ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ ၄ နှင့် ကော်သူးလေတို့ နှစ်ရက်ဆက် ပစ်ခတ်မှုဖြစ်
Dawei Watch
October 21, 2023ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ-၄ နှင့် ကော်သူးလေတပ်မတော်တို့ နှစ်ရက်ဆက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် နှစ်ဖက်တပ်ဖွဲ့တို့ထံမှ သိရသည်။ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ကထောင်းနီရွာအနီးမှာ KNU တပ်မဟာ-၄ နှင့် ကော်သူးလေတပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွားပြီး ယနေ့ ၂၁ ရက် နံနက်ပိုင်းတွင်လည်း ကလစ်ကြီးရွာဟောင်းနေရာတွင် ပစ်ခတ်မှု ထပ်မံဖြစ်ပွားကြောင်း KNU တပ်မဟာ (၄) ၊ မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။ ဒေသခံအချို့က နှစ်ဖက်ပစ်ခတ်မှုတွင် ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရသော်လည်း ပစ်ခတ်မှုအခြေအနေ အသေးစိတ်ကို မသိကြောင်း ဆိုသည်။ “မနေ့ကဖြစ်တာတော့ ပစ်ခတ်သံတွေမကြားရဘူး။ ဒီနေ့ဖြစ်တာတော့ အသံကြားရတယ်။ ကြာချိန်က ၁၅ မိနစ် လောက်ပဲ ရှိမယ်။ လက်နက်ကြီးနဲ့ တော်တော်များများထုတယ်” ဟု […]


