လက်နက်ကြီးပစ်ခတ်မှုကြောင့် လောင်းလုံးရှိ ကျေးရွာခြောက်ရွာက ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ
Dawei Watch
July 14, 2023လက်နက်ကြီးပစ်ခတ်မှုကြောင့် လောင်းလုံးမြို့နယ်ရှိ အနည်းဆုံး ကျေးရွာခြောက်ရွာက ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံအချို့က ပြောသည်။ ဇူလိုင်လ ၁၂ ရက် နံနက် ၉ နာရီခန့်က လောင်းလုံးမြို့နယ် နခံတောကျေးရွာ ရပ်ခံတောင်ဘုရားကုန်းပေါ် တပ်လာစွဲ သည့် စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည်မှာ ၃ ရက် ရှိပြီ ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် ဇဟာရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ်ရင်း (၃၀၂) ကလည်း ထိန်တွင်း၊ ခမောင်းတောင်ဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောဆိုသည်။ လက်နက်ကြီးကျည်များမှာ ခမောင်းတောင်၊ ထိန်တွင်း၊ စခန်းကြီး၊ မဲအုံနှောက် ကျေးရွာများဘက်ကို ကျရောက် ပေါက်ကွဲမှုရှိနေကြောင်း ဒေသခံများက ဆိုသည်။ “ရွာထဲမှာ လူကို မရှိကြတော့ဘူး။ […]


