ရန်ကုန်-ထားဝယ်ကားလမ်း ညပိုင်းသွားလာခြင်းမပြုရန် ပကဖထုတ်ပြန်
Dawei Watch
September 8, 2023အမှတ် ၈ ပြည်ထောင်စုကားလမ်းမ ၊ ရန်ကုန်-ထားဝယ် အဝေးပြေးကားလမ်းမနှင့် ထားဝယ်ခရိုင်အတွင်းရှိ အဝေးပြေးလမ်းများတွင် ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ ညပိုင်း ခရီးသွားလာခြင်းမပြုကြရန် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ရေဖြူပကဖ) က စက်တင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။ အလားတူ ဩဂုတ်လ ၃၁ ရက်ကလည်း ထားဝယ်-ရန်ကုန်လမ်းပိုင်းတွင် ညပိုင်းသွားလာခြင်း မပြုကြရန် ထားဝယ်ခရိုင် ပြည်သူကာကွယ်ရေးတပ်မတော် ၊ အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းလမ်းပိုင်းများတွင် ပြည်သူ့ကာကွယ်ရေး တပ်များ၏ စစ်ဆေးခြင်းကို လက်ခံပေးကြရန် နှင့် စစ်ကောင်စီတပ်ဖွဲ့ကားများနှင့် အနီးကပ်မောင်းနှင်ခြင်းမပြုရန် စသည့်အချက်များလည်း အဆိုပါထုတ်ပြန်ချက်များတွင် ပါဝင်သည်။ “ပြည်သူတွေ ထိခိုက်နစ်နာမှာကို ကျွန်တော်တို့ လုံးဝ မလိုလားပါဘူး။ ကျွန်တော်တို့ရဲ့ ကြေညာချက်အပေါ် လိုက်နာဆောင်ရွက် […]


