပ်ရှော့လုပ်ငန်း၏ ပိုင်ရှင်မှာ ယခင်က စစ်ကောင်စီတပ်၏ တစ်လနီးပါးကြာ ဖမ်းဆီးခံရဖူးပြီး ပြန်လွတ်မြောက် လာသူလည်းဖြစ်ကြောင်း ဒေသခံတို့ထံမှ […]

နှစ်တစ်ရာကျော်သက်တမ်းရှိ မော်လမြိုင် အထက ၉ ကျောင်း မီးထပ်လောင်၊ ရှို့မီးဟုဆို

Dawei Watch

October 25, 2023

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်ရှိ သက်တမ်းနှစ် ၁၀၀ ကျော်ရှိသည့် အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်းဆောင် မီး ထပ်မံလောင်ကျွမ်းကြောင်း မြို့ခံတို့ထံမှ သိရသည်။ ကျောင်းဝင်းအတွင်းရှိ ဦးသာညှင်းဓမ္မာရုံနှင့် နှစ်ထပ်ကွန်ပျူတာ ကျောင်းဆောင်တို့ ယနေ့ အောက်တိုဘာလ ၂၅ရက် နံနက် ၃ နာရီခန့်က မီးစတင်လောင်ကျွမ်းကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း မော်လမြိုင်မြို့ခံ လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဦးသာညှင်းဓမ္မာရုံနဲ့ နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်ကတော့ မီးထဲပါသွားတယ်။ မီးလောင်ရတဲ့ အကြောင်းအရင်း ကိုတော့ သေချာမသိရသေးဘူး။ သက်ဆိုင်ရာကတော့ စစ်ဆေးနေကြတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။ ကျောင်းပတ်ဝန်းကျင်ရှိ CCTV မှတ်တမ်းများအရ အမျိုးသမီးတစ်ဦး ကျောင်းထဲသို့ ဝင်ရောက် မီးရှို့သွားသည်ကို […]

ထားဝယ်သပိတ်မျှောပွဲလုပ်မည့် နေရာအနီး ဗုံးပေါက်

Dawei Watch

October 25, 2023

ထားဝယ်ရိုးရာ သပိတ်မျှောပွဲလုပ်မည့် ထားဝယ်ကမ်းနားလမ်း သဲဆိပ်အနီးတွင် (ယနေ့) အောက်တိုဘာလ ၂၅ ရက် မနက်က ဗုံးပေါက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပေါက်ကွဲမှုမှာ မပြင်းထန်သည့်အတွက် အနီးအနားနေသူအချို့ပင် မသိလိုက်ရကြောင်း ဒေသခံအချို့က ဆိုသည်။ ပေါက်ကွဲမှုဖြစ်ပြီးနောက် သဲဆိပ်အနီးရှိ တံတားထိပ်တွင် ‌စစ်ကောင်စီတပ်သားဆယ်ဦးခန့် ရောက်ရှိနေကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ “ကျွန်တော်သွားကြည့်တာ Vigo ကားတစ်စီးနဲ့ (စစ်ကောင်စီတပ်သား) ဆယ်ယောက်ကျော်လောက်ရှိနေတယ်။ လက်ထဲမှာလည်း ထွန်ခြစ်လိုဟာမျိုး နှစ်ခုကိုင်ထားတာတွေ့တယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။ အတည်မပြုနိုင်သေးသည့် သတင်းအရ ထားဝယ်ကမ်းနားလမ်းရှိ မြောင်းပုလဲတံတားအောက်တွင် ထောင်ထားသည့် အချိန်ကိုက်ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မပေါက်ကွဲသေးသည့်ဗုံးများလည်း ထပ်တွေ့ရသည်ဟု ဆိုသည်။ ပေါက်ကွဲမှုအခြေအနေ အသေးစိတ်နှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ဆိုသည့် အအကြောင်းအရာကိုမူ Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း သီတင်းကျွတ်ကာလအတွင်း စစ်ကောင်စီက […]

