တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
July 1, 2023မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇွန်လ ၂၅ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ မြန်မာတွင် ဒေါ်လာသန်းတစ်ရာကျော်ထုတ်ချေးထားတဲ့ အသေးစားငွေချေးလုပ်ငန်း PGMF ထွက်ခွာ မြန်မာနိုင်ငံမှာ ချေးငွေ အမေရိကန်ဒေါ်လာသန်း ၁၅၀ ကျော် ထုတ်ချေးထားတဲ့ အသေးစားငွေချေးလုပ်ငန်းဖြစ်တဲ့ PGMF ဟာ ဇွန်လ ၃၀ နောက်ပိုင်းမှာ လုပ်ငန်းရပ်ဆိုင်းပြီး မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ ပြည်သူ ရှစ်သိန်းကိုးသောင်းဆီ ထုတ်ချေးထားတဲ့ ဒေါ်လာ ၁၅၆သန်းကို လျှော်ပစ်ပြီး လုပ်ငန်းပိတ်သိမ်းတော့မယ်လို့ Pact Global Microfinance Fund (PGMF) က ဇွန်လ ၂၆ရက်နေ့မှာ ကြေညာပါတယ်။ အဖွဲ့အစည်းရဲ့ အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုအားလုံးကို အနာဂတ်မှာ လွှဲပြောင်းပေးဖို့ […]


