BREAKING
May 28, 2024

အမျိုးသမီး/လူငယ်

နိုင်ငံမဲ့ဘဝရောက်လာနိုင်သော ထိုင်းရောက်မြန်မာကလေးများ

Dawei Watch

February 19, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာအလုပ်သမားအများစုသည် အလုပ်လုပ်ကိုင်ရာ စက်ရုံများနှင့် မနီးမဝေးနေရာများတွင် အခန်းကျဥ်းလေးများကို ငှားရမ်းနေထိုင်ကြရသည်။ ထိုအခန်းကျဉ်းလေးမှာ သူတို့အတွက် အိပ်စရာ၊ စားရာနှင့်ကလေးများကစားရာ တစ်ခုတည်းသော နေရာလေးဖြစ်သည်။ မြန်မာအလုပ်သမား မိသားစုများမှာ ပင်ပန်းဆင်းရဲခံပြီး ယခုလိုနေရာမျိုးတွင် နေထိုင်ကြခြင်းမှာ သားသမီးများနှင့် သူတို့ဘဝရှေ့ရေးအတွက် မျှော်လင့်ချက်များကြောင့်ပင်။ သို့သော် ယခုကြုံနေရသောထိုင်းနိုင်ငံ၏ အခြေအနေများကြောင့် သူတို့ကလေးများမှာ နိုင်ငံမဲ့ဘဝရောက်ရမည့် အဖြစ်ဆိုးကို ကြုံတွေ့နေကြရပြီဖြစ်သည်။ ထိုမိသားစုများတွင် စောဝင်း (အမည်လွှဲ)တို့ မိသားစုလည်းပါဝင်သည်။ ကလေးအကြီး အမြွှာနှစ်ဦးတွင် ထိုင်းအစိုးရက ထုတ်ပေးထားသော မွေးစာရင်းရှိနေပြီးဖြစ်သဖြင့် ကလေးကျောင်းတက်ရေးနှင့် ကျန်းမာရေးအတွက် မပူပန်ရသော်လည်း အငယ်ဆုံးသမီးလေးတွင် စမွန်စခွန်ခရိုင်ရုံးက မွေးစာရင်းထုတ်ပေးထားခြင်း မရှိသေးသဖြင့် အသက် ၃ နှစ်အရွယ်အထိ နိုင်ငံမဲ့ ကလေးငယ် ဖြစ်နေဆဲပင်။ လက်ရှိတွင် ထိုင်းရောက် ရွှေ့ပြောင်းကလေးများ […]

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက ကလေးငယ်တစ်ဦး မိုင်းနင်းမိ

Dawei Watch

February 16, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိသည်ဟု ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် အိမ်နှင့်ကပ်နေသည့် ရော်ဘာခြံတွင်း ကစားနေစဉ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်သွားသည်ဟု ဒေသခံအချို့က ပြောသည်။ “ပုံထဲမှာတွေ့တာတော့ ညာဖက်ခြေထောက်ထင်တယ်၊ ဒူးအောက်ကနေပြတ်ထွက်သွားတယ်၊ ကိုယ်မှာလည်း ကျည်စ စင်ထားတာတွေအများကြီးပဲ၊ ထားဝယ်ဆေးရုံကြီးကိုတင်ထားတယ်လို့ ကြားတယ်၊ အဲ့ဒီလမ်းကနေ စစ်တပ်သွားခဲ့တယ်ဆိုတော့ စစ်တပ်ကထောင်ခဲ့တဲ့မိုင်းလို့တော့ ပြောနေကြတယ်” ဟုကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ရော်ဘာခြစ်သွားရင်း ပန်းတော့ရွာနှင့် ကျောက်လှေကားရွာကြားတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေဖဝါးတစ်ပိုင်းပြတ်ထွက် ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “အဲ့လိုဖြစ်နေတော့ ဒေသခံတွေ ဥယာဉ်ခြံထဲမသွားရဲကြတော့ဘူး။ […]

အသက် ၁၅ နှစ်အရွယ်သမီးကို လိင်လုပ်သားအဖြစ် စေခိုင်းသည့် မြန်မာမိခင်ကို ထိုင်းရဲဖမ်းဆီး

Dawei Watch

September 21, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း စရာဘူရီခရိုင်တွင် အသက် ၁၅ နှစ်အရွယ် သမီးကို လိင်လုပ်သားအဖြစ် အတင်းအကျပ်စေခိုင်းခဲ့သော မြန်မာနိုင်ငံသားမိခင်ကို ထိုင်းရဲကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို မြန်မာအလုပ်သမား မိခင်အရင်းကိုယ်တိုင်က လိင်လုပ်သားအဖြစ် အဓမ္မစေခိုင်းခဲ့သဖြင့် ထိုင်းနိုင်ငံသား ဖခင်ဖြစ်သူနှင့် ကျောင်းဆရာများက စရာဘူရီရဲစခန်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မိခင်ဖြစ်သူသည် နာမည်ကြီး တည်းခိုခန်းတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားဖြစ်ပြီး ထိုင်းနိုင်ငံသားနှင့် ကွာရှင်း၍ သမီးဖြစ်သူနှင့် အတူနေထိုင်နေခြင်းဖြစ်သည်။ မိခင်က သမီးဖြစ်သူကို လိင်လုပ်သားအဖြစ် လုပ်ကိုင်ရန် ၂၀၂၂ ခုနှစ်ကတည်းက စတင်အတင်းအကျပ် စေခိုင်းခဲ့ကြောင်း သမီးက ရဲတပ်ဖွဲ့သို့ ပြောကြားသည်။ ယင်းအချိန်တွင် […]

