Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တနင်္သာရီတိုင်းက စစ်အာဏာရှင်တပ်သားခြောက်ဦး KNU ဆီဘက်ပြောင်းတဲ့ သတင်း
- ထားဝယ်မြို့မှာ ဖြစ်ခဲ့တဲ့ နေအိမ်ထဲအထိ ဓားနဲ့ဝင်ခုတ်တဲ့အမှုမှာ ဒဏ်ရာရတဲ့အမျိုးသမီးလည်း သေဆုံးသွားတဲ့ အကြောင်း
- လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် တနင်္သာရီအပါအဝင် တိုင်းနဲ့ ပြည်နယ်ရှစ်ခု မိုးကြီးနိုင်တဲ့ အခြေအနေ
- ဇွန်လအတွင်း တနင်္သာရီတိုင်းမှာ လူငယ် ၂၀၀ လောက် စစ်မှုထမ်းစုဆောင်းခံရတဲ့ အကြောင်း
- ထိုင်းမှာ သံဃာတော်တွေကို ကားဝင်တိုက်လို့ ရှစ်ပါး ပျံလွန်တော်မူပြီး ၁၃ ပါး အပြင်းအထန် ဒဏ်ရာရတဲ့ သတင်း
- စစ်အာဏာသိမ်းပြီးနောက် မြန်မာမှာ သေဆုံးသူ တစ်သိန်းကျော်အထိ ရှိလာတဲ့ အခြေအနေ
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