အကြောင်းမဲ့ အလုပ်ထုတ်ခံရသော မြန်မာ ၄ ဦး နစ်နာကြေး ဘတ် ၂ သိန်းကျော်ရရှိ

Dawei Watch

October 25, 2023

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့ အိတ်ချုပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာအလုပ်သမား ၄ ဦးကို ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ခဲ့မှုအတွက် နစ်နာကြေးငွေ ဘတ် ၂ သိန်းကျော်ရရှိခဲ့ကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမား ၇၀ ခန့်လုပ်ကိုင်နေသော မဲဆောက်မြို့ ဝါစကင်းရွာရှိ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၄ ဦးကို အလုပ်ရှင်က ကြိုတင်အကြောင်းကြားမှုမရှိဘဲ ဩဂုတ်လ ၂၂ ရက်နေ့တွင် အလုပ်ထုတ်လိုက်ကြောင်း သိရသည်။ လုပ်ငန်းခွင်တွင် အခြေခံလုပ်အားခမရရှိသည့်အပြင် အလုပ်ချိန်အပါအဝင် အလုပ်ခွဲဝေမှုနှင့် ဖိအားပေးခိုင်းစေခံနေရသော အခြေအနေကို အလုပ်ရှင်ထံ ညှိနှိုင်းပြောဆိုရာမှ လက်မခံဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။ ယင်းနောက် ဩဂုတ်လ ၂၃ ရက်နေ့တွင် ဥပဒေအရ ဆောင်ရွက်ပေးရန် အလုပ်သမားများက ရောင်ခြည်ဦးအဖွဲ့ထံ အကူအညီတောင်းခံခဲ့ပြီး Labour […]

သရက်ချောင်း မြို့မရဲစခန်း ပြည်သူ့ကာကွယ်ရေးတပ် ဝင်တိုက်

Dawei Watch

October 25, 2023

သရက်ချောင်းမြို့မရဲစခန်း ယနေ့နံနက် ၅ နာရီ၊ မိနစ် ၂၀ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ‌သိရသည်။ “အစပိုင်းမှာ လက်နက်ငယ်ပစ်သံတွေကြားတယ်၊ နောက်တော့ လက်နက်ကြီးပစ်သံတွေကြားတယ်”ဟု မြို့ပေါ်ရပ်ကွက်နေသူ အမျိုးသားတစ်ဦးက ပြောသည်။ အပြန်အလှန် ပစ်ခတ်မှုကြာချိန် မိနစ် ၃၀ ခန့်ရှိပြီး နှစ်ဖက်ထိခိုက် သေဆုံးမှုအခြေအနေကို မသိရသော်လည်း လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်သဖြင့် သားမိနှစ်ဦး ဒဏ်ရာပြင်းထန်စွာရသွားသည်ဟု ၎င်းက ပြောသည်။ သရက်ချောင်းမြို့မရပ်ကွက်က အရေးပေါ်ကားအသင်းဝင်တစ်ဦးကလည်း ဒဏ်ရာရသည့် သားအမိနှစ်ဦးကို ထားဝယ်ဆေးရုံကို ပို့ဆောင်နေသည်ဟု အတည်ပြုပြောဆိုသည်။ “ကျွန်တော်က လိုက်မသွားဖြစ်ဘူး၊ လူကြီးတစ်ယောက် ကလေးတစ်ယောက်ဆိုပဲပြောတယ်၊ ကားကတော့ ပြန်မလာသေးဘူး၊ ထားဝယ်ဆေးရုံကိုတက်ပို့နေတယ်” ဟု ၎င်းဆိုသည်။ သရက်ချောင်းမြို့မရဲစခန်း တိုက်ခိုက်မှုအခြေအနေ အသေးစိတ်ကို မသိရသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထုတ်ပြန်ရန်ရှိသည်ဟု ဆိုသည်။

မြိတ်နှင့် ပုလောတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကျင်းပမည်မဟုတ်

Dawei Watch

October 24, 2023

Dawei Watch၊ အောက်တိုဘာ ၂၄ မြိတ်မြို့နယ်နှင့် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောမြို့နယ်တို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲ ကျင်းပနိုင်မည်မဟုတ်ကြောင်း သိရသည်။ တနင်္သာရီတိုင်းအတွင်းရှိ ပုလောနှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးအဖြစ် စစ်ကောင်စီက ယခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ကြေညာခဲ့ခြင်းဖြစ်သည်။ ပုလောမြို့တွင် ကိုဗစ်စဖြစ်သည့် ၂၀၂၀ ခုနှစ်မှစပြီး ယခုနှစ်အထိ လေးနှစ်ဆက်တိုက် ပွဲတော်မကျင်းပဖြစ်ခဲ့ကြောင်း မြို့ခံအချို့က ဆိုသည်။ “ဒီနှစ်လည်း မကျင်းပနိုင်သေးပါဘူး၊ မြို့ထဲမှာတောင် ညညဆို ကြောက်နေရတဲ့ အခြေအနေဆိုတော့လေ” ဟု ပုလောမြို့နယ်ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကျင်းပရေးကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ ပုလောမြို့အပါအဝင် ပုလောက်မြို့၊ ပလမြို့တို့တွင် တိုက်ပွဲများ မကြာမကြာဖြစ်ပေါ်နေပြီး၊ ညဘက်အချိန်တို့တွင်လည်း ပစ်ခတ်အသံများကြားနေရသဖြင့် စိုးရိမ်ကြောက်လန့်နေရခြင်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။ ပုလော၊ ပလောက်၊ ပလမြို့တို့သည် မြိတ်-ထားဝယ် […]

