ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပေါင်တွင် နယ်ထိန်းရဲနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

July 23, 2023

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဥတ္တံတားကျေးရွာ ရန်‌ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ စားသောက်ဆိုင်တစ်ခုတွင် နယ်ထိန်းရဲနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက် ည‌နေ ၆ နာရီခန့်က ဥတ္တံတားကျေးရွာ နယ်ထိန်းရဲ စိုးဇော်အောင်နှင့် ဝပ်ရှော့လုပ်ငန်းလုပ်ကိုင်သူ ကိုစည်သူတို့နှစ်ဦးသည် စားသောက်ဆိုင်တွင် ထိုင်နေစဉ် အမည်မသိသေနတ်သမားတို့က လာရောက်ပြီး သေနတ်ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်သွားကြောင်း ၎င်းတို့က ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲ စိုးဇော်အောင်နှင့် ကိုစည်သူတို့နှစ်ဦးသည် အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့က ဆိုသည်။ “သူတို့ နှစ်ယောက် အတူထိုင်နေတဲ့အချိန်မှာ သေနတ်သမားတွေက ဝင်ပစ်သွားတယ်။ နယ်ထိန်းရော ကိုစည်သူရော ဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်” ဟု ပေါင်ဒေသခံတစ်ဦးက ပြောဆိုသည်။ ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က ပေါင်မြို့နယ် […]

စစ်ကောင်စီတပ်ကား ကျောက်ရှပ်ရွာအနီး မိုင်းဆွဲခံရ၊ ပြန်လည်ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးဒဏ်ရာရ

Dawei Watch

July 23, 2023

ကလိန်အောင်မြို့ ကျောက်ရှပ်ကျေးရွာအနီး မိုင် ၄၀ ရွာတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ကျောက်တင်ကားတစ်စီး ဇူလိုင်လ ၂၂ ရက် နေ့လယ်ပိုင်းက မိုင်းဆွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မိုင်းဆွဲခံရမှုကြောင့် ကားသုံးစီးပါယာဉ်တန်းတွင် ကားတစ်စီးပျက်စီးသွားကြောင်း ၎င်းတို့က ပြောသည်။ မည်သည့်အဖွဲ့က တိုက်ခိုက်သည်ကိုမူ မသိရသေးပေ။ မိုင်းဆွဲမှုဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး ဆေးရုံတင်ထားရကြောင်း ဒေသခံတို့က ဆိုသည်။ “မိုင်းဆွဲတဲ့နေရာအနားမှာ ကားပျက်လို့ပြင်နေတဲ့ ကားသမားတစ်ယောက် ထိတယ်။ ခြေထောက်မှာပဲ ထိတာ” ဟု ဒဏ်ရာရ ကားသမားနှင့် နီးစပ်သည့် ကလိန်အောင်မြို့ခံ ယာဉ်မောင်းတစ်ဦးက ပြောသည်။ ဇွန်လအတွင်းကလည်း ကျောက်ရှပ်ရွာနှင့် ရေပုံးရွာအနီးတဝိုက်တွင် စစ်ကောင်စီယာဉ်တန်းများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များက သုံးကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။ ဇူလိုင်လ ၁၉ ရက်ကလည်း ကလိန်အောင်မြို့နယ်ခွဲ […]

ထိုင်းတင်ပို့နေသည့် ငါးဈေးထက်ဝက်ခန့်ထိုးကျ၍ လုပ်ငန်းရှင်များ အရှုံးပေါ်

Dawei Watch

July 23, 2023

ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ငါးဈေးများ ထက်ဝက်ခန့်ထိုးကျသွားပြီး တနင်္သာရီတိုင်းမှ ငါးဖမ်းလုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း မြိတ်ငါးဖမ်းလှေလုပ်ငန်းရှင်များနှင့် တင်ပို့ရောင်းချနေသူများ ထံမှသိရသည်။ ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ် ရွေးကောက်ပွဲကျင်းပနေပြီး ခန့်အပ်ခံအထက်လွှတ်တော် အမတ်များနှင့် အတိုက်အခံအမတ်များကြောင့် ပြည်သူ့ထောက်ခံမှု အများဆုံးရထားသည့် Move Forward ပါတီခေါင်းဆောင် ပီထာမှာ ဝန်ကြီးချုပ်ဖြစ်ခွင့် မရဖြစ်နေသည်။ ယင်းအပြင် iTV ရှယ်ယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံးက ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခဲ့သည်။ ယင်းအခြေအနေများကို ပြည်သူများက လက်မခံနိုင်သဖြင့် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြသည်။ ထိုင်းနိုင်ငံရေးအကျပ်အတည်းကြောင့်  ပြည်တွင်းမှတင်ပို့သည့် ငါးများကို ထိုင်းဝယ်လက်များက မဝယ်ရဲကြတော့သလို တစ်ချို့က ဈေးနှိမ်ကာ ဝယ်ယူသဖြင့်  အရှုံးပေါ်နေသည်ဟု ငါးဖမ်းလှေလုပ်ငန်းရှင်များက ပြောသည်။ “ငါးဈေးကတစ်အား ထိုးကျနေတယ်ဆိုတော့ လှေတွေက အခြေအနေ သိပ်မကောင်းဘူး”ဟု မြိတ်မြို့နေ ငါးဖမ်းလုပ်ငန်းရှင် ကပြောသည်။ ယခင်က ငါးပါးနီတစ်ကီလို ဘတ် ၂၂၀ […]

