ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေးတွင် ရဲအုပ်တစ်ဦး ပစ်သတ်ခံရ

Dawei Watch

September 18, 2023

မွန်ပြည်နယ်၊ ရေးမြို့၊ အောင်သုခရပ်ကွက်တွင် စစ်ကောင်စီ ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံများထံမှ သိရသည်။ ယနေ့(စက်တင်ဘာ ၁၈) နံနက် ၁၁ နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့နယ် ရဲသတင်းတပ်ဖွဲ့ တပ်ဖွဲ့စု (၁၁) မှ တာဝန်ခံရဲအုပ် မြင့်လွင်သည် အောင်သုခရပ်ကွက်အတွင်းမှ ကားဖြင့် တစ်ဦးတည်း မောင်းထွက်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ရဲအုပ်မြင့်လွင်ကို ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ဟု မြို့ခံrsများထံမှ သိရသည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရဲအုပ်မြင့်လွင်သည် ယာဘက်နားထင် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်ဟု သိရသည်။ “သေနတ်သမား နှစ်ဦး ဆိုင်ကယ်နဲ့ လာပြီး ပစ်သွားတာ။ နားထင်ကနေ ကျည်ဖောက်ဝင် ပွင့်ထွက်သွားတဲ့ဒဏ်ရာနဲ့ သေသွားတယ်။ ဘယ်အဖွဲ့အစည်းက လုပ်တာလဲတော့ မသိဘူး” ဟု […]

ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

Dawei Watch

September 18, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းမတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။ နံနက် ၅ နာရီအချိန်ခန့်တွင် အဝေးပြေးရဲတပ်ဖွဲ့များက မြို့အတွင်းရှိ ဝမ်းဒေါင်းဒေသတွင် ကင်းလှည့်နေစဉ် ပုံမှန်အလေးချိန်ထက် ပိုတင်လာသော ပစ်ကပ်ကားတစ်စီးမောင်းလာသဖြင့် စစ်ဆေးရန် ရပ်ခိုင်းခဲ့သည်။ သို့သော်လည်း ပစ်ကပ်ကားသည် ဘရိတ်အုပ်ကာ ရုတ်တရက်အရှိန်လျှော့ခဲ့ပြီး လမ်းကို U turn ပြန်ကွေ့ကာ မောင်းပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။ နောက် ရဲတပ်ဖွဲ့ကလည်း နောက်မှလိုက်လံ စစ်ဆေးစဉ် ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများတွင် တရားဝင် စာရွက်စာတမ်းများနှင့် နိုင်ငံကူးလက်မှတ်များကို မတွေ့ရှိရကြောင်း ဖော်ပြထားသည်။ […]

မြိတ်တွင် ကုန်တင်လှေတစ်စီးမီးလောင်

Dawei Watch

September 18, 2023

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာရွာ(ချောင်းတခင်း)ရှိ လှေဒေါက်လွန်းကျင်းတွင် ယနေ့ (စက်တင်ဘာ ၁၈) မနက် ရှစ်နာရီခွဲအချိန်ခန့်က ကုန်တင်လှေတစ်စီးမီးလောင်သဖြင့် ကျပ်သိန်းခုနှစ်ဆယ်ခန့် ဆုံးရှုံးခဲ့ရကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။ “မီးလောင်တာက အဝေးကြည့်ရင်ကြောက်ဖို့ကောင်းတယ်၊ မီးခိုးလုံးကြီးတွေ တက်နေတာကိုး” ဟု လှေဒေါက်လွန်းကျင်းရှိ အလုပ်သမားတစ်ဦးက ပြောသည်။ အဆိုပါ လှေဒေါက်လွန်းကျင်းရှိ အလျား ၁၉၈ ပေ၊ အနံ ၃၀ ပေ၊ ရေစူး(အနက်) ၁၄ ပေရှိ MV ရွှေဝတီ(သံခွံ)ကုန်တင်လှေ၏ သံထည်အား ဖြတ်‌တောက်နေစဉ် မီးပွားတို့သည် အင်ဂျင်ခန်းရှိ ဆီချိုး(ဆီချေး)များသို့ ကူးစက်ပြီး မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်‌ဦးစီးဌာနမှ သိရသည်။ ယင်းကဲ့သို့ ကူးစက်လောင်ကျွမ်းခဲ့သဖြင့် အင်ဂျင်စက် သုံးလုံး၊ မီးစက် နှစ်လုံး၊ ဆီကန်တစ်ခု၊ စက်ခန်းတစ်ခုလုံးအပြင် စက်ခန်း၏ အပေါ်ပိုင်းတို့ မီးလောင်ပျက်စီးခဲ့သဖြင့် ကျပ်သိန်းခုနှစ်ဆယ်ခန့် ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဌာနမှ […]

