ရေဖြူတွင် စစ်ဘေးရှောင်တစ်ရာဝန်းကျင် ကျန်းမာရေးမကောင်း၊ စားနပ်ရိက္ခာလည်းအလွန်ခက်ခဲနေ
Dawei Watch
July 19, 2023ရေဖြူမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ စားနပ်ရိက္ခာ အခက်အခဲကြီးမားနေပြီး စစ်ဘေးရှောင်တစ်ရာဝန်းကျင်မှာလည်း ကျန်းမာရေးမကောင်းဖြစ်နေကြောင်း စစ်ဘေးရှောင်အချို့က ပြောသည်။ ဇူလိုင်လ ၁၁ ရက်နေ့ကစပြီး ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိသည့် နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်လာသောကြောင့် ဧကနိကျေးရွာနှင့်အနီးတစ်ဝိုက်က ဒေသခံ သုံးရာဝန်းကျင် တော၊ တောင်ထဲတွင် စစ်ဘေးရှောင်နေရကြောင်း ၎င်းတို့က ဆိုသည်။ မိုးရာသီဖြစ်သည့်အတွက် သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေးအဖြစ်များနေပြီး ဆေးဝါးနှင့် ကုသပေးသူ မလုံလောက် ဖြစ်နေကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ ယင်းအပြင် သွေးတိုး၊ ဆီးချိုအပါအဝင် ရောဂါအခံရှိသူများလည်း ကျန်းမာရေးမကောင်းဖြစ်နေပြီး ကျန်းမာရေးမကောင်းသူ တစ်ရာဝန်းကျင် ရှိနေကြောင်း ၎င်းက ပြောဆိုသည်။ “သွေးလွန်တုပ်ကွေးဖြစ်လို့ အရမ်းအခြေအနေဆိုးတဲ့ ကလေးနှစ်ယောက်နဲ့ လူကြီးတစ်ယောက်ရှိတယ်။ ဖျားနာတာက အိမ်တိုင်း (ယာယီတဲ) နီးပါးဖြစ်တယ်။ သွေးတိုး၊ ဆီးချိုသမားတွေအတွက် […]