ရွှေအရောင်းရပ်ပြီး ထိုင်းဘတ်ငွေဈေး ထိုးတက်

Dawei Watch

July 23, 2023

နှစ်သောင်းကျပ်တန် ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် ရွှေအရောင်းအဝယ် ရပ်တန့်သွားပြီး ထိုင်းဘတ်ဈေးလည်း ထိုးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ လက်ရှိတွင် ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၅ သိန်း ခန့်မှန်းဈေးဖွင့်ထားသော်လည်း ရွှေဒိုင်များတွင်ပင် အရောင်းပိတ်ထားကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ဒိုင် မှာမေးတာ အခေါက်ဒိုင် အကုန်လုံး အရောင်းနားတယ်ပြောတယ်ရှင်”ဟု အဆိုပါရွှေဆိုင်ပိုင်ရှင်က ပြောသည်။ ဇူလိုင်လ ၂၂ ရက်နေ့ကမူ ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်နှစ်သိန်းခြောက်သောင်းဝန်းကျင်ဖြင့် ရောင်းချနေသည်။ ထို့အတူ ထိုင်းဘတ်ဈေးလည်း ထိုးတက်လာပြီး ထိုင်းငွေတစ်ဘတ်လျှင် ၉၄ ကျပ်နီးပါး(အချိန်နှင့်အမျှ စျေးပြောင်းနေ) ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက်က ထိုင်းငွေတစ်ဘတ်လျှင် ၈၉ ကျပ်ဝန်းကျင်ရှိရာမှ အချိန်ပိုင်းအတွင်းမှာပင် ဈေးတက်သွားကြောင်း […]

လောင်းလုံးနှင့် အနီးဝန်းကျင်ကျေးရွာများ ရေကြီးရေလျှံမှုကြုံတွေ့

Dawei Watch

July 23, 2023

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လောင်းလုံးမြို့တွင်း ရပ်ကွက်အချို့နှင့် မြို့၏ အရှေ့ဘက် ပြင်းထိန်ကျေးရွာတို့တွင် ဇူလိုင်လ ၂၃ ရက်နေ့မနက်ပိုင်းကစပြီး ရေကြီးရေလျှံဖြစ်ပေါ်နေသည်ဟု ဒေသခံများထံမှသိရသည်။ မနေ့မနက်ပိုင်းကစတင်ပြီး လောင်းလုံးမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စခန်းကြီးကျေးရွာအုပ်စု၊ ခမောင်းတောင်ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ကျေးရွာများက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ ယနေ့မနက်ပိုင်းတွင်တော့ စခန်းကြီးရွာ၏ တောင်ဘက် ၁၆ မိုင်ခန့်အကွာရှိ လောင်းလုံးမြို့၏ မြေနိမ်ပိုင်းရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများတွင် ရေကြီးရေလျှံဖြစ်နေသည့်အတွက်ကြောင့် ပရဟိတအဖွဲ့များက အရေးပေါ်ကယ်ဆယ်ရေး ဆောင်ရွက်နေကြရသည်။ လောင်းလုံးမြို့၏ မြေနိမ်ပိုင်းရပ်ကွက်များနှင့် အရှေ့ဘက်ပြင်းထိန် ကျေးရွာသို့သွားသည့် လမ်းတစ်လျှောက် ရေကြီးနေခြင်းဖြစ်ကြောင်း ဇမ္ဗူသီရိအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်ကပြောသည်။ ” ရေက ရုတ်တရက်တက်လာတယ်ပြောတယ် ကျွန်တော်တို့ မြေနိမ့်ပိုင်းရပ်ကွက်တွေကို လိုက်ကြည့်နေတယ်။ ပြင်းထိန်ရွာကိုလည်းဝင်မယ်”ဟုဦးနိုင်မျိုးသွင်ကပြောသည်။ ရေကြီးသည့်နေရာများဖြစ်သည့် လောင်းလုံးမြို့လဝကရုံး အရှေ့လမ်းမကြီးတစ်လျှောက်နှင့် မြေနိမ့်ပိုင်းရပ်ကွယ်များတွင် မြို့နယ်မီးသတ်တပ်ဖွဲ့၊ ဇမ္ဗူသီရိအဖွဲ့၊ ရင်ခုန်သံအဖွဲ့နှင့် […]