ပုလောနှစ်ရက်တာ တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံး

Dawei Watch

September 18, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ လက္ကူးကျေးရွာတွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲအတွင်း အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း(၁) ၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။ စက်တင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် စစ်ကြောင်းထိုးလာပြီး လက္ကူးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် နှစ်ရက်အတွင်း အကြိမ်ကြိမ်အနီးကပ် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲပထမရက်တွင် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးခဲ့ပြီး ဒုတိယနေ့တွင် ၁ ဦးထပ်မံသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရသိရသည်။ သို့သော် ယင်းအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။ တိုက်ပွဲအတွင်း လက္ကူးရွာမှ နေအိမ် ၁၂ လုံးကို စစ်ကောင်စီတပ်မှ မီးရှို့ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ရှိရာသို့ တိုတောင်နှင့် ပင်လယ်ဝရှိစစ်သင်္ဘောများမှ လက်နက်ကြီးများဖြင့်  အကြိမ်များစွာပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တစ်မနက်တည်းကို အလုံးရှစ်ဆယ်လောက်ပစ်တယ်။ ကုန်းရော ပင်လယ်ထဲကပါညှပ်ပစ်တယ်”ဟု ဒေသခံအမျိုးသားကပြောသည်။ လက်နက်ကြီး နေအိမ်ပေါ်ကျရောက်ပေါက်ကွဲမှုကြောင့် […]

ပုလောမြဒေါင်ရွာမှ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

Dawei Watch

September 18, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြဒေါင်(မဒေါင်)ကျေးရွာမှ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံများ ထံမှသိရသည်။ လက္ကူးရွာဘက်မှ မြဒေါင်ရွာဘက်သို့ စစ်ကြောင်း ပြန်ဆုတ်လာသည့် စစ်ကောင်စီတပ်သည် ယနေ့နေ့လယ်ပိုင်းက မြဒေါင်ရွာရှိနေအိမ် အချို့ကို မီးတင်ရှို့ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “လေးလုံးရှို့လိုက်တယ်လို့ စရှို့ချိန်ကကြားရတယ်။ နောက်ထပ် ဘယ်လောက်ထပ်ရှို့လည်း ဆိုတာတော့ အတိအကျမသိရသေးဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။ တိုက်ပွဲဖြစ်ပွားသံကြားရခြင်းမရှိသော်လည်း မြဒေါင်ရွာဘက်မှ မီးခိုးလုံးများ အများအပြား တက်လာသည်ကို မြင်တွေ့ရသည်ဟု ဒေသခံများ ကပြောသည်။ “မဒေါင်ရွာမီးရှို့ခံရတာက အမှန်ပါပဲ။ ဘယ်နှစ်ဆောင်ဆိုတာ မေးမရသေးဘူး။ ဖုန်းလိုင်းလည်းမကောင်း လူတွေလည်း ထွက်ပြေးနေကြရတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ စစ်ကောင်စီတပ်က စက်တင်ဘာ ၁၅ ရက်နေ့နှင့် ၁၆ ရက်များတွင် လက္ကူးကျေးရွာမှ နေအိမ် ၁၂လုံး ခန့်ကို မီးရှို့ခဲ့ပြီး မနေ့ကလည်း ပြင်းဖြူရွာက […]

