တနင်္သာရီမြစ်ရေကြီးမှုကြောင့် နေအိမ်လေးဆယ်ကျော် ပြောင်းရွှေ့ရ
Dawei Watch
August 8, 2023ယခုလအစမှစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေမြင့်တက်ကာ ရေကြီးမှုကြောင့် နေအိမ် လေးဆယ်ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း ယင်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ တနင်္သာရီမြစ်ရေသည် ဩဂုတ်လ ၃ ရက်နေ့တွင် စိုးရိမ်ရေအမှတ် ၁၇ ပေအထိ ရောက်ရှိခဲ့ပြီး နေအိမ်အချို့ ရေလွှမ်းခဲ့ကြောင်း ယင်းမြို့နေသူအချို့က ပြောသည်။ ယင်းနောက် ဩဂုတ်လ ၇ ရက်နေ့တွင် ၁၈ ပေခွဲအထိ မြင့်တက်လာပြီး ဩဂုတ်လ ၈ ရက်နေ့တွင် တစ်ပေကျော်ခန့် ပြန်လည်ကျဆင်းခဲ့သဖြင့် ၁၇ ပေကျော်အထိ ရှိနေကြောင်း တနင်္သာရီမြို့နေသူတစ်ဦးက ဆိုသည်။ တနင်္သာရီမြို့နယ်၏ မြစ်ရေအား စိုးရိမ်ရေအမှတ်အဖြစ် ၁၇ ပေနှင့် အန္တရာယ်ရေအမှတ် ၂၄ ပေ သတ်မှတ်ထားသည်။ “ရေတော့နည်းနည်းပြန်ဆင်းသွားတယ်။ မိုးကတော့ ရွာနေတာပဲ” ဟု တနင်္သာရီမြို့နေသူတစ်ဦးက ပြောဆိုသည်။ […]


