ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင် အဖွဲ့မှ နုတ်ထွက်
Dawei Watch
October 2, 2023ထားဝယ်မြို့အခြေစိုက် ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင် အဖွဲ့မှ နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ကာယကံရှင်ဦးနိုင်မျိုးသွင်က ပြောသည်။ အောက်တိုဘာလ ၁ ရက်နေ့တွင် အဖွဲ့ အစည်းအဝေးခေါ်ယူပြီး အလုပ်အမှုဆောင်ကော်မတီတစ်ရပ်ဖွဲ့စည်းကာ လုပ်ငန်းတာဝန်များကို အပ်နှံပြီး နုတ်ထွက်လိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အရင်လို အရေးပေါ်လူနာတွေကို ကူညီသယ်ဆောင်ပေးချင်ပါသေးတယ်။ ဒါပေမဲ့ ကျွန်တော် ကျန်းမာရေး စစ်ဆေး စရာလည်းရှိတဲ့အတွက် အနားယူချင်တာပါ” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။ စက်တင်ဘာလ ၁၆ ရက်နေ့က လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် မြေပြိုရာသို့ ကယ်ဆယ်ရေးသွားပြီး အပြန် ဂေါ့အင်းရွာ၊ ကြယ်တောင်အနီးတွင် ဦးနိုင်မျိုးသွင်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ၁၁ ရက်ကြာ ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး ငါးရက်အကြာတွင် ဇမ္ဗူသီရိအရေးပေါ် လူနာကူညီရေးအသင်းအဖွဲ့၏ တာဝန်များမှ နုတ်ထွက် အနားယူလိုက်ခြင်းဖြစ်သည်။ ဦးနိုင်မျိုးသွင်သည် ထားဝယ်ခရိုင်အတွင်းရှိ […]