တိုက်ပွဲကြောင့် ရေးတွင် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

Dawei Watch

October 24, 2023

ရေး-ထားဝယ်ကားလမ်းပေါ်ရှိ ရေးတံတားကြီးတွင် တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားမှုကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာသစ် တစ်ရွာလုံးထွက်ပြေးတိမ်းရှောင် နေရကြောင်းသိရသည်။ ရေးတံတားကြီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့၊ ABSDF တပ်ရင်း (၁) ပူးပေါင်းတပ်ဖွဲ့တို့က အောက်တိုဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြသည်။ နှစ်ဖက်တိုက်ပွဲအတွင်း ကျုံလောင်းရွာသစ်မှ အမျိုးသားတစ်ဦး သေဆုံးပြီး၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ တိုက်ပွဲကြောင့် ကျုံလောင်းရွာသစ်မှ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း လက်ရှိတွင် အခြေအနေငြိမ်သက်နေသော်လည်း တိုက်ပွဲထပ်ဖြစ်လာမည်ကို စိုးရိမ်နေကြသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသူများ နေရပ်မပြန်ရဲကြသေးကြောင်း ဒေသခံများကပြောသည်။ “တိုက်ပွဲဖြစ်ပြီးနောက်မှာ တစ်ရွာလုံးနီးပါးပဲ ထွက်ပြေးကုန်တာ။ အခုထိလည်း မပြန်ရဲကြသေးဘူး။ တိုက်ပွဲထပ်ဖြစ်မှာကြောက်နေကြတယ်လေ” ဟု ကျုံလောင်းရွာခံတစ်ဦးက ပြောသည်။ ဒေသခံများသည် ရေးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားသူများရှိသလို နီးစပ်ရာ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဘက် ထွက်ပြေးတိမ်းရှောင်နေကြသူများလည်း ရှိနေသည်။ ရေးတံတားကြီးတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး ၂ ဦးအပါအဝင် ၂၇ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။ ယင်းအပြင် RPG ၁ လက်၊ MA1 ၄ လက်၊ MA2 စက်လက် ၂ လက်၊ MA3 ၂ လက်၊ MA4 ၁ လက်၊ သေနတ်အတို ၂ လက်အပြင် ခဲယမ်းများ၊ စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ […]

သထုံတွင် ဘုရားဖူးကား မိုင်းဆွဲခံရပြီး အရပ်သားနှစ်ဦးဒဏ်ရာရ

Dawei Watch

October 23, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ် ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ယနေ့ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဘုရားဖူးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အရပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဘီးလင်းဘက်မှ သထုံဘက်သို့ မောင်းနှင်လာသော လိုက်ထရပ်အမျိုးအစား ဘုရားဖူးကားသည် ယနေ့ နံနက် ၆နာရီကျော်တွင် ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၂/၅) နှင့် (၁၃၂/၆) ကြားအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ မိုင်းဆွဲခံရမှုကြောင့် ယာဉ်မောင်းဖြစ်သူ ဦးဝဏ္ဏကျော်နှင့် ကားပေါ်စီးနင်းလိုက်ပါလာသည့် မထက်ထက်အောင် ဆိုသူတို့ မိုင်းစ ဖောက်ဝင်ဒဏ်ရာ၊ မိုင်းစရှပ်မှန်ဒဏ်ရာများ ရရှိကြောင်း ဒေသခံတို့က ဆိုသည်။ ယာဉ်မောင်းမှာ စိုးရိမ်ရသည့်အခြေအနေရှိကြောင်း သထုံဒေသခံတစ်ဦးက ပြောဆိုသည်။ “ထိသွားတဲ့နှစ်ဦးက ယာဉ်မောင်းနဲ့ ခေါင်းခန်းမှာ စီးနေတဲ့ အမျိုးသမီးတစ်ဦး။ ယာဉ်မောင်းကတော့ […]