ကျောက်ရပ်ရွာသားတစ်ဦး ဖမ်းခံရပြီး တစ်ပတ်ကြာအထိအဆက်သွယ်မရသေး

Dawei Watch

September 18, 2023

ထားဝယ်မြို့နယ်၊ ကျောက်ရပ်ရွာတွင် အသက် ၄၅ နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသားတစ်ဦး စက်တင်ဘာလ ၁၂ ရက်ညကတည်းက အဖမ်းခံရပြီး တစ်ပတ်ကြာသည်အထိ ပြန်မလွတ်လာသေးကြောင်း ရွာသားများက ပြောသည်။ အဖမ်းခံရသူမှာ ဦးမျိုးဝင်းဆိုသူဖြစ်ပြီး ၎င်းကို ကျောက်ရပ် ရွာလယ်ဇရပ်တွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ ဦးမျိုးဝင်းသည် ယခင်က ဆံသလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီး ဇနီးဖြစ်သူမှာလည်း CDM ပြုလုပ်ထားသည့် သားဖွားဆရာမဖြစ်ကြောင်း ဒေသခံရွာသားတို့ကထံမှ သိရသည်။  စက်တင်ဘာလ ၁၂ ရက် ညက ကျောက်ရပ်ရွာတွင် နေအိမ်အချို့ကို ပျူစောထီးအဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့ ကြောင်း ဒေသခံတို့က ပြောဆိုသည်။  “ဦးမျိုးဝင်းက မိသားစုနဲ့လည်း အဆက်သွယ်ပြတ်နေတယ်။ တစ်ပတ်ကြာတဲ့အထိ ဘာမှပြန်မကြားရသေးဘူး” ဟု ကျောက်ရပ်ရွာသားတစ်ဦးက ပြောသည်။ ဩဂုတ်လ ၃၁ ရက်တွင် ကျောက်ရပ်ရွာက […]

မြိတ်လှေဒေါက်လွန်းကျင်းတွင် မီးလောင်

Dawei Watch

September 18, 2023

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု ကမ်းသာယာရွာ(ချောင်းတခင်း)ရှိ လှေဒေါက်လွန်းကျင်းတွင် ယနေ့ စက်တင်ဘာလ ၁၈ ရက် နံနက် ၈နာရီခွဲခန့်က မီးလောင်ကြောင်း ယင်းရွာနေသူအချို့က ပြောသည်။ လှေဒေါက်တင်ထားသည့် သံခွံလှေတစ်စီး၏ ပဲ့ပိုင်းတွင် မီးလောင်ခြင်းဖြစ်ကြာင်း ရွာသားအချို့က ဆိုသည်။ မီးလောင်မှုအား မြိတ်မြို့နယ်မီးသတ်ဌာနမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် မီးငြှိမ်းသတ်နေဆဲဖြစ်ပြီးမီးလောင်သည့်အကြောင်းအရင်းအား မသိရှိရသေးပေ။

ဇမ္ဗူသီရိအဖွဲ့ခေါင်းဆောင် ဦးနိုင်မျိုးသွင်ကို LPDF အဖွဲ့တစ်ခုကဖမ်းဆီး၊ ပြန်လွှတ်ပေးရန် ပအဖညှိနှိုင်း

Dawei Watch

September 17, 2023

ထားဝယ်မြို့အခြေစိုက် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ဇမ္ဗူသီရိအဖွဲ့တည်ထောင်သူ ဦးနိုင်မျိုးသွင်ကို ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းဆီးသွားကြောင်း ယင်းတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။ လောင်းလုံးမြို့နယ် ကျောက်နီမော်ရွာတွင် မြေပြိုမှုအတွက် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်ပြီး အရေးပေါ်ကားများဖြင့် ပြန်လာချိန် ညင်းမော်ရွာဆီအုန်းတောအနီး(ကြယ်တောင်) ရောက်ချိန်တွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ “အရေးပေါ်ကားတွေကို လမ်းမှာတားပြီး ကိုနိုင်မျိုးသွင်ကို စစ်ဆေးစရာရှိလို့ဆိုပြီး အေးအေးဆေးဆေး ရယ်ရယ်မောမောပဲ ပြောပြီးခေါ်သွားတာ။ မှည့်တစ်ပေါက် မစွန်းစေရဘူးလို့လည်း ပြောသွားတယ်” ဟု ဇမ္ဗူသီရိနှင့် နီးစပ်သူက ပြောသည်။ ထိုသို့ ဖမ်းဆီးသွားပြီးနောက် စက်တင်ဘာလ ၁၇ ရက်နေ့နံနက်တွင်မူ ဦးနိုင်မျိုးသွင်က ၎င်း၏ဇနီးဖြစ်သူထံ ဖုန်းဆက်လာကြောင်း အထက်ပါ နီးစပ်သူက ဆိုသည်။ “သူ့မိန်းမဆီ ဖုန်းဆက်ပြီး အားလုံးအဆင်ပြေတယ်။ အားလုံးအေးဆေးပဲလို့ ပြောတယ်” ဟု ၎င်းက ပြောသည်။ ဇမ္ဗူသီရိအဖွဲ့သည် ထားဝယ်ခရိုင်အတွင်း […]