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ် ထုတ်မည်ဟု စစ်ကောင်စီကြေညာ

Dawei Watch

July 23, 2023

ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို ယခုလကုန်(ဇူလိုင် ၃၁) မှစတင်ပြီး ထုတ်ဝေဖြန်ချိမည်ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့(ဇူလိုင် ၂၃)တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယင်းနှစ်သောင်းတန် ငွေစက္ကူကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်‌ဆောက်ပြီးစီးမှုနှင့် ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်တွင်မွေးဖွားခဲ့သည့် ဆင်ဖြူတော်ရတနာ “ရဋ္ဌနန္ဒက”၏ ၁ နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းငွေစက္ကူအသစ်ကို မြန်မာနိုင်ငံတွင်း လှည့်လည်သုံးစွဲနေသော ငွေစက္ကူများအနက် ဟောင်းနွမ်း၍ လှည့်လည်သုံးစွဲရန်မသင့်သည့် ငွေစက္ကူအမျိုးအစားတို့နှင့် “တန်ဖိုးတူ”လဲလှယ်ပေးခြင်းဖြင့်သာ ဖြန့်ဝေသွားမည်ဟု စစ်ကောင်စီက ကြေညာထားသည်။ သို့သော် ငွေစက္ကူအသစ် ရိုက်နှိပ်မှုကြောင့် ကျပ်ငွေတန်ဖိုးထပ်မံကျဆင်းပြီး ကုန်စျေးနှုန်းကြီးမြင့်သွားမည်ကို ပြည်သူများက စိုးရိမ်နေကြသည်။ စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာပြည်သူများမှာ အထွေထွေအကျပ်အတည်းနှင့် ရင်ဆိုင်နေကြရပြီး စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင်ရှားပါးမှုနှင့်အတူ ကုန်စျေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကိုလည်း ရင်ဆိုင်နေကြရသည်။ မြန်မာကျပ်ငွေ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

July 22, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကောင်စီကို ဥရောပသမဂ္ဂက ထပ်မံအရေးယူ စစ်ကောင်စီ ဝန်ကြီးတွေ၊ အဖွဲ့ဝင်တွေ၊ စစ်ထောက်ချုပ်အပါအဝင် လူပုဂ္ဂိုလ်ခြောက်ဦးနဲ့ နိုင်ငံပိုင်အမှတ် (၂) သတ္တုတွင်းလုပ်ငန်းကို ဥရောပသမဂ္ဂက ပြစ်ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ပါတယ်။ ဒီလိုအရေးယူတာကို ဇူလိုင်လ ၂ဝရက်နေ့မှာ ထုတ်ပြန်လိုက်တာပါ။ ဒါဟာ စစ်ကောင်စီနဲ့ပတ်သက်လို့ ဥရောပသမဂ္ဂက ခုနစ်ကြိမ်မြောက်အဖြစ် အရေးယူပိတ်ဆို့လိုက်တာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ဆက်လက်မြင့်တက်လာတာ၊ ပြင်းထန်ဆိုးရွားလှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေနဲ့ နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုတွေအတွက် ခြိမ်းခြောက်မှုတွေ ဆက်လက်ဖြစ်ပေါ် နေတာကြောင့် အခုလိုအရေးယူတာလို့ ဆိုပါတယ်။ ဒဏ်ခတ်ပိတ်ဆို့တဲ့ စာရင်းထဲ ထည့်သွင်းခံလိုက်ရသူတွေထဲမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ […]

လောင်းလုံးတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက နေအိမ်လေးဆောင် မီးရှို့

Dawei Watch

July 22, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စခန်းကြီးရွာအနီးတွင် ယနေ့ (ဇူလိုင် ၂၂) မနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က နေအိမ်လေးဆောင်ခန့် မီးရှို့လိုက်ကြောင်း သိရသည်။ ယနေ့ နံနက် ၇ နာရီဝန်းကျင်ခန့်မှစပြီး ခမောင်းတောင်ရွာအနီးတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ “လက်နက်ကြီး လက်နက်ငယ်တွေရော အချက်ရေမနည်းဘူး။ ရွာထဲမှာလူတွေလည်းမရှိတော့ဘူး “ဟု ဒေသခံတစ်ဦးကပြောသည်။ ပစ်ခတ်မှုဖြစ်ပြီး နံနက် ၁၀ နာရီ ဝန်းကျင်မှစ၍ စစ်ကောင်စီတပ်သည် စခန်းကြီး ကျေးရွာအုပ်စုနှင့် တောင်မင်းပြောင်ကျေးရွာဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေသည်။ စခန်းကြီးရွာအနီးရှိ ဖွားဘုတ်ပြင် ရွာဘက်ရောက်ရှိနေသည့်စစ်ကြောင်းက ယနေ့ နေ့လယ်ပိုင်းကစပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျွန်မတို့ တစ်ရွာလုံးနီးပါးထွက်ပြေးနေရတယ်။ ခုညနေငါးနာရီအထိ ပစ်တုန်း”ဟု ဖွားဘုတ်ပြင်ရွာသူတစ်ဦးကပြောသည်။ ယနေ့ညနေပိုင်း မေးမြန်းချက်အရ […]