လောင်းလုံးတွင် ပျောက်ဆုံးနေသည့်ကလေးငယ်ကို တောထဲတွင် အသက်ရှင်လျက်ပြန်တွေ့

Dawei Watch

September 9, 2023

လောင်းလုံးမြို့၊ (က) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့က နေအိမ်မှ ပျောက်ဆုံးသွားသည့် ကလေးငယ်ကို အသက်ရှင်လျက်ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ကလေးပျောက်ဆုံးချိန်ကစပြီး ရပ်ကွက်သူ၊ ရပ်ကွက်သားများနှင့် မြို့ခံပရဟိတလူငယ်များ ပူးပေါင်းရှာဖွေခဲ့ရာ တစ်ရက်အကြာ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်တွင် ပြန်လည်ရှာဖွေတွေ့ရှိကြောင်း ရှာဖွေကူညီသူများက ပြောသည်။ နေအိမ်မှ ၇ မိုင်ခန့်အကွာ ဒေသအခေါ် ရှစ်ငါးပင်တောင်ခြေရှိ ကျောက်ဖျာပေါ် ထိုင်လျက်တွေ့ရှိရခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့ တာဝန်ယူသူတစ်ဦးက ဆိုသည်။ “တောနက်ကြီးထဲမှာ ပြန်တွေ့တယ်။ ပြင်ပဒဏ်ရာ ဘာမှမရှိပါဘူး။ တော်တော် ထူးဆန်းတယ်” ဟု ၎င်းက ပြောဆိုသည်။ ကလေးငယ်မှာ လမ်းလျှောက်တစ်ခါစ အသက် တစ်နှစ်နှင့် ရှစ်လအရွယ်ဖြစ်ပြီး စက်တင်ဘာလ […]

လောင်းလုံးတွင် လမ်းလျှောက်တက်စ ကလေးငယ်တစ်ဦး ပျောက်ဆုံး

Dawei Watch

September 9, 2023

လောင်းလုံးမြို့၊ (က) ရပ်ကွက်တွင် စက်တင်ဘာလ ၈ ရက်နေ့က အသက် ၁ နှစ် ၈ လအရွယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း ကလေးငယ်ကို ကူညီရှာဖွေပေးနေသူများက ပြောသည်။ မခြူးခြူး အမည်ရှိ ကလေးငယ်သည် စက်တင်ဘာလ ၈ရက် ဥပုသ်နေ့က အဖွားဖြစ်သူ ဘုန်းကြီးကျောင်း သွားရောက် နေစဉ် ပုခက်အတွင်း အိပ်နေခဲ့ပြီးနောက် ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း ကူညီရှာဖွေပေးနေသူတစ်ဦးက ဆိုသည်။ “ကလေးက ပုခက်ထဲမှာ အိပ်ခိုင်းထားတယ်လို့ပြောတယ်။ သူအဖိုးက အနီးအနား ထင်းရှာသွားရာက ပြန်လာတာနဲ့ ကလေးက ပုခက်ထဲမှာ မရှိတော့ဘူး။ ကလေးက လမ်းလျှောက်တက်ခါစလေးပါ” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါကလေးငယ်မှာ လောင်းလုံးမြို့၊ ထိန်သစ် (က)ရပ်ကွက်၊ ကြက်ဥတောင်ဘုရားလမ်း၊ ဘုရားတောင်မုခ်ဦးအနီး အဘိုး ဦးစိုးအို၊ အဘွား […]

တော်လှန်မြေက ပွင့်တဲ့ပန်းတွေ

Dawei Watch

August 24, 2023

စပိန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဒါဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ချန်ပီယံအသင်းသစ်တစ်သင်း ထွက်ပေါ်လာတာပါပဲ။ စပိန်ဘောလုံးလောကအတွက်လည်း ဒါက သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားနဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုလုံးမှာ ချန်ပီယံဖြစ်တဲ့အသင်းဆိုလို့ အခုအချိန်အထိ စပိန် အပါအဝင် နှစ်သင်းတည်းသာ ရှိသေးလို့ပါပဲ။ ဒီနေရာမှာ ထူးခြားလှတဲ့ တိုက်ဆိုင်မှုတစ်ခု ရှိလို့နေပါတယ်။ အဲ့ဒါကတော့ စပိန်အမျိုးသားအသင်းရော အမျိုးသမီးအသင်းရော ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ရာမှာ ဘာစီလိုနာကစားသမားတွေက အဓိကကျခဲ့လို့ပါပဲ။ တကယ်တော့ စပိန်တွေအတွက် ကတ်တလန်ဆိုတာ သူပုန်မြေပါ။ အခုတော့ တော်လှန်မြေက ပန်းတွေပွင့်ခဲ့ပါပြီ။ သမိုင်းမှန်ဆိုတာ ဖျောက်ဖျက်ပစ်လို့ မရနိုင်တာကြောင့် စပိန်နဲ့ ကမ္ဘာ့ဖလား ကံစပ်မှုကို ပြောတဲ့အချိန်တိုင်းမှာ ဘာစီလိုနာနဲ့ ကတ်တလန်မြေအကြောင်းကို စပိန်ကွန်ဆာဗေးတစ်တွေ ထည့်ပြောရပါတော့မယ်။ ဒါဟာ အသံတိတ်အောင်ပွဲပါပဲ။ တော်လှန်သူတွေရဲ့အောင်ပွဲဟာ ကမ္ဘာနဲ့ချီပြီး သမိုင်းမှာ ကျန်နေရစ်ခဲ့ပြီပဲဖြစ်ပါတယ်။